ဂျူဗင်တပ်၊မန်ယူတို့နှင့်အရေးပါတဲ့ပွဲမတိုင်မီ လေ့ကျင့်ခန်းပြန်ဆင်းလာနိုင်တဲ့ လူကာကူ

ရိုမဲလူလူကာကူဟာဒဏ်ရာမှပြန်လည်ကောင်းမွန်ကာအသင်းနှင့်အတူလေ့ကျင့်ခန်းပြန်ဆင်းလာနိုင်ပြီဖြစ်ကြောင်းသိရပါတယ်။

ပေါင်၉၇.၅သန်းတန်တိုက်စစ်မှူးဟာပြီးခဲ့တဲ့လတုန်းကမယ်လ်မိုနှင့်ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွင်ခြေသလုံးဒဏ်ရာရရှိပြီးနောက်အနားယူလာခဲ့ရသူဖြစ်ပါတယ်။

သူဟာချဲလ်ဆီးအသင်းနှင့်အတူလေ့ကျင့်ခန်းပြန်ဆင်းလာနိုင်မှုနဲ့အတူ စနေနေ့တွင်လက်စတာနှင့်ကစားရမယ့်ပွဲစဉ်တွင်အနည်းဆုံးအရန်အဖြစ်ဝင်ရောက်ကစားလာဖို့ရှိပါတယ်။

တကယ်လို့သူဟာလက်စတာနှင့်ပွဲတွင်ပါဝင်နိုင်ခြင်းမရှိပါကလည်းလာမယ့်အပတ်တွင်ကစားရမယ့်ဂျူဗင်တပ်နှင့်ပွဲနှင့်မန်ယူနှင့်ပွဲစဉ်တို့တွင်ပါဝင်လာဖို့ရှိပါတယ်။

လူကာကူဟာနွေရာသီတွင်အင်တာမီလန်မှအသင်းဟောင်းချဲလ်ဆီးသို့ပြန်ရောက်လာပြီးနောက်ပထမဆုံးလေးပွဲတွင်၄ဂိုးသွင်းယူနိုင်ခဲ့သော်လည်းနောက်ပိုင်းတွင်ဆက်တိုက်ဂိုးပေါက်ပျောက်ခဲ့ပါတယ်။

ZawGyi






လူကာကူဟာနွေရာသီတွင်အင်တာမီလန်မှအသင်းဟောင်းချဲလ်ဆီးသို့ပြန်ရောက်လာပြီးနောက်ပထမဆုံးလေးပွဲတွင်၎ဂိုးသွင်းယူနိုင်ခဲ့သော်လည်းနောက်ပိုင်းတွင်ဆက်တိုက်ဂိုးပေါက်ပျောက်ခဲ့ပါတယ်။