ဂွါဒီယိုလာရဲ့စီမံကိန်းတွင် အရေးပါတဲ့နေရာမှပါဝင်မှသာလျှင် စာချုပ်သစ်ချုပ်ဆိုရေးအတွက် စတာလင်းဆွေးနွေးမည်

ရာဟမ်းစတာလင်းဟာမန်စီးတီးနှင့်စာချုပ်သစ်ချုပ်ဆိုရေးအတွက်ဆွေးနွေးမှုမပြုလုပ်မီနည်းပြပက်ဂွါဒီဘိုလာရဲ့စီမံကိန်းတွင်အရေးပါတဲ့သူဖြစ်ကြောင်းအာမခံချက်ရရှိလိုနေပါတယ်။

အသက်၂၆နှစ်ရှိအင်္ဂလန်လက်ရွေးစင်ကစားသမားဟာမန်စီးတီးနှင့်စာချုပ်သက်တမ်း၂နှစ်မျှသာကျန်တော့သူဖြစ်ပြီးစာချုပ်သစ်ချုပ်ဆိုရန်ဆွေးနွေးလာခဲ့သော်လည်းရပ်ဆိုင်းထားပါတယ်။

စတာလင်းဟာယခုရာသီမှာမန်စီးတီးရဲ့ပွဲ၁၁ပွဲတွင်၄ပွဲတည်းသာပွဲထွက်ကစားခွင့်ရထားသူဖြစ်ပြီးပြီးခဲ့တဲ့ရာသီတုန်းကလည်းရာသီနောင်းပိုင်းရက်သတ္တပတ်များတွင်နေရာပျောက်ခဲ့သူဖြစ်ပါတယ်။

စတာလင်းဟာမကြာသေးမီတုန်းကသူ့အခြေအနေနဲ့ပတ်သက်ပြီးနည်းပြဂွါဒီယိုလာနှင့်ပွင့်ပွင့်လင်းလင်းဆွေးနွေးမှုပြုလုပ်ခဲ့သူလည်းဖြစ်ပါတယ်။

လက်ရှိအချိန်တွင်သူ့ကိုဘာစီလိုနာကအငှားဖြင့်ခေါ်ယူရန်စိတ်ဝင်စားနေသလိုပိုင်ရှင်သစ်လက်အောက်သို့ရောက်သွားတဲ့နယူးကာဆယ်ကလည်းခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။

ဒါပေမယ့်မန်စီးတီးကတော့ရာဟမ်းစတာလင်းရဲ့အခြေအနေဘယ်လိုဘဲရှိနေပါစေ ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာတော့လက်လွှတ်သွားဖို့မရှိပါဘူး။

ZawGyi

ဂြါဒီယိုလာရဲ႕စီမံကိန္းတြင္ အေရးပါတဲ့ေနရာမွပါဝင္မွသာလွ်င္ စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ စတာလင္းေဆြးေႏြးမည္

ရာဟမ္းစတာလင္းဟာမန္စီးတီးႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးအတြက္ေဆြးေႏြးမႈမျပဳလုပ္မီနည္းျပပက္ဂြါဒီဘိုလာရဲ႕စီမံကိန္းတြင္အေရးပါတဲ့သူျဖစ္ေၾကာင္းအာမခံခ်က္ရရွိလိုေနပါတယ္။

အသက္၂၆ႏွစ္ရွိအဂၤလန္လက္ေ႐ြးစင္ကစားသမားဟာမန္စီးတီးႏွင့္စာခ်ဳပ္သက္တမ္း၂ႏွစ္မွ်သာက်န္ေတာ့သူျဖစ္ၿပီးစာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္ေဆြးေႏြးလာခဲ့ေသာ္လည္းရပ္ဆိုင္းထားပါတယ္။

စတာလင္းဟာယခုရာသီမွာမန္စီးတီးရဲ႕ပြဲ၁၁ပြဲတြင္၄ပြဲတည္းသာပြဲထြက္ကစားခြင့္ရထားသူျဖစ္ၿပီးၿပီးခဲ့တဲ့ရာသီတုန္းကလည္းရာသီေနာင္းပိုင္းရက္သတၱပတ္မ်ားတြင္ေနရာေပ်ာက္ခဲ့သူျဖစ္ပါတယ္။

စတာလင္းဟာမၾကာေသးမီတုန္းကသူ႔အေျခအေနနဲ႔ပတ္သက္ၿပီးနည္းျပဂြါဒီယိုလာႏွင့္ပြင့္ပြင့္လင္းလင္းေဆြးေႏြးမႈျပဳလုပ္ခဲ့သူလည္းျဖစ္ပါတယ္။

လက္ရွိအခ်ိန္တြင္သူ႔ကိုဘာစီလိုနာကအငွားျဖင့္ေခၚယူရန္စိတ္ဝင္စားေနသလိုပိုင္ရွင္သစ္လက္ေအာက္သို႔ေရာက္သြားတဲ့နယူးကာဆယ္ကလည္းေခၚယူရန္စိတ္ဝင္စားေနပါတယ္။

ဒါေပမယ့္မန္စီးတီးကေတာ့ရာဟမ္းစတာလင္းရဲ႕အေျခအေနဘယ္လိုဘဲရွိေနပါေစ ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာေတာ့လက္လႊတ္သြားဖို႔မရွိပါဘူး။