ငယ်စဉ်တုန်းက ဆရာဖြစ်သူရဲ့နေအိမ်တွင် သွားအိပ်စဉ် ကြုံခဲ့ရတဲ့ အဖြစ်အပျက်ဆိုးကို အီဗရာ ဖွင့်ဟ

မန်ယူဂန္ထဝင်နောက်ခံလူဟောင်းပက်ထရစ်အီဗရာကသူအသက်၁၃နှစ်အရွယ်တုန်းကလိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခြင်းခံခဲ့ရကြောင်းဖွင့်ဟပြောကြားလာပါတယ်။

ပြင်သစ်လက်ရွေးစင်ဘယ်နောက်ခံလူဟောင်းဟာသူ့အတန်းပိုင်ဆရာဖြစ်သူရဲ့နေအိမ်တွင်သွားရောက်နေထိုင်စဉ်အတွင်းဆရာဖြစ်သူရဲ့လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံခဲ့ရတာဖြစ်ပါတယ်။

အသက်၄၀နှစ်ရှိအီဗရာဟာ The Times တွင်အခန်းဆက်ရေးသားနေတဲ့ သူ့ဘဝဇာတ်ကြောင်းအတ္တုပတ္တိစာအုပ် I Love this game တွင် ဖွင့်ချလာခဲ့တာလည်းဖြစ်ပါတယ်။

အီဗရာက “စာသင်ရက်ကုန်ဆုံးဖို့နီးလာပြီဆိုရင်ကျွန်တော့်ဗိုက်ပေါ်မှာလိပ်ပြာလေးတွေပျံတာကြုံရပါမယ်။လအတန်ကြာတော့အမေ့ကို သူနဲ့ထပ်မနေချင်တော့ဘူးလို့ပြောလိုက်ပါတယ်။ဘာအကြောင်းပြချက်မှတော့မပေးခဲ့ပါဘူး။တစ်ညသူ့အိမ်မှာပေါ့။အိမ်ကိုကျွန်တော်ပြန်တော့မယ်ဆိုတာသူသိနေတယ်။သူအောင်မြင်သွားခဲ့တယ်။ကျွန်တော့်ပစ္စည်းကိုပါးစပ်ထဲထည့်လိုက်တယ်။တကယ်လို့သင်ဟာဒီစာဖတ်နေတဲ့ကလေးတစ်ယောက်ဆိုရင် ဒါမျိုးကြုံလာရင်ဖွင့်ပြောဖို့မရှက်ပါနဲ့။ဒါနဲ့ပတ်သက်ပြီးဖွင့်ချပြီးအိပ်မက်ဆိုးကိုရင်ဆိုင်လိုက်ပါ”လို့ရေးသားသွားပါတယ်။

အီဗရာဟာမန်ယူတွင်၂၀၀၅ခုနှစ်မှ၂၀၁၄ခုနှစ်အထိကစားခဲ့ပြီး၃၇၉ပွဲကစားခဲ့ပါတယ်။သူဟာမန်ယူနှင့်အတူပရီးမီးယားလိဂ်ဖလားငါးကြိမ်ရရှိခဲ့သလိုချန်ပီယံလိဂ်ဖလားလည်းဆွတ်ခူးနိုင်ခဲ့ပါတယ်။

ဒါ့အပြင်အီဗရာကသူ့အသက်၂၄နှစ်မှာမိုနာကိုတွင်ကစားနေစဉ်အတွင်းယင်းဆရာမှာယင်းသို့လိင်အနိုင်ကျင့်မှုဖြင့်စွဲချက်တင်ခြင်းခံခဲ့ရပြီးရဲတပ်ဖွဲ့ကသူ့ထံမေးမြန်းမှုပြုလုပ်ခဲ့ကြောင်းလည်းဆိုသွားပါတယ်။ဒါပေမယ့်အီဗရာဟာထိုစဉ်ကဆရာဖြစ်သူရဲ့လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံခဲ့ရကြောင်းကိုရဲကိုဖွင့်ဟပြောကြားခဲ့ခြင်းမရှိခဲ့ပါဘူး။

ZawGyi

ငယ္စဥ္တုန္းက ဆရာျဖစ္သူရဲ႕ေနအိမ္တြင္ သြားအိပ္စဥ္ ႀကဳံခဲ့ရတဲ့ အျဖစ္အပ်က္ဆိုးကို အီဗရာ ဖြင့္ဟ

