ဂြိုလ်သားယာဉ်ပျံမြင်တွေ့လိုက်ရတဲ့ ရိုးမားနောက်ခံလူစမောလင်းတို့ ဇနီးမောင်နှံ

ခရစ်စမောလင်းနှင့်ဇနီးသည်ဆမ်တို့ကတနင်္ဂနွေနေ့ညနေတုန်းကဂျာမေကာတွင်ရှိနေစဉ်အတွင်းဂြိုလ်သားယာဉ်ပျံတစ်စီးကိုမြင်တွေ့လိုက်ရကြောင်းဆိုလာပါတယ်။

စမောလင်းရဲ့ဇနီးသည်ဆမ်ကသူမရဲ့အင်စတာဂရမ်အကောင့်ကနေဂျာမေကာတွင်မိသားစုအပန်းဖြေခရီးထွက်စဉ်ဂြိုလ်သားယာဉ်ပျံမြင်တွေ့လိုက်တာလို့ဆိုလာတာပါ။

အသက်၃၅နှစ်ရှိဆမ်ကယင်းဂြိုလ်သားယာဉ်ပျံဟာအနိမ့်သို့ပျံဆင်းလာကာသူတို့ကိုဖြတ်ပျံသွားခဲ့ပြီးကောင်းကင်အမြင့်တွင်တစ်နာရီခန့်ရှိနေခဲ့ကြောင်းဆိုသွားပါတယ်။

ဒါ့အပြင်ဆမ်ကဂြိုလ်သားယာဉ်ပျံရဲ့ဓာတ်ပုံကိုမရိုက်နိုင်ခဲ့ခြင်းမှာအပေါ်သို့ပျံတက်သွားချိန်တွင်အလွန်သေးငယ်နေမှုကြောင့်ဖြစ်ကြောင်းလည်းဆိုသွားပါတယ်။ဒါပေမယ့်ခရစ်စမောလင်းကတော့ဂြိုလ်သားယာဉ်ပျံဘေးပတ်ပတ်လည်တွင်အလင်းများဖြာထွက်နေတာမြင်တွေ့ခဲ့ရပါတယ်။

ဆက်လက်ပြီးဆမ်ကသူမတို့တွေ့ခဲ့ရတဲ့ယာဉ်ပျံမှာဒရုန်းမဟုတ်ကြောင်းလည်းထပ်လောင်းဆိုသွားပါသေးတယ်။

ဂြိုလ်သားယာဉ်ပျံတွေ့ရတဲ့သတင်းကမကြာခဏဆိုသလိုထွက်ပေါ်တတ်တဲ့သတင်းဖြစ်ပါတယ်။

ကွယ်လွန်သွားရှာပြီဖြစ်တဲ့အာဂျင်တီးနားဂန္ထဝင်ကစားသမားမာရာဒိုနာကသူ့ကိုဂြိုလ်သားများကခေါ်ဆောင်သွားခဲ့ဖူးကြောင်းဟာသနှောဖွင့်ဟခဲ့ဖူးပါတယ်။

၂၀၁၉ခုနှစ်တုန်းက TyC Sports နှင့်အင်တာဗျူးမှာမာရာဒိုနာက “တစ်ခါတုန်းကပေါ့။ကျုပ်အရက်သောက်တာနည်းနည်းများသွားခဲ့တယ်။အိမ်ကိုသုံးရက်လောက်မပြန်နိုင်ခဲ့ဘူး။အိမ်ပြန်ရောက်တော့ငါ့ကိုဂြိုလ်သားတွေခေါ်သွားတယ်လို့ပြောလိုက်တယ်”လို့ဆိုသွားခဲ့ဖူးပါတယ်။

ZawGyi

ၿဂိဳလ္သားယာဥ္ပ်ံျမင္ေတြ႕လိုက္ရတဲ့ ႐ိုးမားေနာက္ခံလူစေမာလင္းတို႔ ဇနီးေမာင္ႏွံ

ခရစ္စေမာလင္းႏွင့္ဇနီးသည္ဆမ္တို႔ကတနဂၤေႏြေန႔ညေနတုန္းကဂ်ာေမကာတြင္ရွိေနစဥ္အတြင္းၿဂိဳလ္သားယာဥ္ပ်ံတစ္စီးကိုျမင္ေတြ႕လိုက္ရေၾကာင္းဆိုလာပါတယ္။

စေမာလင္းရဲ႕ဇနီးသည္ဆမ္ကသူမရဲ႕အင္စတာဂရမ္အေကာင့္ကေနဂ်ာေမကာတြင္မိသားစုအပန္းေျဖခရီးထြက္စဥ္ၿဂိဳလ္သားယာဥ္ပ်ံျမင္ေတြ႕လိုက္တာလို႔ဆိုလာတာပါ။

အသက္၃၅ႏွစ္ရွိဆမ္ကယင္းၿဂိဳလ္သားယာဥ္ပ်ံဟာအနိမ့္သို႔ပ်ံဆင္းလာကာသူတို႔ကိုျဖတ္ပ်ံသြားခဲ့ၿပီးေကာင္းကင္အျမင့္တြင္တစ္နာရီခန႔္ရွိေနခဲ့ေၾကာင္းဆိုသြားပါတယ္။

ဒါ့အျပင္ဆမ္ကၿဂိဳလ္သားယာဥ္ပ်ံရဲ႕ဓာတ္ပုံကိုမ႐ိုက္ႏိုင္ခဲ့ျခင္းမွာအေပၚသို႔ပ်ံတက္သြားခ်ိန္တြင္အလြန္ေသးငယ္ေနမႈေၾကာင့္ျဖစ္ေၾကာင္းလည္းဆိုသြားပါတယ္။ဒါေပမယ့္ခရစ္စေမာလင္းကေတာ့ၿဂိဳလ္သားယာဥ္ပ်ံေဘးပတ္ပတ္လည္တြင္အလင္းမ်ားျဖာထြက္ေနတာျမင္ေတြ႕ခဲ့ရပါတယ္။

ဆက္လက္ၿပီးဆမ္ကသူမတို႔ေတြ႕ခဲ့ရတဲ့ယာဥ္ပ်ံမွာဒ႐ုန္းမဟုတ္ေၾကာင္းလည္းထပ္ေလာင္းဆိုသြားပါေသးတယ္။

ၿဂိဳလ္သားယာဥ္ပ်ံေတြ႕ရတဲ့သတင္းကမၾကာခဏဆိုသလိုထြက္ေပၚတတ္တဲ့သတင္းျဖစ္ပါတယ္။

ကြယ္လြန္သြားရွာၿပီျဖစ္တဲ့အာဂ်င္တီးနားဂႏၴဝင္ကစားသမားမာရာဒိုနာကသူ႔ကိုၿဂိဳလ္သားမ်ားကေခၚေဆာင္သြားခဲ့ဖူးေၾကာင္းဟာသေႏွာဖြင့္ဟခဲ့ဖူးပါတယ္။

၂၀၁၉ခုႏွစ္တုန္းက TyC Sports ႏွင့္အင္တာဗ်ဴးမွာမာရာဒိုနာက “တစ္ခါတုန္းကေပါ့။က်ဳပ္အရက္ေသာက္တာနည္းနည္းမ်ားသြားခဲ့တယ္။အိမ္ကိုသုံးရက္ေလာက္မျပန္ႏိုင္ခဲ့ဘူး။အိမ္ျပန္ေရာက္ေတာ့ငါ့ကိုၿဂိဳလ္သားေတြေခၚသြားတယ္လို႔ေျပာလိုက္တယ္”လို႔ဆိုသြားခဲ့ဖူးပါတယ္။