ဂွါဒီယိုလာရဲ့ကမ္ဘာ့အကောင်းဆုံးကစားသမားလို့ ချီးကျူးခံရတဲ့ ကစားသမားကို ကလပ်စံချိန်တင်ကြေးဖြင့် ဝုဗ်ခေါ်ယူ

ဝုဗ်ဟာစပို့တင်းလစ္စဘွန်းအလယ်တန်းမားသီးယပ်စ်နူနက်စ်ကိုကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်၄၂.၂သန်းဖြင့်၅နှစ်စာချုပ်ချုပ်ဆိုခေါ်ယူလိုက်ပါတယ်။

အသက်၂၃နှစ်ရှိကစားသမာဟာစနေနေ့တွင်စပါးစ်နှင့်ရင်ဆိုင်ကစားရမယ့်ပွဲစဉ်တွင်ဝုဗ်အတွက်ပထမဆုံးပွဲကစားလာဖို့ရှိနေပါတယ်။

လီဗာပူး၊ယူနိုက်တက်၊အဲဗာတန်နှင့်ဝက်စ်ဟမ်းတို့ဟာလည်းရီယိုဖွားပေါ်တူဂီလက်ရွေးစင်ကစားသမားကိုခေါ်ယူရေးကြိုးပမ်းခဲ့ကြပေမဲ့မအောင်မြင်ခဲ့ကြပါဘူး။

နူနက်စ်ဟာပြီးခဲ့တဲ့ရာသီတုန်းကမန်စီးတီးနှင့်ချန်ပီယံလိဂ်တွင်ရင်ဆိုင်တွေ့ပြီးနောက် မန်စီးတီးနည်းပြဂွါဒီယိုလာရဲ့ကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှတစ်ဦးအဖြစ်ချီးကျူးခြင်းခံခဲ့ရဖူးသူလည်းဖြစ်ပါတယ်။

အသက်၁၃နှစ်ကတည်းကရီယိုမှပေါ်တူဂီသို့ပြောင်းရွှေ့အထိုင်ချခဲ့တဲ့နူနက်စ်ရဲ့ပထွေးဖြစ်သူမှာဆန်းဒါးလန်းသားတစ်ဦးဖြစ်ရာငယ်စဉ်ကတည်းကအင်္ဂလိပ်ဘာသာစကားသင်ကြားလာရမှုကြောင့်ဘာသာစကားအခက်အခဲမရှိကြောင်းဆိုသွားပါတယ်။

၎င်းက “ကျွန်တော့်ပထွေးကဆန်းဒါးလန်းကပါ။တကယ့်ငယ်ငယ်ကတည်းကသူ့ဆီ(ပထွေး)ဆီကအင်္ဂလိပ်စကားသင်လာခဲ့တာပါ။ကလေးတုန်းကလည်းကျောင်းမှာလည်းသင်ခဲ့တယ်။အရမ်းလွယ်ပါတယ်။ဝုဗ်သို့ပြောင်းခွင့်ရလို့အရမ်းစိတ်လှုပ်ရှားရတယ်။မနက်ဖြန်ကစားဖို့တောင်အဆင်သင့်ဖြစ်နေပါပြီ။ဒါပေမဲ့ပွဲကစနေနေ့ဆိုတော့မနက်ဖြန်မကစားရသေးပါဘူး။အဲဒီပွဲကစားဖို့စိတ်လှုပ်ရှားနေပါတယ်”လို့ပြောကြားသွားပါတယ်။

နူနက်စ်ဟာဝုဗ်တွင်ပေါ်တူဂီကစားဖော်များဖြစ်ကြတဲ့ဟိုဆေးဆာ၊ရူဘင်နီဗက်စ်၊ဂျိုအာအိုမော်တင်ဟို၊ပီဒရိုနီတိုတို့ရှိနေမှုနှင့်အတူအလျှင်အမြန်အထိုင်ကျလာမယ်လို့ယုံကြည်နေပါတယ်။

