ဂွါဒီယိုလာကို မငြင်းနိုင်တဲ့အချက်ဖြင့် ကမ်းလှမ်းမှုပြုလုပ်သွားမယ့် ဘာစီလိုနာ

ပက်ဂွါဒီယိုလာဟာမန်စီးတီးနှင့်စာချုပ်နှစ်နှစ်သက်တမ်းကျန်နေသေးပေမယ့်လည်း နည်းပြဘဝစတင်ရာဘာစီလိုနာသို့မထင်မှတ်ဘဲပြန်လည်ပြောင်းသွားနိုင်တဲ့အနေအထားမျိုးမှာရှိနေပါတယ်။

ဘာစီလိုနာဟာလီယွန်နယ်မက်ဆီကိုဆုံးရှုံးလိုက်ရပြီးနောက်အသင်းကိုပြန်လည်တည်ဆောက်ရန်စီစဉ်နေပြီးကလပ်ဥက္ကဌဂျိုဟန်လာပေါ်တာဟာဂန္ထဝင်နည်းပြအားအသင်းသို့တကျော့ပြန်ရောက်လာရေးအတွက်အစွမ်းကုန်လုပ်ဆောင်ရန်စီစဉ်ထားပါတယ်။

El Nacional ရဲ့ဖော်ပြချက်အရလာပေါ်တာဟာဘာစီလိုနာကိုကမ္ဘာ့နံပါတ်တစ်ကလပ်နေရာသို့ပြန်ပို့နိုင်အောင်လုပ်ဆောင်နိုင်တဲ့သူအဖြစ်ဂွါဒီယိုလာကိုယုံကြည်နေကြောင်း သိရပါတယ်။

ဘာစီလိုနာဟာ၂၀၁၄-၁၅ရာသီနောက်ပိုင်းတွင်ချန်ပီယံလိဂ်ဖလားမရခဲ့ဖူးပါဘူး။ထိုစဉ်ကဘာစီလိုနာဟာတောင်အမေရိကစတားများဖြစ်တဲ့မက်ဆီ၊ဆွာရက်ဇ်၊နေမာတိုက်စစ်အတွဲနဲ့အတူသမိုင်းဝင်ဖလားသုံးလုံးဆွတ်ခူးနိုင်ခဲ့ပါတယ်။

ယခုအခါယင်းတောင်အမေရိကတိုက်စစ်သမားသုံးဦးလုံးမှာဘာစီလိုနာမှာမရှိတော့ပါဘူး။ဒါကြောင့်လည်းဘာစီလိုနာက၎င်းတို့အနေဖြင့်ကလပ်ကိုအနာဂတ်မှာဆုဖလားများဆွတ်ခူးပေးမယ့်သူရဲကောင်းသစ်ရှာဖွေရပါမယ်။

တစ်ဖက်တွင်ဘာစီလိုနာအနေဖြင့်အောင်မြင်မှုများရယူရေးအတွက်အရေးပါတဲ့ပဲ့ကိုင်ရှင်နည်းပြတစ်ဦးလိုအပ်နေပါတယ်။

ဂွါဒီယိုလာဟာမန်စီးတီးနှင့်အတူပြည်တွင်းဆုဖလားအားလုံးဆွတ်ခူးထားနိုင်သူဖြစ်ပါတယ်။ဒါပေမယ့်ဂွါဒီယိုလာဟာသူ့ရဲ့နံပါတ်တစ်ပစ်မှတ်ဖြစ်တဲ့ချန်ပီယံလိဂ်ဖလားအားယခုရာသီမှာရယူလာနိုင်ပါကမန်စီးတီးမှထွက်ခွာနိုင်ပါတယ်။

ဂွါဒီယိုလာဟာဘာစီလိုနာကို၂၀၀၈ခုနှစ်မှ၂၀၁၂ခုနှစ်အထိကိုင်တွယ်ဖူးပြီးယင်းကာလအတွင်းတွင်ဘာစီလိုနာကိုကမ္ဘာနံပါတ်တစ်ကလပ်ဖြစ်အောင်ဦးဆောင်ပေးခဲ့ပါတယ်။

လက်ရှိအချိန်တွင်ဘာစီလိုနာနည်းပြအဖြစ်ကိုးမန်းကတာဝန်ယူနေပေမယ့်ရာသီအစရလဒ်ဆိုးရွားမှုနဲ့အတူအနာဂတ်မရေမရာဖြစ်နေပါတယ်။

ဘာစီလိုနာသို့ဂွါဒီယိုလာပြန်ရောက်လာဖို့ခက်ခဲနေတယ်ဆိုပေမယ့်လာပေါ်တာဟာသူ့ကိုပြန်ခန့်နိုင်ရေးအတွက်ပါဝါကုန်ထုတ်သုံးမယ်လို့ El National ကဖော်ပြသွားပါတယ်။

