ဂျူဗင်တပ် ကမ္ဘာပျက်မှုအတွက် ခရစ္စတီယာနိုရော်နယ်ဒိုကို ချီရယ်လီနီ လက်ညှိုးထိုးအပြစ်တင်

ဂျူဗင်တပ်ဗဟိုနောက်ခံလူဂျော်ဂျီယိုချီရယ်လီနီကဂျူဗင်တပ်အသင်း ယခုရာသီတွင်ရုန်းကန်နေရမှုအတွက်ခရစ္စတီယာနိုရော်နယ်ဒိုအား လက်ညှိုးထိုးအပြစ်တင်လိုက်ပါတယ်။

ပေါ်တူဂီစူပါစတားဟာအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်တွင်ဂျူဗင်တပ်မှအသင်းဟောင်းမန်ယူသို့ပြောင်းရွှေ့ခဲ့ပါတယ်။ဒါကြောင့်လည်းဂျူဗင်တပ်နည်းပြအယ်လီဂရီနှင့်ဂျူဗင်တပ်ဘုတ်အဖွဲ့ဝင်များဟာခရစ္စတီယာနိုရော်နယ်ဒိုရဲ့နေရာမှာအစားထိုးနိုင်ဖို့ကစားသမားကောင်းရှာဖွေဖို့အချိန်နည်းပါးခဲ့ပါတယ်။

ချီရယ်လီနီကတကယ်လို့များခရစ္စတီယာနိုရော်နယ်ဒိုသာနွေရာသီအစောပိုင်းကတည်းကဂျူဗင်တပ်မှထွက်ခွာရန်တောင်းဆိုပါကအသင်းမှာသူ့နေရာတွင်အစားထိုးနိုင်မယ့်ထိပ်တန်းကစားသမားတစ်ဦးကိုခေါ်ယူလိမ့်မယ်လို့ဆိုသွားပါတယ်။

ဂျူဗင်တပ်ဟာရာသီအစတုန်းကပထမဆုံးငါးပွဲတွင်တစ်ပွဲတည်းသာအနိုင်ရရှိခဲ့တဲ့အထိရုန်းကန်ခဲ့ရပါတယ်။၎င်းတို့ဟာနောက်ပိုင်းမှာနိုင်ပွဲအချို့ရလာမှုကြောင့်၈ပွဲကစားပြီးချိန်မှာ၁၄မှတ်ရယူလာနိုင်ပေမယ့်ထိပ်ဆုံးမှနာပိုလီနှင့်ရမှတ်၁၀မှတ်အထိကွာဟနေပါတယ်။

ချီရယ်လီနီက “ဩဂုတ်လ၂၈ရက်နေ့မှာရော်နယ်ဒိုထွက်သွားတယ်။တကယ်လို့သူသာစောစောစီးစီးထွက်သွားရင်ကျွန်တော်တို့အတွက်ပိုကောင်းပါတယ်။ဒီအတွက်ကျွန်တော်တို့ပေးဆပ်လိုက်ရတာပါ။ရှော့နည်းနည်းရသွားခဲ့ကြတယ်။အမှတ်တွေဆုံးရှုံးခဲ့ရတယ်။တကယ်လို့သူသာစောစောထွက်သွားရင်ပြင်ဆင်ဖို့အများကြီးရလာပါမယ်”လို့ပြောကြားခဲ့ပါတယ်။

ဂျူဗင်တပ်ဟာခရစ္စတီယာနိုရော်နယ်ဒိုထွက်ခွာသွားပြီးနောက်အပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်မှာအဲဗာတန်မှတိုက်စစ်မှူးဟောင်းမိုက်ကယ်ကိန်းအားအငှားဖြင့်ခေါ်ယူခဲ့ရပါတယ်။

ZawGyi

ဂ်ဴဗင္တပ္ ကမာၻပ်က္မႈအတြက္ ခရစၥတီယာႏိုေရာ္နယ္ဒိုကို ခ်ီရယ္လီနီ လက္ညႇိဳးထိုးအျပစ္တင္

ဂ်ဴဗင္တပ္ဗဟိုေနာက္ခံလူေဂ်ာ္ဂ်ီယိုခ်ီရယ္လီနီကဂ်ဴဗင္တပ္အသင္း ယခုရာသီတြင္႐ုန္းကန္ေနရမႈအတြက္ခရစၥတီယာႏိုေရာ္နယ္ဒိုအား လက္ညႇိဳးထိုးအျပစ္တင္လိုက္ပါတယ္။

ေပၚတူဂီစူပါစတားဟာအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္တြင္ဂ်ဴဗင္တပ္မွအသင္းေဟာင္းမန္ယူသို႔ေျပာင္းေ႐ႊ႕ခဲ့ပါတယ္။ဒါေၾကာင့္လည္းဂ်ဴဗင္တပ္နည္းျပအယ္လီဂရီႏွင့္ဂ်ဴဗင္တပ္ဘုတ္အဖြဲ႕ဝင္မ်ားဟာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေနရာမွာအစားထိုးႏိုင္ဖို႔ကစားသမားေကာင္းရွာေဖြဖို႔အခ်ိန္နည္းပါးခဲ့ပါတယ္။

ခ်ီရယ္လီနီကတကယ္လို႔မ်ားခရစၥတီယာႏိုေရာ္နယ္ဒိုသာေႏြရာသီအေစာပိုင္းကတည္းကဂ်ဴဗင္တပ္မွထြက္ခြာရန္ေတာင္းဆိုပါကအသင္းမွာသူ႔ေနရာတြင္အစားထိုးႏိုင္မယ့္ထိပ္တန္းကစားသမားတစ္ဦးကိုေခၚယူလိမ့္မယ္လို႔ဆိုသြားပါတယ္။

ဂ်ဴဗင္တပ္ဟာရာသီအစတုန္းကပထမဆုံးငါးပြဲတြင္တစ္ပြဲတည္းသာအႏိုင္ရရွိခဲ့တဲ့အထိ႐ုန္းကန္ခဲ့ရပါတယ္။၎တို႔ဟာေနာက္ပိုင္းမွာႏိုင္ပြဲအခ်ိဳ႕ရလာမႈေၾကာင့္၈ပြဲကစားၿပီးခ်ိန္မွာ၁၄မွတ္ရယူလာႏိုင္ေပမယ့္ထိပ္ဆုံးမွနာပိုလီႏွင့္ရမွတ္၁၀မွတ္အထိကြာဟေနပါတယ္။

ခ်ီရယ္လီနီက “ဩဂုတ္လ၂၈ရက္ေန႔မွာေရာ္နယ္ဒိုထြက္သြားတယ္။တကယ္လို႔သူသာေစာေစာစီးစီးထြက္သြားရင္ကြၽန္ေတာ္တို႔အတြက္ပိုေကာင္းပါတယ္။ဒီအတြက္ကြၽန္ေတာ္တို႔ေပးဆပ္လိုက္ရတာပါ။ေရွာ့နည္းနည္းရသြားခဲ့ၾကတယ္။အမွတ္ေတြဆုံးရႈံးခဲ့ရတယ္။တကယ္လို႔သူသာေစာေစာထြက္သြားရင္ျပင္ဆင္ဖို႔အမ်ားႀကီးရလာပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဂ်ဴဗင္တပ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုထြက္ခြာသြားၿပီးေနာက္အေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္မွာအဲဗာတန္မွတိုက္စစ္မႉးေဟာင္းမိုက္ကယ္ကိန္းအားအငွားျဖင့္ေခၚယူခဲ့ရပါတယ္။