ဂျူဗင်တပ်ဥက္ကဌအက်ဂနယ်လီနှင့်ဒုဥက္ကဌနက်ဗက်အပါအဝင် ဂျူဗင်တပ်ဘုတ်အဖွဲ့တစ်ခုလုံး နုတ်ထွက်

ဂျူဗင်တပ်ဘုတ်အဖွဲ့တစ်ခုလုံးဟာ၎င်းတို့ရဲ့ရာထူးမှအသီးသီးနုတ်ထွက်လာကြပါတယ်။

ဥက္ကဌအင်ဒရေအက်ဂနယ်လီ၊ဒုဥက္ကဌပေဗယ်နက်ဗက်အပါအဝင်ဂျူဗင်တပ်ဘုတ်အဖွဲ့တွင်ပါဝင်ကြသူများအားလုံးနုတ်ထွက်လာတာလည်းဖြစ်ပါတယ်။

အက်ဂနယ်လီဟာတနင်္လာနေ့တုန်းကဘုတ်အဖွဲ့အစည်းအဝေးပွဲအပြီးတွင်၁၂နှစ်ကြာတာဝန်ထမ်းဆောင်လာတဲ့ဥက္ကဌရာထူးမှနုတ်ထွက်လာပါတယ်။

ဒါ့အပြင်မန်နေဂျင်းဒါရိုက်တာမူရီဇီယိုအာရီဗာဘီနီမှာလည်းနုတ်ထွက်ခဲ့ပေမဲ့ဘုတ်အဖွဲ့သစ်ဖွဲ့စည်းပြီးတဲ့အထိအုပ်ချုပ်သွားဦးမှာဖြစ်ပါတယ်။

၎င်းတို့အပြင်အခြားဘုတ်အဖွဲ့ဝင်များဖြစ်ကြတဲ့လောရင့်ဒီဘရောက်စ်၊မက်ဆီမိုဒယ်လာရာဂျီယိုနီ၊ကက်သရင်းဖန့်၊ဒါနီလာမာရီလန်ဂို၊ဖရန်ဆစ္စကိုရွန်ကာဂလီယို၊ဂျော်ဂျီယိုတာချီယာ၊ဆူဇန်နီဟေးဝုဒ်တို့မှာလည်းနုတ်ထွက်ခဲ့ကြပါတယ်။

ဂျူဗင်တပ်ဘုတ်အဖွဲ့ဝင်သစ်ကိုလာမယ့်လများအတွင်းမှာခန့်အပ်လာမှာဖြစ်ပြီးဂျူဗင်တပ်ဟာကလပ်ကိုပြန်လည်တည်ဆောက်လိုမှုနှင့်အတူအပြောင်းအလဲပြုလုပ်လာတာလည်းဖြစ်ပါတယ်။

စီးရီးအေဖလား၃၆ကြိမ်ရဂျူဗင်တပ်ဟာ၂၀၂၁-၂၂ရာသီတွင်ပေါင်သန်း၂၂၀အထိစံချိန်တင်အရှုံးပေါ်ခဲ့ပါတယ်။

ဂျူဗင်တပ်ဟာရာသီအစအထိနှေးခဲ့ပေမဲ့ကမ္ဘာ့ဖလားမတိုင်မီစီးရီးအေခြောက်ပွဲဆက်ပြန်လည်အနိုင်ရရှိခဲ့ပြီးအမှတ်ပေးဇယားအဆင့်၃သို့အထိတက်လှမ်းနိုင်ခဲ့ပါတယ်။ဒါပေမဲ့၎င်းတို့ဟာချန်ပီယံလိဂ်မှထွက်ခွာထားရပြီးဖြစ်ပါတယ်။

ဂျူဗင်တပ်ဘုတ်အဖွဲ့ဝင်များကအသင်းကိုပြန်လည်တည်ဆောက်လိုမှုကြောင့်နုတ်ထွက်လိုက်ခြင်းလို့ဆိုထားပေမဲ့၎င်းတို့ဟာကိုဗစ်ကာလတုန်းက စာရင်းအင်းအမှားပြမှုကြောင့်စစ်ဆေးခြင်းခံရမှုနှင့်အတူနုတ်ထွက်လာတာလို့ယူဆရပါတယ်။

တူရင်မှအစိုးရရှေ့နေကဂျူဗင်တပ်ဟာ၂၀၁၈ခုနှစ်မှ၂၀၂၀ခုနှစ်အတွင်းတွင်ကစားသမားများ၊အေးဂျင့်များကိုပေးရမှုနှင့်ပတ်သက်ပြီးစာရင်းအမှားများတင်ပြခဲ့ကြောင်းစွပ်စွဲထားပါတယ်။

ZawGyi

ဂ်ဴဗင္တပ္ဥကၠဌအက္ဂနယ္လီႏွင့္ဒုဥကၠဌနက္ဗက္အပါအဝင္ ဂ်ဴဗင္တပ္ဘုတ္အဖြဲ႕တစ္ခုလုံး ႏုတ္ထြက္

