ဂျူဗင်တပ် ရမှတ် ၁၅ မှတ်အလျှော့ခံရပြီးနောက် နာပိုလီလည်း စုံစမ်းစစ်ဆေးခြင်းခံလာရဖွယ်ရှိ

နာပိုလီဟာအပြောင်းအရွှေ့ကိစ္စရပ်များအတွက်စီးရီးအေတွင်နောက်ထပ်စစ်ဆေးခြင်းခံလာရမဲ့ကလပ်ဖြစ်လာဖို့ရှိနေပါတယ်။စုံစမ်းစစ်ဆေးရေးမှူးကစီးရီးအေအမှတ်ပေးဇယားကိုဦးဆောင်နေတဲ့နာပိုလီအားစုံစမ်းစစ်ဆေးမှုပြုလုပ်ရန်တောင်းဆိုမှုပြုလုပ်လာတာဖြစ်ပါတယ်။

သောကြာနေ့ညတုန်းကဂျူဗင်တပ်ဟာအပြောင်းအရွှေ့ကိစ္စရပ်များအားငွေစာရင်းအမှားပြသပြီးအခွန်ရှောင်တိမ်းခြင်း၊ဘဏ္ဍာရေးမျှတစွာသုံးစွဲရေးစည်းမျဉ်းတွင်အသာစီးရရှိရေးလုပ်ဆောင်မှုကြောင့်ရမှတ်၁၅မှတ်အထိအဖြတ်ခံခဲ့ရပါတယ်။

ဂျူဗင်တပ်ရဲ့ဘုတ်အဖွဲ့တစ်ဖွဲ့ဟာပြီးခဲ့တဲ့နှစ်တုန်းက သုံးနှစ်တာကာလအတွင်းတွင်ကစားသမားများပေးတဲ့ငွေပမာဏအားငွေစာရင်းအမှားပြမှုအတွက်ကာလရှည်စုံစမ်းစစ်ဆေးမှုခံလာရပြီးနောက်နုတ်ထွက်ခဲ့ကြပါတယ်။

ဂျူဗင်တပ်ဟာရမှတ်၁၅မှတ်လျှော့ချခြင်းခံရပြီးနောက်စီးရီးအေအမှတ်ပေးဇယားအဆင့်၁၀သို့ဆင်းလိုက်ရပြီးချန်ပီယံလိဂ်ဝင်ခွင့်ရရှိဖို့မသေမချာဖြစ်လာခဲ့ပါတယ်။

အစောပိုင်းစစ်ဆေးမှုတွင်ဂျူဗင်တပ်အပြင်အခြားကလပ်များလည်းပါဝင်ခဲ့တာပါ။ဒါကြောင့်အခြားကလပ်များဟာအမှုမှလွတ်မြောက်သွားခဲ့ပြီးဂျူဗင်တပ်သာအရေးယူခံခဲ့ရပါတယ်။

ယခုအခါမှာတော့အီတလီဘောလုံးအဖွဲ့ချုပ်ရဲ့စုံစမ်းစစ်ဆေးရေးမှူးဂူဆက်ပီချီနီဟာအခြားကလပ်များလည်းနောက်ထပ်စစ်ဆေးမှုများပြုလုပ်နေပါတယ်။

၎င်းတို့ဟာနာပိုလီဥက္ကဌအော်ရယ်လီယိုဒီလော်ရန်တစ်ရဲ့ငွေစာရင်းအမှားပြမှုအားမသင်္ကာဖြစ်နေပါတယ်။၎င်းတို့ဟာ၂၀၂၀ခုနှစ်တုန်းကနာပိုလီရဲ့ဗစ်တာအိုဆမ်ဟန်အားလိုင်လီမှခေါ်ယူမှုအပါအဝင်အပြောင်းအရွှေ့များကိုစစ်ဆေးနေပါတယ်။

နာပိုလီဟာဗစ်တာအိုဆမ်ဟန်ကိုယူရို၇၂သန်းအပြင်နောက်ထပ်အပိုဆုကြေးယူရို၁၀သန်းပေးရမဲ့အချက်ဖြင့်ခေါ်ယူခဲ့ပါတယ်။နာပိုလီဟာသူတို့ရဲ့ကစားသမား၄ဦးကိုပြင်သစ်ကလပ်ထံသို့ယူရိုသန်း၂၀ဖြင့်ပြန်ရောင်းချခဲ့ရပါတယ်။

ဂိုးသမားအိုရီစတစ်ကာနီဇစ်မှာလိုင်လီအတွက်တစ်ပွဲတည်းသာကစားခဲ့ရပြီးတန်းဆင်းခဲ့ရသလိုကျန်လူငယ်ကစားသမားသုံးဦးတို့မှာလည်းအဆင့်နိမ့်လိဂ်ကလပ်များသို့အငှားချခံခဲ့ရပြီးနောက်စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။

ဒါကြောင့်လည်းစုံစမ်းစစ်ဆေးရေးမှူးဟာနာပိုလီရဲ့အိုဆမ်ဟန်အပြောင်းအရွှေ့အပေါ်သံသယဝင်နေတာလည်းဖြစ်ပါတယ်။

ZawGyi

ဂ်ဴဗင္တပ္ ရမွတ္ ၁၅ မွတ္အေလွ်ာ့ခံရၿပီးေနာက္ နာပိုလီလည္း စုံစမ္းစစ္ေဆးျခင္းခံလာရဖြယ္ရွိ