ZawGyi

ဂြါဒီယိုလာကို မျငင္းႏိုင္တဲ့အခ်က္ျဖင့္ ကမ္းလွမ္းမႈျပဳလုပ္သြားမယ့္ ဘာစီလိုနာ

ပက္ဂြါဒီယိုလာဟာမန္စီးတီးႏွင့္စာခ်ဳပ္ႏွစ္ႏွစ္သက္တမ္းက်န္ေနေသးေပမယ့္လည္း နည္းျပဘဝစတင္ရာဘာစီလိုနာသို႔မထင္မွတ္ဘဲျပန္လည္ေျပာင္းသြားႏိုင္တဲ့အေနအထားမ်ိဳးမွာရွိေနပါတယ္။

ဘာစီလိုနာဟာလီယြန္နယ္မက္ဆီကိုဆုံးရႈံးလိုက္ရၿပီးေနာက္အသင္းကိုျပန္လည္တည္ေဆာက္ရန္စီစဥ္ေနၿပီးကလပ္ဥကၠဌဂ်ိဳဟန္လာေပၚတာဟာဂႏၴဝင္နည္းျပအားအသင္းသို႔တေက်ာ့ျပန္ေရာက္လာေရးအတြက္အစြမ္းကုန္လုပ္ေဆာင္ရန္စီစဥ္ထားပါတယ္။

El Nacional ရဲ႕ေဖာ္ျပခ်က္အရလာေပၚတာဟာဘာစီလိုနာကိုကမာၻ႔နံပါတ္တစ္ကလပ္ေနရာသို႔ျပန္ပို႔ႏိုင္ေအာင္လုပ္ေဆာင္ႏိုင္တဲ့သူအျဖစ္ဂြါဒီယိုလာကိုယုံၾကည္ေနေၾကာင္း သိရပါတယ္။

ဘာစီလိုနာဟာ၂၀၁၄-၁၅ရာသီေနာက္ပိုင္းတြင္ခ်န္ပီယံလိဂ္ဖလားမရခဲ့ဖူးပါဘူး။ထိုစဥ္ကဘာစီလိုနာဟာေတာင္အေမရိကစတားမ်ားျဖစ္တဲ့မက္ဆီ၊ဆြာရက္ဇ္၊ေနမာတိုက္စစ္အတြဲနဲ႔အတူသမိုင္းဝင္ဖလားသုံးလုံးဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ယခုအခါယင္းေတာင္အေမရိကတိုက္စစ္သမားသုံးဦးလုံးမွာဘာစီလိုနာမွာမရွိေတာ့ပါဘူး။ဒါေၾကာင့္လည္းဘာစီလိုနာက၎တို႔အေနျဖင့္ကလပ္ကိုအနာဂတ္မွာဆုဖလားမ်ားဆြတ္ခူးေပးမယ့္သူရဲေကာင္းသစ္ရွာေဖြရပါမယ္။

တစ္ဖက္တြင္ဘာစီလိုနာအေနျဖင့္ေအာင္ျမင္မႈမ်ားရယူေရးအတြက္အေရးပါတဲ့ပဲ့ကိုင္ရွင္နည္းျပတစ္ဦးလိုအပ္ေနပါတယ္။

ဂြါဒီယိုလာဟာမန္စီးတီးႏွင့္အတူျပည္တြင္းဆုဖလားအားလုံးဆြတ္ခူးထားႏိုင္သူျဖစ္ပါတယ္။ဒါေပမယ့္ဂြါဒီယိုလာဟာသူ႔ရဲ႕နံပါတ္တစ္ပစ္မွတ္ျဖစ္တဲ့ခ်န္ပီယံလိဂ္ဖလားအားယခုရာသီမွာရယူလာႏိုင္ပါကမန္စီးတီးမွထြက္ခြာႏိုင္ပါတယ္။

ဂြါဒီယိုလာဟာဘာစီလိုနာကို၂၀၀၈ခုႏွစ္မွ၂၀၁၂ခုႏွစ္အထိကိုင္တြယ္ဖူးၿပီးယင္းကာလအတြင္းတြင္ဘာစီလိုနာကိုကမာၻနံပါတ္တစ္ကလပ္ျဖစ္ေအာင္ဦးေဆာင္ေပးခဲ့ပါတယ္။

လက္ရွိအခ်ိန္တြင္ဘာစီလိုနာနည္းျပအျဖစ္ကိုးမန္းကတာဝန္ယူေနေပမယ့္ရာသီအစရလဒ္ဆိုး႐ြားမႈနဲ႔အတူအနာဂတ္မေရမရာျဖစ္ေနပါတယ္။

ဘာစီလိုနာသို႔ဂြါဒီယိုလာျပန္ေရာက္လာဖို႔ခက္ခဲေနတယ္ဆိုေပမယ့္လာေပၚတာဟာသူ႔ကိုျပန္ခန႔္ႏိုင္ေရးအတြက္ပါဝါကုန္ထုတ္သုံးမယ္လို႔ El National ကေဖာ္ျပသြားပါတယ္။