ဂျေမီဗာဒီရုပ်ရှင်ဇာတ်ကားတွင် အော်စကာဆုရ ထုတ်လုပ်သူများပါဝင်မည်

ဂျေမီဗာဒီရဲ့အပျော်တမ်းလိဂ်မှပရီးမီးယားလိဂ်သို့ရောက်တဲ့အထိအံ့ဩစရာကောင်းတဲ့ဘောလုံးဘဝဇာတ်ကြောင်းကိုရိုက်ကူးမယ့်ရုပ်ရှင်ဇာတ်ကားစီမံကိန်းတွင်အော်စကာဆုရထုတ်လုပ်သူများပါဝင်ကြရန်သဘောတူညီမှုရရှိသွားခဲ့ပါတယ်။

လွန်ခဲ့တဲ့ကိုးနှစ်ခန့်တုန်းကကွန်ဖရင့်လိဂ်ကလပ်ဖလက်ဝုဒ်တောင်းမှလက်စတာသို့ပေါင်၁သန်းဖြင့်ပြောင်းခဲ့တဲ့ဂျေမီဗာဒီဟာလက်စတာနှင့်အတူပရီးမီးယားလိဂ်ဖလားဆွတ်ခူးနိုင်ခဲ့တဲ့အပြင်ရွှေဖိနပ်ဆုလည်းဆွတ်ခူးထားနိုင်ပါတယ်။

သူဟာယခုနှစ်ဘောလုံးရာသီတွင်လည်းလက်စတာနှင့်အတူအက်ဖ်အေဖလားဆွတ်ခူးနိုင်ခဲ့ကာကောင်းမွန်တဲ့ရာသီတစ်ခုပိုင်ဆိုင်ထားပါတယ်။

ဂျေမီဗာဒီအကြောင်းကိုရိုက်ကူးမယ့်ရုပ်ရှင်တွင် Goal! ၊ Goal 2! :Living The Dream စတဲ့ဘောလုံးနောက်ခံရုပ်ရှင်များတွင်ဇာတ်ညွှန်းရေးသားခဲ့တဲ့ဗြိတိန်ဇာတ်ညွှန်းရေးဆရာအက်ဒရီယန်ဘတ်ချပ်ကဇာတ်ညွှန်းရေးသားသွားမှာဖြစ်ပြီးအော်စကာဆုရထုတ်လုပ်သူများဖြစ်ကြတဲ့ဂါရတ်အဲလစ်အန်ဝင်း၊ဆိုင်မွန်အီဂန်နှင့်၎င်းတို့ရဲ့ကုမ္ပဏီ Bedlam Productions တို့ကပါဝင်မှာဖြစ်ကြောင်း The Mirror ရဲ့ဖော်ပြချက်အရသိရပါတယ်။

ဒါ့အပြင်အော်စကာဆုစာရင်းဝင်ခဲ့ဖူးတဲ့ပေါလ်သာမာဆီနှင့်အဲရစ်ဂျွန်ဆင်တို့လည်းပါဝင်ပါတယ်။

ဘတ်ချပ်ဟာရုပ်ရှင်ဖန်တီးရန်အတွက်ဂျေမီဗာဒီနှင့်တွေ့ဆုံကာစကားများပြောခဲ့ပြီးလည်းဖြစ်ပါတယ်။ဒီနေရာမှာအကြီးမားဆုံးမေးခွန်းထုတ်စရာဖြစ်နေတာကတော့ဂျေမီဗာဒီရဲ့နေရာမှာဘယ်သူသရုပ်ဆောင်မလဲဆိုတာပါ။

လက်ရှိအချိန်တွင်ထုတ်လုပ်သူများက High School Music ၊ The Greatest Showman ၊ Baywatch တို့တွင်ပါဝင်သရုပ်ဆောင်ခဲ့တဲ့ဇက်အယ်လ်ဖရွန်ကိုစဉ်းစားထားပါတယ်။ဒါ့အပြင်၎င်းတို့ဟာရောဘတ်ပက်တင်ဆင်၊ One Direction စတားလူးဝစ်တွမ်လင်ဆင်ကိုလည်းစဉ်းစားထားကြပါတယ်။

ဂျေမီဗာဒီဟာစတော့ဘရစ်ပါ့ခ်စတီးတွင်နေထိုင်စဉ်ကဆေးရုံသုံးပလာစတာထုတ်စက်ရုံတစ်ခုတွင်တစ်ပတ်လျှင်ပေါင်၃၀နှုန်းဖြင့်အလုပ်လုပ်ခဲ့ရသူလည်းဖြစ်ပါတယ်။သူ့ရဲ့ဘောလုံးသမားဘဝကြီးကျယ်မြင့်တက်လာမှုကအံ့ဩစရာကောင်းနေပါတယ်။

