ဂျူဗီပွဲစဉ်မှ ဒဏ်ရာကြောင့် ရာသီအကုန်အထိ အနားယူရနိုင်တဲ့ ဘင်ချဲလ်ဝဲလ်

ချဲလ်ဆီးနောက်ခံလူဘင်ချဲလ်ဝဲလ်ဟာအင်္ဂါနေ့တုန်းကဂျူဗင်တပ်အားဂိုးပြတ်အနိုင်ရရှိတဲ့ပွဲစဉ်မှာရရှိခဲ့တဲ့ဒူးအရွတ်ဒဏ်ရာကြောင့်ရာသီအကုန်အထိအနားယူရနိုင်ကြောင်းသိရပါတယ်။

ယခုရာသီတွင်အကောင်းဆုံးပုံစံရရှိနေတဲ့ချဲလ်ဆီးဟာစတမ်းဖို့ဒ်ဘရစ်ချ်ပွဲစဉ်မှာလည်းအကောင်းဆုံးပုံစံဖြင့်ဆက်လက်ကစားပြသွားခဲ့ပြီး၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ဂျူဗင်တပ်နှင့်ပွဲတွင်သောမတ်စ်တူချယ်ရဲ့ချဲလ်ဆီးအတွက်အားလုံးအပြုသဘောဆောင်ခဲ့ပေမယ့်ဘင်ချဲလ်ဝဲလ်ဒဏ်ရာရရှိခဲ့မှုကတော့စိတ်ပျက်စရာပါ။

အင်္ဂလန်လက်ရွေးစင်ဘယ်နောက်ခံလူဟာဒဏ်ရာရရှိပြီးနောက်ဆေးအဖွဲ့ဝင်နှစ်ဦးရဲ့အကူအညီဖြင့်ကွင်းအပြင်သို့ထွက်ခဲ့ရပါတယ်။

အသက်၂၄နှစ်ရှိဘင်ချဲလ်ဝဲလ်ဟာရာသီအစတုန်းကနေရာရရှိရန်ရုန်းကန်ခဲ့ရပေမယ့်နောက်ပိုင်းတွင်တောက်လျှောက်ခြေစွမ်းပြကစားနိုင်မှုနဲ့အတူပုံမှန်ပွဲထွက်ခွင့်ရရှိလာခဲ့ပါတယ်။

အစောပိုင်းတုန်းကဘင်ချဲလ်ဝဲလ်ဟာလေးပတ်မှခြောက်ပတ်မျှသာအနားယူရမယ်လို့ယူဆခဲ့ရပေမယ့်သူ့ဒဏ်ရာမှာဒူးအရွတ်ဒဏ်ရာဖြစ်နေမှုနဲ့အတူရာသီအကုန်အထိအနားယူရဖို့ရှိပါတယ်။

ပုံမှန်အားဖြင့်ဒူးအရွတ်ဒဏ်ရာရရှိပါကကိုးလအထိအနားယူရလေ့ရှိရာဘင်ချဲလ်ဝဲလ်မှာလက်ကျန်တစ်ရာသီလုံးကိုလွဲချော်ဖို့ရှိနေပါတယ်။

ZawGyi

ဂ်ဴဗီပြဲစဥ္မွ ဒဏ္ရာေၾကာင့္ ရာသီအကုန္အထိ အနားယူရႏိုင္တဲ့ ဘင္ခ်ဲလ္ဝဲလ္

ခ်ဲလ္ဆီးေနာက္ခံလူဘင္ခ်ဲလ္ဝဲလ္ဟာအဂၤါေန႔တုန္းကဂ်ဴဗင္တပ္အားဂိုးျပတ္အႏိုင္ရရွိတဲ့ပြဲစဥ္မွာရရွိခဲ့တဲ့ဒူးအ႐ြတ္ဒဏ္ရာေၾကာင့္ရာသီအကုန္အထိအနားယူရႏိုင္ေၾကာင္းသိရပါတယ္။

ယခုရာသီတြင္အေကာင္းဆုံးပုံစံရရွိေနတဲ့ခ်ဲလ္ဆီးဟာစတမ္းဖို႔ဒ္ဘရစ္ခ်္ပြဲစဥ္မွာလည္းအေကာင္းဆုံးပုံစံျဖင့္ဆက္လက္ကစားျပသြားခဲ့ၿပီး၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ဂ်ဴဗင္တပ္ႏွင့္ပြဲတြင္ေသာမတ္စ္တူခ်ယ္ရဲ႕ခ်ဲလ္ဆီးအတြက္အားလုံးအျပဳသေဘာေဆာင္ခဲ့ေပမယ့္ဘင္ခ်ဲလ္ဝဲလ္ဒဏ္ရာရရွိခဲ့မႈကေတာ့စိတ္ပ်က္စရာပါ။

အဂၤလန္လက္ေ႐ြးစင္ဘယ္ေနာက္ခံလူဟာဒဏ္ရာရရွိၿပီးေနာက္ေဆးအဖြဲ႕ဝင္ႏွစ္ဦးရဲ႕အကူအညီျဖင့္ကြင္းအျပင္သို႔ထြက္ခဲ့ရပါတယ္။

အသက္၂၄ႏွစ္ရွိဘင္ခ်ဲလ္ဝဲလ္ဟာရာသီအစတုန္းကေနရာရရွိရန္႐ုန္းကန္ခဲ့ရေပမယ့္ေနာက္ပိုင္းတြင္ေတာက္ေလွ်ာက္ေျခစြမ္းျပကစားႏိုင္မႈနဲ႔အတူပုံမွန္ပြဲထြက္ခြင့္ရရွိလာခဲ့ပါတယ္။

အေစာပိုင္းတုန္းကဘင္ခ်ဲလ္ဝဲလ္ဟာေလးပတ္မွေျခာက္ပတ္မွ်သာအနားယူရမယ္လို႔ယူဆခဲ့ရေပမယ့္သူ႔ဒဏ္ရာမွာဒူးအ႐ြတ္ဒဏ္ရာျဖစ္ေနမႈနဲ႔အတူရာသီအကုန္အထိအနားယူရဖို႔ရွိပါတယ္။

ပုံမွန္အားျဖင့္ဒူးအ႐ြတ္ဒဏ္ရာရရွိပါကကိုးလအထိအနားယူရေလ့ရွိရာဘင္ခ်ဲလ္ဝဲလ္မွာလက္က်န္တစ္ရာသီလုံးကိုလြဲေခ်ာ္ဖို႔ရွိေနပါတယ္။