ဂျူဗင်တပ်-နာပိုလီပွဲစဉ်ကို ဧပြီလ ၇ ရက်နေ့သို့ ရွှေ့ဆိုင်း

စီးရီးအေကဂျူဗင်တပ်နှင့်နာပိုလီတို့ကစားရမယ့်ပွဲစဉ်အားဧပြီလ၇ရက်နေ့သို့ရွှေ့ဆိုင်းလိုက်ကြောင်းကြေညာလာပါတယ်။နာပိုလီဟာစီးရီးအေပထမအကျော့တုန်းကအသင်းတွင်ကိုဗစ်ကူးစက်ခံရသူများရှိနေ၍တူရင်သို့သွားရောက်ကာဂျူဗင်တပ်ကိုရင်ဆိုင်ကစားခဲ့ရခြင်းမရှိပါဘူး။

အစောပိုင်းတုန်းကစီးရီးအေကဂျူဗင်တပ်ကို၃-၀ဂိုးဖြင့်အနိုင်ပေးပြီးနာပိုလီကိုတစ်မှတ်လျှော့ခဲ့ပါ တယ်။ဒါပေမယ့်နာပိုလီကအယူခံဝင်ခဲ့ရာ အောင်မြင်မှုရရှိခဲ့မှုကြောင့်ယင်းပွဲကိုပြန်လည်ကစားရပါမယ်။

စီးရီးအေဟာဂျူဗင်တပ်နှင့်နာပိုလီပွဲကိုမတ်လအတွင်းတွင်ကစားရန်စီစဉ်ထားခဲ့ပါတယ်။ဒါပေမယ့်ဂျူဗင်တပ်နှင့် နာပိုလီတို့ကယင်းပွဲစဉ်အားဧပြီလသို့ရွှေ့ဆိုင်းပေးရန်တောင်းဆိုလာမှုနဲ့အတူဧပြီလ၇ရက်နေ့တွင်ကစားရန်ဆုံးဖြတ်လာခဲ့ပြီဖြစ်ပါတယ်။

ဂျူဗင်တပ်နှင့်နာပိုလီပွဲစဉ်မှာ၂၀၂၀ခုနှစ်၊အောက်တိုဘာလတုန်းကကစားရမှာဖြစ်ပြီးယင်းပွဲကိုမတ်လ၁၇ရက်နေ့တွင်ကစားရန်စီစဉ်ထားခဲ့တာပါ။ယခုအခါယင်းပွဲကိုဧပြီလ၇ရက်နေ့မှာကစားလာတော့မှာဖြစ်ပါတယ်။

ZawGyi




