ဂွါဒီယိုလာ အကြွေစေ့ဖြင့် ပစ်ပေါက်ခံရမှုအား အက်ဖ်အေထံ မန်စီးတီး တိုင်ချက်ဖွင့်သွားမည်

မန်စီးတီးဟာမနေ့ညတုန်းကအန်ဖီးလ်တွင်လီဗာပူးကို၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်တွင်နည်းပြဂွါဒီယိုလာအားလီဗာပူးပရိသတ်များကအကြွေစေ့ဖြင့်ပစ်ပေါက်မှုအား အက်ဖ်အေထံသို့တိုင်ကြားမှုပြုလုပ်သွားပါမယ်။

မန်စီးတီးဟာမနေ့ညတုန်းကအန်ဖီးလ်တွင်လီဗာပူးကိုမိုဟာမက်ဆာလက်ရဲ့တစ်လုံးတည်းသောအနိုင်ဂိုးကြောင့်၁-၀ဂိုးဖြင့်ရှုံးနိမ့်ကာယခုရာသီပထမဆုံးရှုံးပွဲကြုံတွေ့ခဲ့ရပါတယ်။

အဆိုပါပွဲစဉ်တွင်နှစ်သင်းစလုံးတို့ ဂိုးရရှိနိုင်တဲ့အခွင့်အရေးကိုယ်စီရရှိခဲ့ကြပါတယ်။

ဒုတိယပိုင်းတွင်ဖီးလ်ဖိုဒန်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ကွင်းလယ်ဒိုင်လူကြီးအန်တိုနီတေလာကအငြင်းပွားဖွယ်ဂိုးမပေးခဲ့ပါဘူး။ဒိုင်လူကြီးကဖာဘင်ဟိုကိုအာလင်းဟာလန်းကပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီးဂိုးမပေးခဲ့တာပါ။

ဂွါဒီယိုလာဟာအထက်ပါဆုံးဖြတ်ချက်အပေါ်အကြီးအကျယ်ဒေါသထွက်ခဲ့ပါတယ်။သူဟာလီဗာပူးပရိသတ်များရဲ့အကြွေစေ့ဖြင့်ပစ်ပေါက်ခြင်းလည်းခံခဲ့ရပါတယ်။

ပွဲအပြီးတွင်ဂွါဒီယိုလာက “နောက်တစ်ကြိမ်ဆိုထိနိုင်တယ်။ဒီတစ်ကြိမ်တော့ပစ်တာမထိဘူး။သူတို့ကြိုးစားခဲ့တယ်။ဒါပေမဲ့မထိခဲ့ဘူး”လို့ပြောကြားသွားပါတယ်။

အဆိုပါပွဲရဲ့ပွဲပြီးခါနီးတွင်ဘာနာဒိုဆေးလ်ဗားကမိုဟာမက်ဆာလက်ကိုပြစ်ဒဏ်ကျူးလွန်မှုအတွက်ပြစ်ဒဏ်ဘောမရရှိမှုအပေါ် စည်းကြပ်ဒိုင်အားဒေါသတကြီးအော်ဟစ်ပြောဆိုမှုအတွက်ကလော့ပ်အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။

ZawGyi

ဂြါဒီယိုလာ အေႂကြေစ့ျဖင့္ ပစ္ေပါက္ခံရမႈအား အက္ဖ္ေအထံ မန္စီးတီး တိုင္ခ်က္ဖြင့္သြားမည္

မန္စီးတီးဟာမေန႔ညတုန္းကအန္ဖီးလ္တြင္လီဗာပူးကို၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္တြင္နည္းျပဂြါဒီယိုလာအားလီဗာပူးပရိသတ္မ်ားကအေႂကြေစ့ျဖင့္ပစ္ေပါက္မႈအား အက္ဖ္ေအထံသို႔တိုင္ၾကားမႈျပဳလုပ္သြားပါမယ္။

မန္စီးတီးဟာမေန႔ညတုန္းကအန္ဖီးလ္တြင္လီဗာပူးကိုမိုဟာမက္ဆာလက္ရဲ႕တစ္လုံးတည္းေသာအႏိုင္ဂိုးေၾကာင့္၁-၀ဂိုးျဖင့္ရႈံးနိမ့္ကာယခုရာသီပထမဆုံးရႈံးပြဲႀကဳံေတြ႕ခဲ့ရပါတယ္။

အဆိုပါပြဲစဥ္တြင္ႏွစ္သင္းစလုံးတို႔ ဂိုးရရွိႏိုင္တဲ့အခြင့္အေရးကိုယ္စီရရွိခဲ့ၾကပါတယ္။

ဒုတိယပိုင္းတြင္ဖီးလ္ဖိုဒန္ဂိုးသြင္းယူႏိုင္ခဲ့ေပမဲ့ကြင္းလယ္ဒိုင္လူႀကီးအန္တိုနီေတလာကအျငင္းပြားဖြယ္ဂိုးမေပးခဲ့ပါဘူး။ဒိုင္လူႀကီးကဖာဘင္ဟိုကိုအာလင္းဟာလန္းကျပစ္ဒဏ္က်ဴးလြန္တယ္ဆိုၿပီးဂိုးမေပးခဲ့တာပါ။

ဂြါဒီယိုလာဟာအထက္ပါဆုံးျဖတ္ခ်က္အေပၚအႀကီးအက်ယ္ေဒါသထြက္ခဲ့ပါတယ္။သူဟာလီဗာပူးပရိသတ္မ်ားရဲ႕အေႂကြေစ့ျဖင့္ပစ္ေပါက္ျခင္းလည္းခံခဲ့ရပါတယ္။

ပြဲအၿပီးတြင္ဂြါဒီယိုလာက “ေနာက္တစ္ႀကိမ္ဆိုထိႏိုင္တယ္။ဒီတစ္ႀကိမ္ေတာ့ပစ္တာမထိဘူး။သူတို႔ႀကိဳးစားခဲ့တယ္။ဒါေပမဲ့မထိခဲ့ဘူး”လို႔ေျပာၾကားသြားပါတယ္။

အဆိုပါပြဲရဲ႕ပြဲၿပီးခါနီးတြင္ဘာနာဒိုေဆးလ္ဗားကမိုဟာမက္ဆာလက္ကိုျပစ္ဒဏ္က်ဴးလြန္မႈအတြက္ျပစ္ဒဏ္ေဘာမရရွိမႈအေပၚ စည္းၾကပ္ဒိုင္အားေဒါသတႀကီးေအာ္ဟစ္ေျပာဆိုမႈအတြက္ကေလာ့ပ္အနီကတ္ျပထုတ္ပယ္ခံခဲ့ရပါတယ္။