ZawGyi

ေဂ်မီဗာဒီ႐ုပ္ရွင္ဇာတ္ကားတြင္ ေအာ္စကာဆုရ ထုတ္လုပ္သူမ်ားပါဝင္မည္

ေဂ်မီဗာဒီရဲ႕အေပ်ာ္တမ္းလိဂ္မွပရီးမီးယားလိဂ္သို႔ေရာက္တဲ့အထိအံ့ဩစရာေကာင္းတဲ့ေဘာလုံးဘဝဇာတ္ေၾကာင္းကို႐ိုက္ကူးမယ့္႐ုပ္ရွင္ဇာတ္ကားစီမံကိန္းတြင္ေအာ္စကာဆုရထုတ္လုပ္သူမ်ားပါဝင္ၾကရန္သေဘာတူညီမႈရရွိသြားခဲ့ပါတယ္။

လြန္ခဲ့တဲ့ကိုးႏွစ္ခန႔္တုန္းကကြန္ဖရင့္လိဂ္ကလပ္ဖလက္ဝုဒ္ေတာင္းမွလက္စတာသို႔ေပါင္၁သန္းျဖင့္ေျပာင္းခဲ့တဲ့ေဂ်မီဗာဒီဟာလက္စတာႏွင့္အတူပရီးမီးယားလိဂ္ဖလားဆြတ္ခူးႏိုင္ခဲ့တဲ့အျပင္ေ႐ႊဖိနပ္ဆုလည္းဆြတ္ခူးထားႏိုင္ပါတယ္။

သူဟာယခုႏွစ္ေဘာလုံးရာသီတြင္လည္းလက္စတာႏွင့္အတူအက္ဖ္ေအဖလားဆြတ္ခူးႏိုင္ခဲ့ကာေကာင္းမြန္တဲ့ရာသီတစ္ခုပိုင္ဆိုင္ထားပါတယ္။

ေဂ်မီဗာဒီအေၾကာင္းကို႐ိုက္ကူးမယ့္႐ုပ္ရွင္တြင္ Goal! ၊ Goal 2! :Living The Dream စတဲ့ေဘာလုံးေနာက္ခံ႐ုပ္ရွင္မ်ားတြင္ဇာတ္ၫႊန္းေရးသားခဲ့တဲ့ၿဗိတိန္ဇာတ္ၫႊန္းေရးဆရာအက္ဒရီယန္ဘတ္ခ်ပ္ကဇာတ္ၫႊန္းေရးသားသြားမွာျဖစ္ၿပီးေအာ္စကာဆုရထုတ္လုပ္သူမ်ားျဖစ္ၾကတဲ့ဂါရတ္အဲလစ္အန္ဝင္း၊ဆိုင္မြန္အီဂန္ႏွင့္၎တို႔ရဲ႕ကုမၸဏီ Bedlam Productions တို႔ကပါဝင္မွာျဖစ္ေၾကာင္း The Mirror ရဲ႕ေဖာ္ျပခ်က္အရသိရပါတယ္။

ဒါ့အျပင္ေအာ္စကာဆုစာရင္းဝင္ခဲ့ဖူးတဲ့ေပါလ္သာမာဆီႏွင့္အဲရစ္ဂြၽန္ဆင္တို႔လည္းပါဝင္ပါတယ္။

ဘတ္ခ်ပ္ဟာ႐ုပ္ရွင္ဖန္တီးရန္အတြက္ေဂ်မီဗာဒီႏွင့္ေတြ႕ဆုံကာစကားမ်ားေျပာခဲ့ၿပီးလည္းျဖစ္ပါတယ္။ဒီေနရာမွာအႀကီးမားဆုံးေမးခြန္းထုတ္စရာျဖစ္ေနတာကေတာ့ေဂ်မီဗာဒီရဲ႕ေနရာမွာဘယ္သူသ႐ုပ္ေဆာင္မလဲဆိုတာပါ။

လက္ရွိအခ်ိန္တြင္ထုတ္လုပ္သူမ်ားက High School Music ၊ The Greatest Showman ၊ Baywatch တို႔တြင္ပါဝင္သ႐ုပ္ေဆာင္ခဲ့တဲ့ဇက္အယ္လ္ဖ႐ြန္ကိုစဥ္းစားထားပါတယ္။ဒါ့အျပင္၎တို႔ဟာေရာဘတ္ပက္တင္ဆင္၊ One Direction စတားလူးဝစ္တြမ္လင္ဆင္ကိုလည္းစဥ္းစားထားၾကပါတယ္။

ေဂ်မီဗာဒီဟာစေတာ့ဘရစ္ပါ့ခ္စတီးတြင္ေနထိုင္စဥ္ကေဆး႐ုံသုံးပလာစတာထုတ္စက္႐ုံတစ္ခုတြင္တစ္ပတ္လွ်င္ေပါင္၃၀ႏႈန္းျဖင့္အလုပ္လုပ္ခဲ့ရသူလည္းျဖစ္ပါတယ္။သူ႔ရဲ႕ေဘာလုံးသမားဘဝႀကီးက်ယ္ျမင့္တက္လာမႈကအံ့ဩစရာေကာင္းေနပါတယ္။