နာပိုလီဟာအေျပာင္းအေ႐ႊ႕ကိစၥရပ္မ်ားအတြက္စီးရီးေအတြင္ေနာက္ထပ္စစ္ေဆးျခင္းခံလာရမဲ့ကလပ္ျဖစ္လာဖို႔ရွိေနပါတယ္။စုံစမ္းစစ္ေဆးေရးမႉးကစီးရီးေအအမွတ္ေပးဇယားကိုဦးေဆာင္ေနတဲ့နာပိုလီအားစုံစမ္းစစ္ေဆးမႈျပဳလုပ္ရန္ေတာင္းဆိုမႈျပဳလုပ္လာတာျဖစ္ပါတယ္။

ေသာၾကာေန႔ညတုန္းကဂ်ဴဗင္တပ္ဟာအေျပာင္းအေ႐ႊ႕ကိစၥရပ္မ်ားအားေငြစာရင္းအမွားျပသၿပီးအခြန္ေရွာင္တိမ္းျခင္း၊ဘ႑ာေရးမွ်တစြာသုံးစြဲေရးစည္းမ်ဥ္းတြင္အသာစီးရရွိေရးလုပ္ေဆာင္မႈေၾကာင့္ရမွတ္၁၅မွတ္အထိအျဖတ္ခံခဲ့ရပါတယ္။

ဂ်ဴဗင္တပ္ရဲ႕ဘုတ္အဖြဲ႕တစ္ဖြဲ႕ဟာၿပီးခဲ့တဲ့ႏွစ္တုန္းက သုံးႏွစ္တာကာလအတြင္းတြင္ကစားသမားမ်ားေပးတဲ့ေငြပမာဏအားေငြစာရင္းအမွားျပမႈအတြက္ကာလရွည္စုံစမ္းစစ္ေဆးမႈခံလာရၿပီးေနာက္ႏုတ္ထြက္ခဲ့ၾကပါတယ္။

ဂ်ဴဗင္တပ္ဟာရမွတ္၁၅မွတ္ေလွ်ာ့ခ်ျခင္းခံရၿပီးေနာက္စီးရီးေအအမွတ္ေပးဇယားအဆင့္၁၀သို႔ဆင္းလိုက္ရၿပီးခ်န္ပီယံလိဂ္ဝင္ခြင့္ရရွိဖို႔မေသမခ်ာျဖစ္လာခဲ့ပါတယ္။

အေစာပိုင္းစစ္ေဆးမႈတြင္ဂ်ဴဗင္တပ္အျပင္အျခားကလပ္မ်ားလည္းပါဝင္ခဲ့တာပါ။ဒါေၾကာင့္အျခားကလပ္မ်ားဟာအမႈမွလြတ္ေျမာက္သြားခဲ့ၿပီးဂ်ဴဗင္တပ္သာအေရးယူခံခဲ့ရပါတယ္။

ယခုအခါမွာေတာ့အီတလီေဘာလုံးအဖြဲ႕ခ်ဳပ္ရဲ႕စုံစမ္းစစ္ေဆးေရးမႉးဂူဆက္ပီခ်ီနီဟာအျခားကလပ္မ်ားလည္းေနာက္ထပ္စစ္ေဆးမႈမ်ားျပဳလုပ္ေနပါတယ္။

၎တို႔ဟာနာပိုလီဥကၠဌေအာ္ရယ္လီယိုဒီေလာ္ရန္တစ္ရဲ႕ေငြစာရင္းအမွားျပမႈအားမသကၤာျဖစ္ေနပါတယ္။၎တို႔ဟာ၂၀၂၀ခုႏွစ္တုန္းကနာပိုလီရဲ႕ဗစ္တာအိုဆမ္ဟန္အားလိုင္လီမွေခၚယူမႈအပါအဝင္အေျပာင္းအေ႐ႊ႕မ်ားကိုစစ္ေဆးေနပါတယ္။

နာပိုလီဟာဗစ္တာအိုဆမ္ဟန္ကိုယူ႐ို၇၂သန္းအျပင္ေနာက္ထပ္အပိုဆုေၾကးယူ႐ို၁၀သန္းေပးရမဲ့အခ်က္ျဖင့္ေခၚယူခဲ့ပါတယ္။နာပိုလီဟာသူတို႔ရဲ႕ကစားသမား၄ဦးကိုျပင္သစ္ကလပ္ထံသို႔ယူ႐ိုသန္း၂၀ျဖင့္ျပန္ေရာင္းခ်ခဲ့ရပါတယ္။

ဂိုးသမားအိုရီစတစ္ကာနီဇစ္မွာလိုင္လီအတြက္တစ္ပြဲတည္းသာကစားခဲ့ရၿပီးတန္းဆင္းခဲ့ရသလိုက်န္လူငယ္ကစားသမားသုံးဦးတို႔မွာလည္းအဆင့္နိမ့္လိဂ္ကလပ္မ်ားသို႔အငွားခ်ခံခဲ့ရၿပီးေနာက္စာခ်ဳပ္ဖ်က္သိမ္းျခင္းခံခဲ့ရပါတယ္။

ဒါေၾကာင့္လည္းစုံစမ္းစစ္ေဆးေရးမႉးဟာနာပိုလီရဲ႕အိုဆမ္ဟန္အေျပာင္းအေ႐ႊ႕အေပၚသံသယဝင္ေနတာလည္းျဖစ္ပါတယ္။