ဂွါဒီယိုလာလက်အောက်မှာတုန်းက ညဉ့်လည်သန်းခေါင် ဇနီးနှင့်အတူမနေခဲ့ရတဲ့ မက်ဆီ

ပက်ဂွါဒီယိုလာဟာဘာစီလိုနာအသင်းကိုကိုင်တွယ်တုန်းကလီယွန်နယ်မက်ဆီကိုညဉ့်သန်းခေါင်လိင်ဆက်ဆံမှုမပြုလုပ်ရန်ပိတ်ပင်မှုပြုလုပ်ခဲ့ဖူးကြောင်းသိရတယ်။

ဂွါဒီယိုလာဟာဘာစီလိုနာကိုလေးနှစ်တာကိုင်တွယ်တဲ့ကာလအတွင်းမှာ မက်ဆီကို False Nine နေရာမှာအသုံးပြုခဲ့ပြီးအောင်မြင်မှုလည်းရရှိခဲ့ကာလာလီဂါဖလားသုံးလုံးနှင့်ချန်ပီယံလိဂ်ဖလားနှစ်ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

သူဟာဂွါဒီယိုလာရဲ့လက်အောက်မှာ၂၁၉ပွဲကစားခဲ့ရာမှာ၂၁၁ဂိုးအထိသွင်းယူနိုင်ခဲ့ပြီး Ballon d’Or ဆုကိုသုံးကြိမ်ဆွတ်ခူးခဲ့ပါတယ်။သူဟာဂွါဒီယိုလာထွက်ခွာသွားပြီးလအနည်းငယ်အကြာမှာစတုတ္ထမြောက် Ballon d’Or ဆုကိုထပ်မံဆွတ်ခူးခဲ့ပါတယ်။

ဂွါဒီယိုလာဟာဘာစီလိုနာကိုကိုင်တွယ်စဉ်ကာလအတွင်းမှာမက်ဆီရဲ့ပါရမီပိုမိုထွက်ပေါ်သထက်ထွက်ပေါ်လာအောင်စိတ်ဝင်စားစရာနည်းစနစ်အချို့ကိုအသုံးပြုခဲ့ပါတယ်။

မန်စီးတီးတွင်ဂွါဒီယိုလာရဲ့လက်အောက်မှာကစားခဲ့ဖူးတဲ့နာဆရီကစပိန်လူမျိုးနည်းပြဟာမက်ဆီကိုကြွက်သားပိုမိုကောင်းမွန်လာစေဖို့အတွက်ညဉ့်သန်းခေါင်လိင်ဆက်ဆံမှုမပြုလုပ်ရန်ပိတ်ပင်မှုပြုလုပ်ခဲ့ကြောင်းဖွင့်ဟလာပါတယ်။

နာဆရီက “သူဟာကစားသမားတွေရဲ့လိင်မှုရေးရာကိုညဉ့်သန်းခေါင်မတိုင်မီလုပ်ပြီးကောင်းကောင်းအိပ်ဖို့တားမြစ်ခဲ့ပါတယ်။နောက်တစ်နေ့အားလပ်ရက်ဆိုရင်တောင်အဲဒီလိုဘဲ နေစေပါတယ်။သူ(ဂွါဒီယိုလာ)ကမက်ဆီကိုလည်းယင်းစနစ်သုံးပြီးကြွက်သားပိုကောင်းလာအောင်လုပ်ခိုင်းခဲ့တယ်လို့ဆိုပါတယ်။ပြီးတော့သူကဒီစနစ်ကိုသုံးပြီးလီဝန်ဒေါ့စကီးကို ကြွက်သားဒဏ်ရာမရအောင်ကာကွယ်ပေးပြီးအရည်အသွေးပိုထွက်ပေါ်လာအောင်လုပ်ခဲ့တယ်လို့လည်းပြောပါတယ်။အစားအသောက်ပိုင်းနဲ့လည်းအများကြီးပါပါသေးတယ်။သူကအနိုင်ကျင့်အတင်းလုပ်ခိုင်းတာမျိုးတော့မဟုတ်ပါဘူး။ကိုယ့်ရဲ့တိုးတက်မှုကောင်းသထက် ကောင်းလာအောင်လုပ်ခိုင်းတာပါ။ကိုယ့်အနေအထားကိုယ်သိအောင်၊ဘယ်လိုကစားရမလဲသိအောင်လုပ်တာပါ။သူကဘက်စုံတော်တဲ့သူပါ”လို့ပြောကြားသွားပါတယ်။

နာဆရီဟာဂွါဒီယိုလာနှင့်ကာလတိုနှင့်တွဲခဲ့ရသူဖြစ်ပါတယ်။၂၀၁၆ခုနှစ်နွေမှာဘိုင်ယန်မြူးနစ်ကနေဂွါဒီယိုလာရောက်လာချိန်မှာနာဆရီကဒဏ်ရာကပြန်ကောင်းခါစဖြစ်ပါတယ်။သူဟာဂွါဒီယိုလာပထမဆုံးကိုင်တွယ်တဲ့ရာသီမှာတစ်ပွဲတည်းသာကစားခွင့်ရရှိခဲ့ပြီးဝက်စ်ဟမ်းကို၃-၁ဂိုးနဲ့အနိုင်ရတဲ့ပွဲမှာပွဲပြီးခါနီးလူစားဝင်ကစားတာဖြစ်ပါတယ်။ယင်းနောက်မှာတော့သူဟာဆီဗီလာသို့အငှားချခံခဲ့ရပါတယ်။

