ဂျော်ဂျီနာနှင့် ပြဿနာများရှိနေတယ်ဆိုတဲ့သတင်းကို ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မိခင်ငြင်းဆို

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့မိခင်ဟာသားဖြစ်သူရဲ့ချစ်သူဂျော်ဂျီနာရိုဒရီဂွက်ဇ်နှင့်အဆင်မပြေဟုမီဒီယာများရဲ့ဖော်ပြမှုကိုငြင်းဆိုလိုက်ပါတယ်။

ဒါ့အပြင်ဒိုလောအေဗီရိုကပြီးခဲ့တဲ့နှစ်တုန်းကလေဖြတ်ဝေဒနာကြုံခဲ့ရပြီးနောက်အနံ့နှင့်အရသာခံမှုအာရုံဆုံးရှုံးခဲ့ရသော်လည်းဘောလုံးအပေါ်တွင်သူမရဲ့အချစ်ပျောက်ဆုံးသွားခြင်းမရှိသေးကြောင်းလည်းဆိုပါတယ်။

စပို့တင်းလစ္စဘွန်းရဲ့ADN de Leao podcast တွင် အသက်၆၆နှစ်ရှိရော်နယ်ဒိုရဲ့မိခင်က “ဟုတ်တယ်။သူမကမိန်းမကောင်းလေးပါ။ခရစ္စတီယာနိုကလည်းစံပြအဖေတစ်ဦးပါ။ဒါပေမယ့်သူ့မှာကူညီမယ့်သူတွေရှိပါတယ်။ကလေးတွေမှာကလေးထိန်းထားရှိတယ်။ပြီးတော့သူတို့မှာလည်းလုပ်စရာတွေကအများကြီး။ကလေးကလေးယောက်တောင်ဆိုတော့အလုပ်ကအများသားလား။ဂျော့ဂျီနာကခရစ္စတီယာနိုကိုအများကြီးအကူအညီပေးပါတယ်။ဒါနဲ့ပတ်သက်ပြီးသံသယဖြစ်စရာမရှိပါဘူး”လို့ပြောကြားသွားပါတယ်။

ပြီးခဲ့တဲ့နှစ်တုန်းကပေါ်တူဂီမီဒီယာများကရော်နယ်ဒိုရဲ့မိခင်နှင့်ဂျော့ဂျီနာတို့အကြားတွင်ပြဿနာများရှိနေကြောင်းဖော်ပြခဲ့ပါတယ်။

ဆက်လက်ပြီးဒိုလောကရင်သားကင်ဆာတိုက်ပွဲဝင်ခဲ့ရပြီးနောက်၂၀၂၀ခုနှစ်၊မတ်လတုန်းကဖြစ်ပွားခဲ့တဲ့လေသင်းတုန်းဖြတ်ဝေဒနာမှအရှင်းမပျောက်သေးကြောင်းလည်းပြောကြားသွားပါတယ်။

ZawGyi

ေဂ်ာ္ဂ်ီနာႏွင့္ ျပႆနာမ်ားရွိေနတယ္ဆိုတဲ့သတင္းကို ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မိခင္ျငင္းဆို

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မိခင္ဟာသားျဖစ္သူရဲ႕ခ်စ္သူေဂ်ာ္ဂ်ီနာ႐ိုဒရီဂြက္ဇ္ႏွင့္အဆင္မေျပဟုမီဒီယာမ်ားရဲ႕ေဖာ္ျပမႈကိုျငင္းဆိုလိုက္ပါတယ္။

ဒါ့အျပင္ဒိုေလာေအဗီ႐ိုကၿပီးခဲ့တဲ့ႏွစ္တုန္းကေလျဖတ္ေဝဒနာႀကဳံခဲ့ရၿပီးေနာက္အနံ႔ႏွင့္အရသာခံမႈအာ႐ုံဆုံးရႈံးခဲ့ရေသာ္လည္းေဘာလုံးအေပၚတြင္သူမရဲ႕အခ်စ္ေပ်ာက္ဆုံးသြားျခင္းမရွိေသးေၾကာင္းလည္းဆိုပါတယ္။

စပို႔တင္းလစၥဘြန္းရဲ႕ADN de Leao podcast တြင္ အသက္၆၆ႏွစ္ရွိေရာ္နယ္ဒိုရဲ႕မိခင္က “ဟုတ္တယ္။သူမကမိန္းမေကာင္းေလးပါ။ခရစၥတီယာႏိုကလည္းစံျပအေဖတစ္ဦးပါ။ဒါေပမယ့္သူ႔မွာကူညီမယ့္သူေတြရွိပါတယ္။ကေလးေတြမွာကေလးထိန္းထားရွိတယ္။ၿပီးေတာ့သူတို႔မွာလည္းလုပ္စရာေတြကအမ်ားႀကီး။ကေလးကေလးေယာက္ေတာင္ဆိုေတာ့အလုပ္ကအမ်ားသားလား။ေဂ်ာ့ဂ်ီနာကခရစၥတီယာႏိုကိုအမ်ားႀကီးအကူအညီေပးပါတယ္။ဒါနဲ႔ပတ္သက္ၿပီးသံသယျဖစ္စရာမရွိပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ၿပီးခဲ့တဲ့ႏွစ္တုန္းကေပၚတူဂီမီဒီယာမ်ားကေရာ္နယ္ဒိုရဲ႕မိခင္ႏွင့္ေဂ်ာ့ဂ်ီနာတို႔အၾကားတြင္ျပႆနာမ်ားရွိေနေၾကာင္းေဖာ္ျပခဲ့ပါတယ္။

ဆက္လက္ၿပီးဒိုေလာကရင္သားကင္ဆာတိုက္ပြဲဝင္ခဲ့ရၿပီးေနာက္၂၀၂၀ခုႏွစ္၊မတ္လတုန္းကျဖစ္ပြားခဲ့တဲ့ေလသင္းတုန္းျဖတ္ေဝဒနာမွအရွင္းမေပ်ာက္ေသးေၾကာင္းလည္းေျပာၾကားသြားပါတယ္။