
ဘောလုံးပရိသတ်များဟာဂျော်ဂျီနာရိုဒရီဂွက်ဇ်ဟာအာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားချန်ပီယံအောင်ပွဲခံမှုမပြုလုပ်ရန် ချစ်သူဖြစ်တဲ့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပိတ်ပင်ခြင်းခံထားရကြောင်းဟာသလုပ်ပြောဆိုနေကြပါတယ်။
ဂျော်ဂျီနာရိုဒရီဂွက်ဇ်ဟာအာဂျင်တီးနားရဲ့မြို့တော်ဗျူနိုအေးရိပ်စ်မြို့တွင်မွေးဖွားသူဖြစ်ပါတယ်။
အာဂျင်တီးနားသူမော်ဒယ်ဟာကာတာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင် ချစ်သူခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပေါ်တူဂီအသင်းကိုအားပေးခဲ့သူလည်းဖြစ်ပါတယ်။
ဒါပေမဲ့သူမအားပေးနေရတဲ့ပေါ်တူဂီအသင်းမှာကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှထွက်ခွာခဲ့ရပါတယ်။
ဒါပေမဲ့ခရစ္စတီယာနိုရော်နယ်ဒိုရဲ့GOAT ပြိုင်ဘက် လီယွန်နယ်မက်ဆီကတော့အာဂျင်တီးနားကိုကမ္ဘာ့ဖလားချန်ပီယံဖြစ်အောင်ဦးဆောင်နိုင်ခဲ့ပါတယ်။
ဂျော်ဂျီနာဟာအာဂျင်တီးနားကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားပြီးနောက်ပိုင်းတွင်နှုတ်ဆိတ်နေခဲ့ပါတယ်။
ဒါကြောင့်လည်းဘောလုံးပရိသတ်များကဂျော်ဂျီနာဟာသူမရဲ့နိုင်ငံ အာဂျင်တီးနားကမ္ဘာ့ဖလားချန်ပီယံဖြစ်သွားပေမဲ့လည်းခရစ္စတီယာနိုရော်နယ်ဒိုရဲ့ပိတ်ပင်မှုကြောင့်အောင်ပွဲခံနိုင်ခြင်းမရှိကြောင်းဟာသနှောပြောဆိုနေကြပါတယ်။
ZawGyi
ဂျော်ဂျီနာကို အာဂျင်တီးနားရဲ့ကမ္ဘာ့ဖလားအောင်ပွဲခံမှု မပြုလုပ်ရန် ရော်နယ်ဒို ပိတ်ပင်ထားသလား?