ZawGyi

ဂြါဒီယိုလာလက္ေအာက္မွာတုန္းက ညဥ့္လည္သန္းေခါင္ ဇနီးႏွင့္အတူမေနခဲ့ရတဲ့ မက္ဆီ

ပက္ဂြါဒီယိုလာဟာဘာစီလိုနာအသင္းကိုကိုင္တြယ္တုန္းကလီယြန္နယ္မက္ဆီကိုညဥ့္သန္းေခါင္လိင္ဆက္ဆံမႈမျပဳလုပ္ရန္ပိတ္ပင္မႈျပဳလုပ္ခဲ့ဖူးေၾကာင္းသိရတယ္။

ဂြါဒီယိုလာဟာဘာစီလိုနာကိုေလးႏွစ္တာကိုင္တြယ္တဲ့ကာလအတြင္းမွာ မက္ဆီကို False Nine ေနရာမွာအသုံးျပဳခဲ့ၿပီးေအာင္ျမင္မႈလည္းရရွိခဲ့ကာလာလီဂါဖလားသုံးလုံးႏွင့္ခ်န္ပီယံလိဂ္ဖလားႏွစ္ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

သူဟာဂြါဒီယိုလာရဲ႕လက္ေအာက္မွာ၂၁၉ပြဲကစားခဲ့ရာမွာ၂၁၁ဂိုးအထိသြင္းယူႏိုင္ခဲ့ၿပီး Ballon d’Or ဆုကိုသုံးႀကိမ္ဆြတ္ခူးခဲ့ပါတယ္။သူဟာဂြါဒီယိုလာထြက္ခြာသြားၿပီးလအနည္းငယ္အၾကာမွာစတုတၳေျမာက္ Ballon d’Or ဆုကိုထပ္မံဆြတ္ခူးခဲ့ပါတယ္။

ဂြါဒီယိုလာဟာဘာစီလိုနာကိုကိုင္တြယ္စဥ္ကာလအတြင္းမွာမက္ဆီရဲ႕ပါရမီပိုမိုထြက္ေပၚသထက္ထြက္ေပၚလာေအာင္စိတ္ဝင္စားစရာနည္းစနစ္အခ်ိဳ႕ကိုအသုံးျပဳခဲ့ပါတယ္။

မန္စီးတီးတြင္ဂြါဒီယိုလာရဲ႕လက္ေအာက္မွာကစားခဲ့ဖူးတဲ့နာဆရီကစပိန္လူမ်ိဳးနည္းျပဟာမက္ဆီကိုႂကြက္သားပိုမိုေကာင္းမြန္လာေစဖို႔အတြက္ညဥ့္သန္းေခါင္လိင္ဆက္ဆံမႈမျပဳလုပ္ရန္ပိတ္ပင္မႈျပဳလုပ္ခဲ့ေၾကာင္းဖြင့္ဟလာပါတယ္။

နာဆရီက “သူဟာကစားသမားေတြရဲ႕လိင္မႈေရးရာကိုညဥ့္သန္းေခါင္မတိုင္မီလုပ္ၿပီးေကာင္းေကာင္းအိပ္ဖို႔တားျမစ္ခဲ့ပါတယ္။ေနာက္တစ္ေန႔အားလပ္ရက္ဆိုရင္ေတာင္အဲဒီလိုဘဲ ေနေစပါတယ္။သူ(ဂြါဒီယိုလာ)ကမက္ဆီကိုလည္းယင္းစနစ္သုံးၿပီးႂကြက္သားပိုေကာင္းလာေအာင္လုပ္ခိုင္းခဲ့တယ္လို႔ဆိုပါတယ္။ၿပီးေတာ့သူကဒီစနစ္ကိုသုံးၿပီးလီဝန္ေဒါ့စကီးကို ႂကြက္သားဒဏ္ရာမရေအာင္ကာကြယ္ေပးၿပီးအရည္အေသြးပိုထြက္ေပၚလာေအာင္လုပ္ခဲ့တယ္လို႔လည္းေျပာပါတယ္။အစားအေသာက္ပိုင္းနဲ႔လည္းအမ်ားႀကီးပါပါေသးတယ္။သူကအႏိုင္က်င့္အတင္းလုပ္ခိုင္းတာမ်ိဳးေတာ့မဟုတ္ပါဘူး။ကိုယ့္ရဲ႕တိုးတက္မႈေကာင္းသထက္ ေကာင္းလာေအာင္လုပ္ခိုင္းတာပါ။ကိုယ့္အေနအထားကိုယ္သိေအာင္၊ဘယ္လိုကစားရမလဲသိေအာင္လုပ္တာပါ။သူကဘက္စုံေတာ္တဲ့သူပါ”လို႔ေျပာၾကားသြားပါတယ္။

နာဆရီဟာဂြါဒီယိုလာႏွင့္ကာလတိုႏွင့္တြဲခဲ့ရသူျဖစ္ပါတယ္။၂၀၁၆ခုႏွစ္ေႏြမွာဘိုင္ယန္ျမဴးနစ္ကေနဂြါဒီယိုလာေရာက္လာခ်ိန္မွာနာဆရီကဒဏ္ရာကျပန္ေကာင္းခါစျဖစ္ပါတယ္။သူဟာဂြါဒီယိုလာပထမဆုံးကိုင္တြယ္တဲ့ရာသီမွာတစ္ပြဲတည္းသာကစားခြင့္ရရွိခဲ့ၿပီးဝက္စ္ဟမ္းကို၃-၁ဂိုးနဲ႔အႏိုင္ရတဲ့ပြဲမွာပြဲၿပီးခါနီးလူစားဝင္ကစားတာျဖစ္ပါတယ္။ယင္းေနာက္မွာေတာ့သူဟာဆီဗီလာသို႔အငွားခ်ခံခဲ့ရပါတယ္။