ZawGyi

ဂြါဒီယိုလာရဲ႕ကမာၻ႔အေကာင္းဆုံးကစားသမားလို႔ ခ်ီးက်ဴးခံရတဲ့ ကစားသမားကို ကလပ္စံခ်ိန္တင္ေၾကးျဖင့္ ဝုဗ္ေခၚယူ

ဝုဗ္ဟာစပို႔တင္းလစၥဘြန္းအလယ္တန္းမားသီးယပ္စ္ႏူနက္စ္ကိုကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္၄၂.၂သန္းျဖင့္၅ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုေခၚယူလိုက္ပါတယ္။

အသက္၂၃ႏွစ္ရွိကစားသမာဟာစေနေန႔တြင္စပါးစ္ႏွင့္ရင္ဆိုင္ကစားရမယ့္ပြဲစဥ္တြင္ဝုဗ္အတြက္ပထမဆုံးပြဲကစားလာဖို႔ရွိေနပါတယ္။

လီဗာပူး၊ယူႏိုက္တက္၊အဲဗာတန္ႏွင့္ဝက္စ္ဟမ္းတို႔ဟာလည္းရီယိုဖြားေပၚတူဂီလက္ေ႐ြးစင္ကစားသမားကိုေခၚယူေရးႀကိဳးပမ္းခဲ့ၾကေပမဲ့မေအာင္ျမင္ခဲ့ၾကပါဘူး။

ႏူနက္စ္ဟာၿပီးခဲ့တဲ့ရာသီတုန္းကမန္စီးတီးႏွင့္ခ်န္ပီယံလိဂ္တြင္ရင္ဆိုင္ေတြ႕ၿပီးေနာက္ မန္စီးတီးနည္းျပဂြါဒီယိုလာရဲ႕ကမာၻ႔အေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးအျဖစ္ခ်ီးက်ဴးျခင္းခံခဲ့ရဖူးသူလည္းျဖစ္ပါတယ္။

အသက္၁၃ႏွစ္ကတည္းကရီယိုမွေပၚတူဂီသို႔ေျပာင္းေ႐ႊ႕အထိုင္ခ်ခဲ့တဲ့ႏူနက္စ္ရဲ႕ပေထြးျဖစ္သူမွာဆန္းဒါးလန္းသားတစ္ဦးျဖစ္ရာငယ္စဥ္ကတည္းကအဂၤလိပ္ဘာသာစကားသင္ၾကားလာရမႈေၾကာင့္ဘာသာစကားအခက္အခဲမရွိေၾကာင္းဆိုသြားပါတယ္။

၎က “ကြၽန္ေတာ့္ပေထြးကဆန္းဒါးလန္းကပါ။တကယ့္ငယ္ငယ္ကတည္းကသူ႔ဆီ(ပေထြး)ဆီကအဂၤလိပ္စကားသင္လာခဲ့တာပါ။ကေလးတုန္းကလည္းေက်ာင္းမွာလည္းသင္ခဲ့တယ္။အရမ္းလြယ္ပါတယ္။ဝုဗ္သို႔ေျပာင္းခြင့္ရလို႔အရမ္းစိတ္လႈပ္ရွားရတယ္။မနက္ျဖန္ကစားဖို႔ေတာင္အဆင္သင့္ျဖစ္ေနပါၿပီ။ဒါေပမဲ့ပြဲကစေနေန႔ဆိုေတာ့မနက္ျဖန္မကစားရေသးပါဘူး။အဲဒီပြဲကစားဖို႔စိတ္လႈပ္ရွားေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ႏူနက္စ္ဟာဝုဗ္တြင္ေပၚတူဂီကစားေဖာ္မ်ားျဖစ္ၾကတဲ့ဟိုေဆးဆာ၊႐ူဘင္နီဗက္စ္၊ဂ်ိဳအာအိုေမာ္တင္ဟို၊ပီဒ႐ိုနီတိုတို႔ရွိေနမႈႏွင့္အတူအလွ်င္အျမန္အထိုင္က်လာမယ္လို႔ယုံၾကည္ေနပါတယ္။