ဂွါဒီယိုလာနဲ့တခါမှစကားမပြောဖူးတဲ့ကစားသမားကို ပေါင် ၁၇ သန်းဖြင့် ရောင်းချသွားတော့မယ့် မန်စီးတီး

မန်စီးတီးဟာကလပ်ရဲ့ပထမအသင်းပွဲတစ်ပွဲမှမကစားဖူးခြင်းမရှိသေးတဲ့နောက်ခံလူတစ်ဦးကိုရောင်းချပြီးငွေရှာသွားရန်စီစဉ်နေပါတယ်။

ပီဒရိုပေါ်ရိုဟာ၂၀၁၉ခုနှစ်တုန်းကဂီရိုနာမှမန်စီးတီးသို့ပေါင်၁သန်းဝန်းကျင်ဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။ဒါပေမယ့်အီတီဟတ်တွင်ကိုင်လီဝေါလ်ကား၊ကန်စီလိုတို့ရှိနေမှုနဲ့အတူစပိန်လူငယ်ကစားသမားဟာဗယ်လာဒိုးလစ်၊စပို့တင်းလစ္စဘွန်းသို့အငှားဖြင့်သွားကစားခဲ့ရပါတယ်။

ပေါ်ရိုဟာစပို့တင်းလစ္စဘွန်းမှာအငှားဖြင့်ကစားစဉ်အတွင်းပုံမှန်ကစားခွင့်ရရှိနေကာပြီးခဲ့တဲ့ရာသီတုန်းက၃၆ပွဲကစားပြီး၅ဂိုးသွင်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့်သူဟာမန်စီးတီးပထမအသင်းသို့ထိုးဖောက်နိုင်ဖို့အခွင့်အရေးအလွန်နည်းပါးနေတုန်းဖြစ်ပါတယ်။စပို့တင်းဟာလည်းအသက်၂၂နှစ်ရှိကစားသမားကိုအပြီးသတ်ခေါ်ယူလိုနေပါတယ်။

Record ရဲ့ဖော်ပြချက်အရစပို့တင်းဟာညာနောက်ခံလူအားအပြီးသတ်ခေါ်ယူရေးအတွက်ဆွေးနွေးမှုပြုလုပ်နေပြီဖြစ်ပါတယ်။ပေါ်ရိုရဲ့စာချုပ်အတွင်းမှာပေါင်၁၇သန်းဖြင့်အပြီးသတ်ခေါ်ယူနိုင်မယ့်အချက်ပါဝင်တာကြောင့်စပို့တင်းအနေဖြင့်ပေါင်၁၇သန်းပေးရပါမယ်။

ယခုနှစ်အစောပိုင်းတုန်းကစပိန်လက်ရွေးစင်အတွက်ကစားခွင့်ရရှိခဲ့တဲ့ပေါ်ရိုကမကြာသေးမီတုန်းကဂွါဒီယိုလာကြောင့်မန်စီးတီးသို့ရောက်လာခဲ့ပေမယ့်တစ်ကြိမ်မျှစကားပြောခဲ့ဖူးခြင်းမရှိကြောင်းဖွင့်ဟခဲ့ဖူးပါတယ်။

ပေါ်ရိုက “ပက်ဂွါဒီယိုလာနဲ့တခါမှစကားမပြောဖူးပါဘူး။ကျွန်တော့်ကိုမန်စီးတီးကစာချုပ်ချုပ်လိုက်တယ်ဆိုတာကိုတောင်သူသိပုံမရပါဘူး။ဒါပေမယ့်သူတို့ဟာကျွန်တော်ဘာလုပ်နေတယ်ဆိုတာစောင့်ကြည်နေမှာပါ”လို့ပြောကြားခဲ့ဖူးပါတယ်။

စပို့တင်းလစ္စဘွန်းဟာပေါ်ရိုကို၂၀၂၅ခုနှစ်အထိစာချုပ်ချုပ်ဆိုပြီးသူ့စာချုပ်အတွင်းတွင်ယူရို၄၅သန်းဖြင့်ခေါ်ယူရမယ်ဆိုတဲ့အချက်ကိုထည့်သွင်းချုပ်ဆိုမယ်လို့သိရပါတယ်။

