“ဂွါဒီယိုလာ၊ကလော့ပ်နှင့်တူချယ်တို့အဆင့်မျိုးသို့ ဆိုးလ်ရှား ဘယ်တော့မှ ရောက်မှာမဟုတ်ဘူး”

လီဗာပူးဂန္ထဝင်နောက်ခံလူဂျင်မီကာရေဂါကအိုလီဂန်းနားဆိုးလ်ရှားရဲ့နည်းပြဆိုင်ရာကျွမ်းကျင်မှုမှာသူ့ရဲ့ပြိုင်ဘက်များဖြစ်ကြတဲ့လီဗာပူး၊မန်စီးတီးနှင့်ချဲလ်ဆီးအသင်းနည်းပြတို့ရဲ့အဆင့်မျိုးသို့ဘယ်တော့မှရောက်လာမှာမဟုတ်ကြောင်းတိုက်ခိုက်ပြောကြားလိုက်ပါတယ်။

ယခုအပတ်အစောပိုင်းတုန်းကကာရေဂါကမန်ယူမှာနည်းပြသစ်လိုအပ်နေပြီဖြစ်ကြောင်းပြောကြားခဲ့ဖူးပြီးဆိုးလ်ရှားကလီဗာပူးနှင့်ပွဲမတိုင်မီအသင်းကိုမတည်မငြိမ်ဖြစ်အောင်လုပ်နေတယ်လို့စွပ်စွဲခဲ့ပါတယ်။

ယခုအခါကာရေဂါကဆိုးလ်ရှားမှာနည်းပြဘဝတွင်ဂျာဂင်ကလော့ပ်၊ပက်ဂွါဒီယိုလာ၊သောမတ်စ်တူချယ်တို့ရဲ့အဆင့်မျိုးသို့ဘယ်တော့မှရောက်လာမှာမဟုတ်ကြောင်း The Telegraph တွင်ရေးသားလာပြန်ပါတယ်။

ကာရေဂါက “ဂျွန်တယ်ရီကကျွန်တော့်ထက်အရပ်ရှည်တယ်။ခေါင်းယှဉ်တိုက်ရာမှာကျွန်တော့်ထက်ပိုကောင်းတယ်။ရီယိုဖာဒီနန်ကပိုမြန်ပြီးသန်မာတယ်။သူတို့နှစ်ဦးကိုယှဉ်နိုင်စရာမရှိပါဘူး။ဆိုးလ်ရှားလည်းကလော့ပ်၊ဂွါဒီယိုလာ၊တူချယ်တို့ယှဉ်လာရင်ဒီအတိုင်းပဲ။အဲဒီမန်နေဂျာသုံးယောက်ရဲ့အဆင့်မျိုးကိုဘယ်တော့မှရောက်လာမှာမဟုတ်ပါဘူး။သူတို့လိုလည်းဘယ်တော့မှဖြစ်လာမှာမဟုတ်ဘူး။သူဟာလီဗာပူးမှာကလော့ပ်လိုလည်းလုပ်ပြနိုင်မှာမဟုတ်ဘူး။ဂွါဒီယိုလာ ဘာစီလိုနာ၊ဘိုင်ယန်နဲ့အခုမန်စီတီးတို့မှာရခဲ့တဲ့ဆုဖလားတွေလိုလည်းဘယ်တော့မှရလာမှာမဟုတ်ဘူး။တူချယ်ရောက်လာကိုလည်းကြည့်ဦး။အရင်တုန်းကချဲလ်ဆီးနဲ့မန်ယူကပြီးခဲ့တဲ့နှစ်နှစ်သုံးနှစ်မှာအောက်ဘက်ရောက်နေတယ်။ဒါပေမယ့်ချဲလ်ဆီးကနည်းပြတစ်ယောက်လည်းခေါ်လိုက်ရောလီဗာပူး၊မန်စီးတီးတို့နဲ့တဆင့်တည်းပြန်ဖြစ်သွားတယ်”လို့ရေးသားသွားပါတယ်။

ZawGyi

“ဂြါဒီယိုလာ၊ကေလာ့ပ္ႏွင့္တူခ်ယ္တို႔အဆင့္မ်ိဳးသို႔ ဆိုးလ္ရွား ဘယ္ေတာ့မွ ေရာက္မွာမဟုတ္ဘူး”

