ဂွါဒီယိုလာရဲ့နေရာကို ဆက်ခံရန် နယူးကာဆယ်ချဉ်းကပ်မှုဟူသမျှကို ပယ်ချသွားမယ့် ဘရန်ဒန်ရော်ဂျာ

ဘရန်ဒန်ရော်ဂျာဟာဂွါဒီယိုလာရဲ့မန်စီးတီးနည်းပြရာထူးကိုဆက်ခံရန်အတွက်နယူးကာဆယ်မှမည်သည့်ကမ်းလှမ်းမှုမျိုးကိုမဆိုပယ်ချသွားမည်ဖြစ်ကြောင်းသိရပါတယ်။

နယူးကာဆယ်ဟာပိုင်ရှင်သစ်လက်အောက်သို့ရောက်ပြီးနောက်နည်းပြစတိဗ်ဘရုစ်ကိုထုတ်ပယ်မယ်လို့သတင်းထွက်နေပြီးသူတို့ရဲ့နည်းပြလျာထားစာရင်းတွင်ဘရန်ဒန်ရော်ဂျာလည်းပါဝင်နေပါတယ်။

ဒါပေမယ့်ယနေ့မှာ Daily Mail ရဲ့ဖော်ပြလာမှုအရအသက်၄၈နှစ်ရှိဘရန်ဒန်ရော်ဂျာဟာမန်စီးတီးနည်းပြရာထူးကိုသာရယူလိုမှုကြောင့်နယူးကာဆယ်ရဲ့ချဉ်းကပ်မှုဟူသမျှကိုပယ်ချသွားမယ်လို့သိရပါတယ်။

စပိန်လူမျိုးနည်းပြပက်ဂွါဒီယိုလာဟာမန်စီးတီးနှင့်၁၈လစာချုပ်သက်တမ်းသာကျန်တော့ပြီဖြစ်ပြီးစာချုပ်သက်တမ်းကုန်ဆုံးလျှင်မန်စီးတီးမှထွက်ခွာကာလက်ရွေးစင်အသင်းကိုပြောင်းလဲကိုင်တွယ်သွားနိုင်ကြောင်းဖွင့်ဟထားပါတယ်။

မန်စီးတီးဟာဂွါဒီယိုလာရဲ့နေရာတွင်အစားထိုးရန်လျာထားနည်းပြစာရင်းတွင်ဘရန်ဒန်ရော်ဂျာကိုလည်းထည့်သွင်းထားပါတယ်။ဘရန်ဒန်ရော်ဂျာဟာ၂၀၁၃ခုနှစ်တုန်းကရောဘတ်တိုမန်စီနီထွက်ခွာသွားတုန်းကမန်စီးတီးနည်းပြဖြစ်လုနီးပါးဖြစ်ခဲ့ဖူးသူဖြစ်ပါတယ်။

ZawGyi

ဂြါဒီယိုလာရဲ႕ေနရာကို ဆက္ခံရန္ နယူးကာဆယ္ခ်ဥ္းကပ္မႈဟူသမွ်ကို ပယ္ခ်သြားမယ့္ ဘရန္ဒန္ေရာ္ဂ်ာ

ဘရန္ဒန္ေရာ္ဂ်ာဟာဂြါဒီယိုလာရဲ႕မန္စီးတီးနည္းျပရာထူးကိုဆက္ခံရန္အတြက္နယူးကာဆယ္မွမည္သည့္ကမ္းလွမ္းမႈမ်ိဳးကိုမဆိုပယ္ခ်သြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

နယူးကာဆယ္ဟာပိုင္ရွင္သစ္လက္ေအာက္သို႔ေရာက္ၿပီးေနာက္နည္းျပစတိဗ္ဘ႐ုစ္ကိုထုတ္ပယ္မယ္လို႔သတင္းထြက္ေနၿပီးသူတို႔ရဲ႕နည္းျပလ်ာထားစာရင္းတြင္ဘရန္ဒန္ေရာ္ဂ်ာလည္းပါဝင္ေနပါတယ္။

ဒါေပမယ့္ယေန႔မွာ Daily Mail ရဲ႕ေဖာ္ျပလာမႈအရအသက္၄၈ႏွစ္ရွိဘရန္ဒန္ေရာ္ဂ်ာဟာမန္စီးတီးနည္းျပရာထူးကိုသာရယူလိုမႈေၾကာင့္နယူးကာဆယ္ရဲ႕ခ်ဥ္းကပ္မႈဟူသမွ်ကိုပယ္ခ်သြားမယ္လို႔သိရပါတယ္။

စပိန္လူမ်ိဳးနည္းျပပက္ဂြါဒီယိုလာဟာမန္စီးတီးႏွင့္၁၈လစာခ်ဳပ္သက္တမ္းသာက်န္ေတာ့ၿပီျဖစ္ၿပီးစာခ်ဳပ္သက္တမ္းကုန္ဆုံးလွ်င္မန္စီးတီးမွထြက္ခြာကာလက္ေ႐ြးစင္အသင္းကိုေျပာင္းလဲကိုင္တြယ္သြားႏိုင္ေၾကာင္းဖြင့္ဟထားပါတယ္။

မန္စီးတီးဟာဂြါဒီယိုလာရဲ႕ေနရာတြင္အစားထိုးရန္လ်ာထားနည္းျပစာရင္းတြင္ဘရန္ဒန္ေရာ္ဂ်ာကိုလည္းထည့္သြင္းထားပါတယ္။ဘရန္ဒန္ေရာ္ဂ်ာဟာ၂၀၁၃ခုႏွစ္တုန္းကေရာဘတ္တိုမန္စီနီထြက္ခြာသြားတုန္းကမန္စီးတီးနည္းျပျဖစ္လုနီးပါးျဖစ္ခဲ့ဖူးသူျဖစ္ပါတယ္။