ZawGyi

ဂြါဒီယိုလာနဲ႔တခါမွစကားမေျပာဖူးတဲ့ကစားသမားကို ေပါင္ ၁၇ သန္းျဖင့္ ေရာင္းခ်သြားေတာ့မယ့္ မန္စီးတီး

မန္စီးတီးဟာကလပ္ရဲ႕ပထမအသင္းပြဲတစ္ပြဲမွမကစားဖူးျခင္းမရွိေသးတဲ့ေနာက္ခံလူတစ္ဦးကိုေရာင္းခ်ၿပီးေငြရွာသြားရန္စီစဥ္ေနပါတယ္။

ပီဒ႐ိုေပၚ႐ိုဟာ၂၀၁၉ခုႏွစ္တုန္းကဂီ႐ိုနာမွမန္စီးတီးသို႔ေပါင္၁သန္းဝန္းက်င္ျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။ဒါေပမယ့္အီတီဟတ္တြင္ကိုင္လီေဝါလ္ကား၊ကန္စီလိုတို႔ရွိေနမႈနဲ႔အတူစပိန္လူငယ္ကစားသမားဟာဗယ္လာဒိုးလစ္၊စပို႔တင္းလစၥဘြန္းသို႔အငွားျဖင့္သြားကစားခဲ့ရပါတယ္။

ေပၚ႐ိုဟာစပို႔တင္းလစၥဘြန္းမွာအငွားျဖင့္ကစားစဥ္အတြင္းပုံမွန္ကစားခြင့္ရရွိေနကာၿပီးခဲ့တဲ့ရာသီတုန္းက၃၆ပြဲကစားၿပီး၅ဂိုးသြင္းႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္သူဟာမန္စီးတီးပထမအသင္းသို႔ထိုးေဖာက္ႏိုင္ဖို႔အခြင့္အေရးအလြန္နည္းပါးေနတုန္းျဖစ္ပါတယ္။စပို႔တင္းဟာလည္းအသက္၂၂ႏွစ္ရွိကစားသမားကိုအၿပီးသတ္ေခၚယူလိုေနပါတယ္။

Record ရဲ႕ေဖာ္ျပခ်က္အရစပို႔တင္းဟာညာေနာက္ခံလူအားအၿပီးသတ္ေခၚယူေရးအတြက္ေဆြးေႏြးမႈျပဳလုပ္ေနၿပီျဖစ္ပါတယ္။ေပၚ႐ိုရဲ႕စာခ်ဳပ္အတြင္းမွာေပါင္၁၇သန္းျဖင့္အၿပီးသတ္ေခၚယူႏိုင္မယ့္အခ်က္ပါဝင္တာေၾကာင့္စပို႔တင္းအေနျဖင့္ေပါင္၁၇သန္းေပးရပါမယ္။

ယခုႏွစ္အေစာပိုင္းတုန္းကစပိန္လက္ေ႐ြးစင္အတြက္ကစားခြင့္ရရွိခဲ့တဲ့ေပၚ႐ိုကမၾကာေသးမီတုန္းကဂြါဒီယိုလာေၾကာင့္မန္စီးတီးသို႔ေရာက္လာခဲ့ေပမယ့္တစ္ႀကိမ္မွ်စကားေျပာခဲ့ဖူးျခင္းမရွိေၾကာင္းဖြင့္ဟခဲ့ဖူးပါတယ္။

ေပၚ႐ိုက “ပက္ဂြါဒီယိုလာနဲ႔တခါမွစကားမေျပာဖူးပါဘူး။ကြၽန္ေတာ့္ကိုမန္စီးတီးကစာခ်ဳပ္ခ်ဳပ္လိုက္တယ္ဆိုတာကိုေတာင္သူသိပုံမရပါဘူး။ဒါေပမယ့္သူတို႔ဟာကြၽန္ေတာ္ဘာလုပ္ေနတယ္ဆိုတာေစာင့္ၾကည္ေနမွာပါ”လို႔ေျပာၾကားခဲ့ဖူးပါတယ္။

စပို႔တင္းလစၥဘြန္းဟာေပၚ႐ိုကို၂၀၂၅ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုၿပီးသူ႔စာခ်ဳပ္အတြင္းတြင္ယူ႐ို၄၅သန္းျဖင့္ေခၚယူရမယ္ဆိုတဲ့အခ်က္ကိုထည့္သြင္းခ်ဳပ္ဆိုမယ္လို႔သိရပါတယ္။