ငယ်ဘဝအိပ်မက်များထဲမှ တစ်ခုကို ဖြည့်ဆည်းလာနိုင်တော့မဲ့ လီယွန်နယ်မက်ဆီ

လီယွန်နယ်မက်ဆီဟာကိုယ်ပိုင်ကာတွန်းရုပ်သံစီးရီးတွင်ပါဝင်ခွင့်ရရှိလာတော့မှာဖြစ်ပါတယ်။ပီအက်စ်ဂျီစတားဟာ Sony Music Entertainment နှင့်စာချုပ်တစ်ရပ်ချုပ်ဆိုရန်သဘောတူညီမှုရရှိသွားပြီဖြစ်ကြောင်း Deadline မဂ္ဂဇင်းကဖော်ပြသွားပါတယ်။

ယင်းပရော့ဂျက်မှာမက်ဆီရဲ့ဘောလုံးသမားဘဝမှအနားယူပြီးနောက်ဘောလုံးသမားဘဝနှောင်းပိုင်းစီမံကိန်းများထဲမှတစ်ခုဖြစ်ပါတယ်။

လီယွန်နယ်မက်ဆီကကာတွန်းရုပ်သံစီးရီးတွင်ပါဝင်ခွင့်ရရှိရေးမှာသူ့ရဲ့ငယ်ဘဝအိပ်မက်များထဲမှတစ်ခုဖြစ်ကြောင်းဆိုသွားပါတယ်။

၎င်းက “ငယ်စဉ်ကတည်းကကာတွန်းစီးရီးတွေကိုကြိုက်တယ်။ကျွန်တော့်ကလေးတွေကကာတွန်းဇာတ်ကောင်တွေရဲ့အမာခံပရိသတ်တွေပါ။ကာတွန်းစီမံကိန်းမှာပါဝင်ခွင့်ရမယ်ဆိုရင်တော့ကျွန်တော့်ငယ်ဘဝအိပ်မက်တွေထဲကတစ်ခုကိုဖြည့်နိုင်တော့မှာဖြစ်လို့အရမ်းဝမ်းသာပါတယ်။ဒီစီမံကိန်းမှာပါဝင်ပေးတဲ့အတွက် Sony Music ကိုလည်းကျေးဇူးတင်ပါတယ်။ရလဒ်ကိုလူတိုင်းသဘောကျဖို့မျှော်လင့်ပါတယ်။အထူးသဖြင့်ကောင်လေးတွေကောင်မလေးတွေပေါ့”လို့ပြောကြားသွားပါတယ်။

လက်ရှိအချိန်တွင်လီယွန်နယ်မက်ဆီရဲ့ကာတွန်းစီးရီးနှင့်ပတ်သက်ပြီးအတည်ပြုနိုင်တာမျိုးမရှိသေးပါဘူး။ဒါပေမဲ့ကာတွန်းဇာတ်ကောင်ကဗီဒီယိုဂိမ်းကစားတဲ့အာဂျင်တီးနားကောင်လေးတစ်ယောက်ကိုအခြေခံပြုလာမယ်လို့တော့သိရပါတယ်။

မက်ဆီဟာလည်းဗီဒီယိုဂိမ်းများတွင်ပါဝင်နေသူလည်းဖြစ်ပါတယ်။FIFA23၊ Pro Evolution Soccer နှင့် Call Of Duty: Modern Warfare 2တို့တွင်ပါဝင်ထားပြီးဖြစ်ပါတယ်။

ZawGyi

ငယ္ဘဝအိပ္မက္မ်ားထဲမွ တစ္ခုကို ျဖည့္ဆည္းလာႏိုင္ေတာ့မဲ့ လီယြန္နယ္မက္ဆီ

လီယြန္နယ္မက္ဆီဟာကိုယ္ပိုင္ကာတြန္း႐ုပ္သံစီးရီးတြင္ပါဝင္ခြင့္ရရွိလာေတာ့မွာျဖစ္ပါတယ္။ပီအက္စ္ဂ်ီစတားဟာ Sony Music Entertainment ႏွင့္စာခ်ဳပ္တစ္ရပ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိသြားၿပီျဖစ္ေၾကာင္း Deadline မဂၢဇင္းကေဖာ္ျပသြားပါတယ္။

ယင္းပေရာ့ဂ်က္မွာမက္ဆီရဲ႕ေဘာလုံးသမားဘဝမွအနားယူၿပီးေနာက္ေဘာလုံးသမားဘဝေႏွာင္းပိုင္းစီမံကိန္းမ်ားထဲမွတစ္ခုျဖစ္ပါတယ္။

လီယြန္နယ္မက္ဆီကကာတြန္း႐ုပ္သံစီးရီးတြင္ပါဝင္ခြင့္ရရွိေရးမွာသူ႔ရဲ႕ငယ္ဘဝအိပ္မက္မ်ားထဲမွတစ္ခုျဖစ္ေၾကာင္းဆိုသြားပါတယ္။

၎က “ငယ္စဥ္ကတည္းကကာတြန္းစီးရီးေတြကိုႀကိဳက္တယ္။ကြၽန္ေတာ့္ကေလးေတြကကာတြန္းဇာတ္ေကာင္ေတြရဲ႕အမာခံပရိသတ္ေတြပါ။ကာတြန္းစီမံကိန္းမွာပါဝင္ခြင့္ရမယ္ဆိုရင္ေတာ့ကြၽန္ေတာ့္ငယ္ဘဝအိပ္မက္ေတြထဲကတစ္ခုကိုျဖည့္ႏိုင္ေတာ့မွာျဖစ္လို႔အရမ္းဝမ္းသာပါတယ္။ဒီစီမံကိန္းမွာပါဝင္ေပးတဲ့အတြက္ Sony Music ကိုလည္းေက်းဇူးတင္ပါတယ္။ရလဒ္ကိုလူတိုင္းသေဘာက်ဖို႔ေမွ်ာ္လင့္ပါတယ္။အထူးသျဖင့္ေကာင္ေလးေတြေကာင္မေလးေတြေပါ့”လို႔ေျပာၾကားသြားပါတယ္။

လက္ရွိအခ်ိန္တြင္လီယြန္နယ္မက္ဆီရဲ႕ကာတြန္းစီးရီးႏွင့္ပတ္သက္ၿပီးအတည္ျပဳႏိုင္တာမ်ိဳးမရွိေသးပါဘူး။ဒါေပမဲ့ကာတြန္းဇာတ္ေကာင္ကဗီဒီယိုဂိမ္းကစားတဲ့အာဂ်င္တီးနားေကာင္ေလးတစ္ေယာက္ကိုအေျခခံျပဳလာမယ္လို႔ေတာ့သိရပါတယ္။

မက္ဆီဟာလည္းဗီဒီယိုဂိမ္းမ်ားတြင္ပါဝင္ေနသူလည္းျဖစ္ပါတယ္။FIFA23၊ Pro Evolution Soccer ႏွင့္ Call Of Duty: Modern Warfare 2တို႔တြင္ပါဝင္ထားၿပီးျဖစ္ပါတယ္။