လီဗာပူးဂႏၴဝင္ေနာက္ခံလူဂ်င္မီကာေရဂါကအိုလီဂန္းနားဆိုးလ္ရွားရဲ႕နည္းျပဆိုင္ရာကြၽမ္းက်င္မႈမွာသူ႔ရဲ႕ၿပိဳင္ဘက္မ်ားျဖစ္ၾကတဲ့လီဗာပူး၊မန္စီးတီးႏွင့္ခ်ဲလ္ဆီးအသင္းနည္းျပတို႔ရဲ႕အဆင့္မ်ိဳးသို႔ဘယ္ေတာ့မွေရာက္လာမွာမဟုတ္ေၾကာင္းတိုက္ခိုက္ေျပာၾကားလိုက္ပါတယ္။

ယခုအပတ္အေစာပိုင္းတုန္းကကာေရဂါကမန္ယူမွာနည္းျပသစ္လိုအပ္ေနၿပီျဖစ္ေၾကာင္းေျပာၾကားခဲ့ဖူးၿပီးဆိုးလ္ရွားကလီဗာပူးႏွင့္ပြဲမတိုင္မီအသင္းကိုမတည္မၿငိမ္ျဖစ္ေအာင္လုပ္ေနတယ္လို႔စြပ္စြဲခဲ့ပါတယ္။

ယခုအခါကာေရဂါကဆိုးလ္ရွားမွာနည္းျပဘဝတြင္ဂ်ာဂင္ကေလာ့ပ္၊ပက္ဂြါဒီယိုလာ၊ေသာမတ္စ္တူခ်ယ္တို႔ရဲ႕အဆင့္မ်ိဳးသို႔ဘယ္ေတာ့မွေရာက္လာမွာမဟုတ္ေၾကာင္း The Telegraph တြင္ေရးသားလာျပန္ပါတယ္။

ကာေရဂါက “ဂြၽန္တယ္ရီကကြၽန္ေတာ့္ထက္အရပ္ရွည္တယ္။ေခါင္းယွဥ္တိုက္ရာမွာကြၽန္ေတာ့္ထက္ပိုေကာင္းတယ္။ရီယိုဖာဒီနန္ကပိုျမန္ၿပီးသန္မာတယ္။သူတို႔ႏွစ္ဦးကိုယွဥ္ႏိုင္စရာမရွိပါဘူး။ဆိုးလ္ရွားလည္းကေလာ့ပ္၊ဂြါဒီယိုလာ၊တူခ်ယ္တို႔ယွဥ္လာရင္ဒီအတိုင္းပဲ။အဲဒီမန္ေနဂ်ာသုံးေယာက္ရဲ႕အဆင့္မ်ိဳးကိုဘယ္ေတာ့မွေရာက္လာမွာမဟုတ္ပါဘူး။သူတို႔လိုလည္းဘယ္ေတာ့မွျဖစ္လာမွာမဟုတ္ဘူး။သူဟာလီဗာပူးမွာကေလာ့ပ္လိုလည္းလုပ္ျပႏိုင္မွာမဟုတ္ဘူး။ဂြါဒီယိုလာ ဘာစီလိုနာ၊ဘိုင္ယန္နဲ႔အခုမန္စီတီးတို႔မွာရခဲ့တဲ့ဆုဖလားေတြလိုလည္းဘယ္ေတာ့မွရလာမွာမဟုတ္ဘူး။တူခ်ယ္ေရာက္လာကိုလည္းၾကည့္ဦး။အရင္တုန္းကခ်ဲလ္ဆီးနဲ႔မန္ယူကၿပီးခဲ့တဲ့ႏွစ္ႏွစ္သုံးႏွစ္မွာေအာက္ဘက္ေရာက္ေနတယ္။ဒါေပမယ့္ခ်ဲလ္ဆီးကနည္းျပတစ္ေယာက္လည္းေခၚလိုက္ေရာလီဗာပူး၊မန္စီးတီးတို႔နဲ႔တဆင့္တည္းျပန္ျဖစ္သြားတယ္”လို႔ေရးသားသြားပါတယ္။