ငယ်ချစ်အက်ဝုဒ်၊မင်းသမီးအတက်ခ်အပြင် အမ်ဘာဂီးလ်နှင့်လည်း တွဲကာ အလှပဂေးသုံးပွေနဲ့တပြိုင်တည်းတွဲနေတဲ့ ဂျက်ဂရဲလ်လစ်ရှ်

ဂျက်ဂရဲလ်လစ်ရှ်ဟာငယ်ချစ်ဆာရှာအက်ဝုဒ်၊မင်းသမီးအီမီလီအတက်ခ်အပြင် Love Island အနိုင်ရသူအမ်ဘာဂီးလ်နှင့်လည်းတွဲနေပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ဟာအမ်ဘာဂေးလ်နှင့်အကြိမ်ကြိမ်ချိန်းတွေ့ခဲ့ပြီးလည်းဖြစပါတယ်။ဒါပေမယ့်အင်္ဂလန်နှင့်မန်စီးတီးစတားဟာအမ်ဘာဂီးလ်နှင့်တွဲနေစဉ်မှာပင်အသက်၃၁နှစ်ရှိရုပ်သံစတားအီမီလီအတက်ခ်နှင့်ဆုံတွေ့ချစ်ကြိုက်ခဲ့တာဖြစ်ပါတယ်။

အသက်၂၆နှစ်ရှိဂျက်ဂရဲလ်လစ်ရှ်ဟာသူ့ရဲ့အချစ်ဇာတ်ရှုပ်လူသိရှင်ကြားဖြစ်သွားပြီးနောက် ကာလရှည်ကြာတွဲလာတဲ့ဆာရှာအက်ဝုဒ်နှင့်ဆွေးနွေးမှုလုပ်ခဲ့ရပါတယ်။ဆာရှာအက်ဝုဒ်ကဂျက်ဂရဲလ်လစ်ရှ်ကိုတစ်ဦးတစ်ယောက်နဲ့ပြတ်ပြတ်သားသားတွဲဖို့ဆုံးဖြတ်ရန်ပြောကြားခဲ့ပါတယ်။

မန်စီးတီးရဲ့ပေါင်သန်း၁၀၀တန်ကစားသမားဟာအမ်ဘာနှင့်အင်စတာဂရမ်တွင်တွေ့ဆုံပြီးနောက်ပြီးခဲ့တဲ့လများအတွင်းမှာဟိုတယ်တွင်အကြိမ်ကြိမ်လျို့ဝှက်တွေ့ဆုံခဲ့ကြပြီးဖြစ်ပါတယ်။

တစ်ဖက်တွင်ဂျက်ဂရဲလ်လစ်ရှ်ဟာဆယ်စုနှစ်တစ်ခုကြာတွဲလာခဲ့တဲ့ဆာရှာအက်ဝုဒ်နှင့်အဆက်အသွယ်မပြတ်သေးပါဘူး။၎င်းတို့နှစ်ဦးဟာယင်းကာလအတွင်းတွင်ပြတ်လိုက်တွဲလိုက်ဖြစ်နေခဲ့ပြီးယူရို၂၀၂၀မတိုင်မီပြန်တွဲခဲ့ကြပါတယ်။

ZawGyi





