
ဘရာဇီးဟာမန်စီးတီးနည်းပြဂွါဒီယိုလာကိုခန့်အပ်ရန်ကြိုးပမ်းမှုမအောင်မြင်ပြီးနောက်ပြင်သစ်ဂန္ထဝင်ဇီဒန်းကိုပစ်မှတ်ထားလာကြောင်းသိရပါတယ်။
တီတီဟာကမ္ဘာ့ဖလားကွာတားဖိုင်နယ်အဆင့်မှထွက်ခွာခဲ့ရပြီးနောက်ဘရာဇီးနည်းပြရာထူးမှနုတ်ထွက်ခဲ့ပါတယ်။
Ok Diario ရဲ့ဖော်ပြလာမှုအရဘရာဇီးဘောလုံးအဖွဲ့ချုပ်ဟာချန်ပီယံလိဂ်ဖလားသုံးကြိမ်ဆက်ဆွတ်ခူးနိုင်တဲ့ဇီဒန်းကိုနည်းပြအဖြစ်ခန့်အပ်ရေးကြိုးပမ်းလာမည်ဖြစ်ကြောင်းသိရပါတယ်။
ဇီဒန်းဟာရီးရဲလ်မက်ဒရစ်တွင်အတူကစားခဲ့တဲ့ဘရာဇီးဂန္ထဝင်ရော်နယ်ဒိုနှင့်ရင်းနှီးသူဖြစ်ပါတယ်။ရော်နယ်ဒိုမှာလည်းဘရာဇီးဘောလုံးအဖွဲ့ချုပ်ဥက္ကဌနှင့်အဆင်ပြေသူဖြစ်ပါတယ်။
ဒါပေမဲ့ဇီဒန်းဟာပီအက်စ်ဂျီအပါအဝင်ကလပ်များစွာတို့ရဲ့ချဉ်းကပ်မှုကိုပယ်ချကာပြင်သစ်အသင်းကိုကိုင်တွယ်ရေးစောင့်ဆိုင်းနေခဲ့သူဖြစ်ပါတယ်။
ဒါပေမဲ့ဒက်ချမ့်ဟာပြင်သစ်ကိုကမ္ဘာ့ဖလားနှစ်ကြိမ်ဆက်ဗိုလ်လုပွဲသို့တက်နိုင်အောင်ဦးဆောင်ထားသလို ပြင်သစ်ကိုယူရို၂၀၂၄အထိကိုင်တွယ်ရန်စီစဉ်ထားပါတယ်။
ဒါကြောင့်လည်းဇီဒန်းအနေဖြင့်အခြားအသင်းတစ်သင်းကိုကိုင်တွယ်လာရဖို့ရှိနေပါတယ်။
ZawGyi
ဂြါဒီယိုလာကို ခန႔္အပ္ရန္ မေအာင္ျမင္ၿပီးေနာက္ ဇီဒန္းကို အလိုရွိလာတဲ့ ဘရာဇီး
ဘရာဇီးဟာမန္စီးတီးနည္းျပဂြါဒီယိုလာကိုခန႔္အပ္ရန္ႀကိဳးပမ္းမႈမေအာင္ျမင္ၿပီးေနာက္ျပင္သစ္ဂႏၴဝင္ဇီဒန္းကိုပစ္မွတ္ထားလာေၾကာင္းသိရပါတယ္။
တီတီဟာကမာၻ႔ဖလားကြာတားဖိုင္နယ္အဆင့္မွထြက္ခြာခဲ့ရၿပီးေနာက္ဘရာဇီးနည္းျပရာထူးမွႏုတ္ထြက္ခဲ့ပါတယ္။
Ok Diario ရဲ႕ေဖာ္ျပလာမႈအရဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္ဟာခ်န္ပီယံလိဂ္ဖလားသုံးႀကိမ္ဆက္ဆြတ္ခူးႏိုင္တဲ့ဇီဒန္းကိုနည္းျပအျဖစ္ခန႔္အပ္ေရးႀကိဳးပမ္းလာမည္ျဖစ္ေၾကာင္းသိရပါတယ္။
ဇီဒန္းဟာရီးရဲလ္မက္ဒရစ္တြင္အတူကစားခဲ့တဲ့ဘရာဇီးဂႏၴဝင္ေရာ္နယ္ဒိုႏွင့္ရင္းႏွီးသူျဖစ္ပါတယ္။ေရာ္နယ္ဒိုမွာလည္းဘရာဇီးေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌႏွင့္အဆင္ေျပသူျဖစ္ပါတယ္။
ဒါေပမဲ့ဇီဒန္းဟာပီအက္စ္ဂ်ီအပါအဝင္ကလပ္မ်ားစြာတို႔ရဲ႕ခ်ဥ္းကပ္မႈကိုပယ္ခ်ကာျပင္သစ္အသင္းကိုကိုင္တြယ္ေရးေစာင့္ဆိုင္းေနခဲ့သူျဖစ္ပါတယ္။
ဒါေပမဲ့ဒက္ခ်မ့္ဟာျပင္သစ္ကိုကမာၻ႔ဖလားႏွစ္ႀကိမ္ဆက္ဗိုလ္လုပြဲသို႔တက္ႏိုင္ေအာင္ဦးေဆာင္ထားသလို ျပင္သစ္ကိုယူ႐ို၂၀၂၄အထိကိုင္တြယ္ရန္စီစဥ္ထားပါတယ္။
ဒါေၾကာင့္လည္းဇီဒန္းအေနျဖင့္အျခားအသင္းတစ္သင္းကိုကိုင္တြယ္လာရဖို႔ရွိေနပါတယ္။