မန္ယူဂႏၴဝင္ေနာက္ခံလူေဟာင္းပက္ထရစ္အီဗရာကသူအသက္၁၃ႏွစ္အ႐ြယ္တုန္းကလိင္ပိုင္းဆိုင္ရာအႏိုင္က်င့္ျခင္းခံခဲ့ရေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

ျပင္သစ္လက္ေ႐ြးစင္ဘယ္ေနာက္ခံလူေဟာင္းဟာသူ႔အတန္းပိုင္ဆရာျဖစ္သူရဲ႕ေနအိမ္တြင္သြားေရာက္ေနထိုင္စဥ္အတြင္းဆရာျဖစ္သူရဲ႕လိင္ပိုင္းဆိုင္ရာအႏိုင္က်င့္ခံခဲ့ရတာျဖစ္ပါတယ္။

အသက္၄၀ႏွစ္ရွိအီဗရာဟာ The Times တြင္အခန္းဆက္ေရးသားေနတဲ့ သူ႔ဘဝဇာတ္ေၾကာင္းအတၱဳပတၱိစာအုပ္ I Love this game တြင္ ဖြင့္ခ်လာခဲ့တာလည္းျဖစ္ပါတယ္။

အီဗရာက “စာသင္ရက္ကုန္ဆုံးဖို႔နီးလာၿပီဆိုရင္ကြၽန္ေတာ့္ဗိုက္ေပၚမွာလိပ္ျပာေလးေတြပ်ံတာႀကဳံရပါမယ္။လအတန္ၾကာေတာ့အေမ့ကို သူနဲ႔ထပ္မေနခ်င္ေတာ့ဘူးလို႔ေျပာလိုက္ပါတယ္။ဘာအေၾကာင္းျပခ်က္မွေတာ့မေပးခဲ့ပါဘူး။တစ္ညသူ႔အိမ္မွာေပါ့။အိမ္ကိုကြၽန္ေတာ္ျပန္ေတာ့မယ္ဆိုတာသူသိေနတယ္။သူေအာင္ျမင္သြားခဲ့တယ္။ကြၽန္ေတာ့္ပစၥည္းကိုပါးစပ္ထဲထည့္လိုက္တယ္။တကယ္လို႔သင္ဟာဒီစာဖတ္ေနတဲ့ကေလးတစ္ေယာက္ဆိုရင္ ဒါမ်ိဳးႀကဳံလာရင္ဖြင့္ေျပာဖို႔မရွက္ပါနဲ႔။ဒါနဲ႔ပတ္သက္ၿပီးဖြင့္ခ်ၿပီးအိပ္မက္ဆိုးကိုရင္ဆိုင္လိုက္ပါ”လို႔ေရးသားသြားပါတယ္။

အီဗရာဟာမန္ယူတြင္၂၀၀၅ခုႏွစ္မွ၂၀၁၄ခုႏွစ္အထိကစားခဲ့ၿပီး၃၇၉ပြဲကစားခဲ့ပါတယ္။သူဟာမန္ယူႏွင့္အတူပရီးမီးယားလိဂ္ဖလားငါးႀကိမ္ရရွိခဲ့သလိုခ်န္ပီယံလိဂ္ဖလားလည္းဆြတ္ခူးႏိုင္ခဲ့ပါတယ္။

ဒါ့အျပင္အီဗရာကသူ႔အသက္၂၄ႏွစ္မွာမိုနာကိုတြင္ကစားေနစဥ္အတြင္းယင္းဆရာမွာယင္းသို႔လိင္အႏိုင္က်င့္မႈျဖင့္စြဲခ်က္တင္ျခင္းခံခဲ့ရၿပီးရဲတပ္ဖြဲ႕ကသူ႔ထံေမးျမန္းမႈျပဳလုပ္ခဲ့ေၾကာင္းလည္းဆိုသြားပါတယ္။ဒါေပမယ့္အီဗရာဟာထိုစဥ္ကဆရာျဖစ္သူရဲ႕လိင္ပိုင္းဆိုင္ရာအႏိုင္က်င့္ခံခဲ့ရေၾကာင္းကိုရဲကိုဖြင့္ဟေျပာၾကားခဲ့ျခင္းမရွိခဲ့ပါဘူး။