ဂျွမ်းထိုးပြီး ၅၅ ကိုက်အကွာအဝေးအထိ လက်ပစ်ဘောမြှောက်ပေးနေတဲ့ အီရန်ကလပ် ပေကန်မှ မိုဟမ်မာဒီ

အီရန်ကလပ် ပေကန်မှ နာဒါမိုဟမ်မာဒီဟာ၅၅ကိုက်အကွာအဝေးသို့ရောက်တဲ့အထိလက်ပစ်ဘောပေး ပစ်ပေး လျက်ရှိနေပါတယ်။

ပါရှားဂပ်ဖ်ပရိုလိဂ်မှာမိုဟမ်မာဒီဟာကွင်းလယ်တစ်ဝက်လက်အောက်ကနေလက်ပစ်ဘောရတိုင်းခြောက်ကိုက် စည်းအတွင်းသို့အထိဘေးထွက်ဘောမှတစ်ဆင့်လက်ပစ်ဘောပစ်ပေးနေတာလည်းဖြစ်ပါတယ်။

သူဟာလက်ပစ်ဘောမြှောက်ရာမှာဂျွမ်းတစ်ပတ်ထိုးပြီးအားယူကာလက်ပစ်ဘောမြှောက် ပေးနေတာလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့လတုန်းကသူ့ရဲ့အံ့မခန်းလက်ပစ်ဘောမြှောက်ချက်နှင့်ဂိုးတစ်ဂိုးတောင်သွင်းယူထားနိုင်ပါတယ်။ဂိုလ်ဂိုဟာနှင့်ပွဲစဉ်မှာသူ့ရဲ့ကွင်းတစ်ဝက်လောက်မှလက်ပစ်ဘောမှတစ်ဆင့်ဂိုးရရှိသွားခဲ့ပါတယ်။သူ့ရဲ့လက်ပစ်ဘောကဂိုလ်ဂိုဟာဂိုးသမားနဲ့ထိကာဂိုးသွင်းခဲ့ပြီးဂိုးရသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်မိုဟမ်မာဒီရဲ့လက်ပစ်ဘောမြှောက်တဲ့အကွာအဝေးစံချိန်က၅၅ကိုက်အတွင်းမှာဘဲရှိပါသေးတယ်။လက်ရှိ ဘောလုံးလောကမှာအကွာအဝေးအများဆုံးလက်ပစ်ဘောအဖြစ်မိုက်ကယ်လီဝစ်က၆၅ကိုက်ဖြင့်ရပ်တည်နေတာ ကြောင့်မိုဟမ်မာဒီအနေဖြင့်ကမ္ဘာ့အဝေးဆုံးလက်ပစ်ဘောမြှောက်နိုင်သူအဖြစ်စံချိန်သစ်ရေးထိုးနိုင်ဖို့ကြိုးစားရပါဦးမယ်။

တစ်ချိန်တုန်းကပရီးမီးယားလိဂ်တွင်လည်းလက်ပစ်ဘောဖြင့်နာမည်ကြီးကစားသမားတစ်ဦးရှိခဲ့ဖူးပါတယ်။စတုတ်စီးတီးမှာကစားခဲ့တဲ့အလယ်တန်းကစားသမားရိုရီဒီလက်ပ်ဖြစ်ပါတယ်။လူငယ်တုန်းကလှံတံပစ်ကစားသမားတစ်ဦးဖြစ်ခဲ့ဖူးတဲ့ဒီလက်ပ်ရဲ့လက်ပစ်ဘောများဖြင့်စတုတ်စီးတီးဟာပရီးမီးယားလိဂ်မှာပြိုင်ဘက်ကလပ်များကိုများစွာ အသာစီးရခဲ့ဖူးပါတယ်။

ZawGyi

ဂြၽမ္းထိုးၿပီး ၅၅ ကိုက္အကြာအေဝးအထိ လက္ပစ္ေဘာေျမႇာက္ေပးေနတဲ့ အီရန္ကလပ္ ေပကန္မွ မိုဟမ္မာဒီ

အီရန္ကလပ္ ေပကန္မွ နာဒါမိုဟမ္မာဒီဟာ၅၅ကိုက္အကြာအေဝးသို႔ေရာက္တဲ့အထိလက္ပစ္ေဘာေပး ပစ္ေပး လ်က္ရွိေနပါတယ္။

ပါရွားဂပ္ဖ္ပ႐ိုလိဂ္မွာမိုဟမ္မာဒီဟာကြင္းလယ္တစ္ဝက္လက္ေအာက္ကေနလက္ပစ္ေဘာရတိုင္းေျခာက္ကိုက္ စည္းအတြင္းသို႔အထိေဘးထြက္ေဘာမွတစ္ဆင့္လက္ပစ္ေဘာပစ္ေပးေနတာလည္းျဖစ္ပါတယ္။

သူဟာလက္ပစ္ေဘာေျမႇာက္ရာမွာဂြၽမ္းတစ္ပတ္ထိုးၿပီးအားယူကာလက္ပစ္ေဘာေျမႇာက္ ေပးေနတာလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လတုန္းကသူ႔ရဲ႕အံ့မခန္းလက္ပစ္ေဘာေျမႇာက္ခ်က္ႏွင့္ဂိုးတစ္ဂိုးေတာင္သြင္းယူထားႏိုင္ပါတယ္။ဂိုလ္ဂိုဟာႏွင့္ပြဲစဥ္မွာသူ႔ရဲ႕ကြင္းတစ္ဝက္ေလာက္မွလက္ပစ္ေဘာမွတစ္ဆင့္ဂိုးရရွိသြားခဲ့ပါတယ္။သူ႔ရဲ႕လက္ပစ္ေဘာကဂိုလ္ဂိုဟာဂိုးသမားနဲ႔ထိကာဂိုးသြင္းခဲ့ၿပီးဂိုးရသြားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္မိုဟမ္မာဒီရဲ႕လက္ပစ္ေဘာေျမႇာက္တဲ့အကြာအေဝးစံခ်ိန္က၅၅ကိုက္အတြင္းမွာဘဲရွိပါေသးတယ္။လက္ရွိ ေဘာလုံးေလာကမွာအကြာအေဝးအမ်ားဆုံးလက္ပစ္ေဘာအျဖစ္မိုက္ကယ္လီဝစ္က၆၅ကိုက္ျဖင့္ရပ္တည္ေနတာ ေၾကာင့္မိုဟမ္မာဒီအေနျဖင့္ကမာၻ႔အေဝးဆုံးလက္ပစ္ေဘာေျမႇာက္ႏိုင္သူအျဖစ္စံခ်ိန္သစ္ေရးထိုးႏိုင္ဖို႔ႀကိဳးစားရပါဦးမယ္။

တစ္ခ်ိန္တုန္းကပရီးမီးယားလိဂ္တြင္လည္းလက္ပစ္ေဘာျဖင့္နာမည္ႀကီးကစားသမားတစ္ဦးရွိခဲ့ဖူးပါတယ္။စတုတ္စီးတီးမွာကစားခဲ့တဲ့အလယ္တန္းကစားသမား႐ိုရီဒီလက္ပ္ျဖစ္ပါတယ္။လူငယ္တုန္းကလွံတံပစ္ကစားသမားတစ္ဦးျဖစ္ခဲ့ဖူးတဲ့ဒီလက္ပ္ရဲ႕လက္ပစ္ေဘာမ်ားျဖင့္စတုတ္စီးတီးဟာပရီးမီးယားလိဂ္မွာၿပိဳင္ဘက္ကလပ္မ်ားကိုမ်ားစြာ အသာစီးရခဲ့ဖူးပါတယ္။