ဂ်ဴဗင္တပ္ဘုတ္အဖြဲ႕တစ္ခုလုံးဟာ၎တို႔ရဲ႕ရာထူးမွအသီးသီးႏုတ္ထြက္လာၾကပါတယ္။

ဥကၠဌအင္ဒေရအက္ဂနယ္လီ၊ဒုဥကၠဌေပဗယ္နက္ဗက္အပါအဝင္ဂ်ဴဗင္တပ္ဘုတ္အဖြဲ႕တြင္ပါဝင္ၾကသူမ်ားအားလုံးႏုတ္ထြက္လာတာလည္းျဖစ္ပါတယ္။

အက္ဂနယ္လီဟာတနလၤာေန႔တုန္းကဘုတ္အဖြဲ႕အစည္းအေဝးပြဲအၿပီးတြင္၁၂ႏွစ္ၾကာတာဝန္ထမ္းေဆာင္လာတဲ့ဥကၠဌရာထူးမွႏုတ္ထြက္လာပါတယ္။

ဒါ့အျပင္မန္ေနဂ်င္းဒါ႐ိုက္တာမူရီဇီယိုအာရီဗာဘီနီမွာလည္းႏုတ္ထြက္ခဲ့ေပမဲ့ဘုတ္အဖြဲ႕သစ္ဖြဲ႕စည္းၿပီးတဲ့အထိအုပ္ခ်ဳပ္သြားဦးမွာျဖစ္ပါတယ္။

၎တို႔အျပင္အျခားဘုတ္အဖြဲ႕ဝင္မ်ားျဖစ္ၾကတဲ့ေလာရင့္ဒီဘေရာက္စ္၊မက္ဆီမိုဒယ္လာရာဂ်ီယိုနီ၊ကက္သရင္းဖန႔္၊ဒါနီလာမာရီလန္ဂို၊ဖရန္ဆစၥကို႐ြန္ကာဂလီယို၊ေဂ်ာ္ဂ်ီယိုတာခ်ီယာ၊ဆူဇန္နီေဟးဝုဒ္တို႔မွာလည္းႏုတ္ထြက္ခဲ့ၾကပါတယ္။

ဂ်ဴဗင္တပ္ဘုတ္အဖြဲ႕ဝင္သစ္ကိုလာမယ့္လမ်ားအတြင္းမွာခန႔္အပ္လာမွာျဖစ္ၿပီးဂ်ဴဗင္တပ္ဟာကလပ္ကိုျပန္လည္တည္ေဆာက္လိုမႈႏွင့္အတူအေျပာင္းအလဲျပဳလုပ္လာတာလည္းျဖစ္ပါတယ္။

စီးရီးေအဖလား၃၆ႀကိမ္ရဂ်ဴဗင္တပ္ဟာ၂၀၂၁-၂၂ရာသီတြင္ေပါင္သန္း၂၂၀အထိစံခ်ိန္တင္အရႈံးေပၚခဲ့ပါတယ္။

ဂ်ဴဗင္တပ္ဟာရာသီအစအထိေႏွးခဲ့ေပမဲ့ကမာၻ႔ဖလားမတိုင္မီစီးရီးေအေျခာက္ပြဲဆက္ျပန္လည္အႏိုင္ရရွိခဲ့ၿပီးအမွတ္ေပးဇယားအဆင့္၃သို႔အထိတက္လွမ္းႏိုင္ခဲ့ပါတယ္။ဒါေပမဲ့၎တို႔ဟာခ်န္ပီယံလိဂ္မွထြက္ခြာထားရၿပီးျဖစ္ပါတယ္။

ဂ်ဴဗင္တပ္ဘုတ္အဖြဲ႕ဝင္မ်ားကအသင္းကိုျပန္လည္တည္ေဆာက္လိုမႈေၾကာင့္ႏုတ္ထြက္လိုက္ျခင္းလို႔ဆိုထားေပမဲ့၎တို႔ဟာကိုဗစ္ကာလတုန္းက စာရင္းအင္းအမွားျပမႈေၾကာင့္စစ္ေဆးျခင္းခံရမႈႏွင့္အတူႏုတ္ထြက္လာတာလို႔ယူဆရပါတယ္။

တူရင္မွအစိုးရေရွ႕ေနကဂ်ဴဗင္တပ္ဟာ၂၀၁၈ခုႏွစ္မွ၂၀၂၀ခုႏွစ္အတြင္းတြင္ကစားသမားမ်ား၊ေအးဂ်င့္မ်ားကိုေပးရမႈႏွင့္ပတ္သက္ၿပီးစာရင္းအမွားမ်ားတင္ျပခဲ့ေၾကာင္းစြပ္စြဲထားပါတယ္။