ငယ်သူငယ်ချင်း နော်ဝေဘောလုံးမယ်ကို လျို့ဝှက်ဂိုးသွင်းနေတဲ့ အာလင်းဟာလန်း

မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းဟာနော်ဝေဘောလုံးမယ်အစ္စဘယ်ဟူဆန်ဂျွန်ဆင်နှင့်ချစ်ကြိုက်လျက်ရှိပါတယ်။

အသက်၂၂နှစ်ရှိအာလင်းဟာလန်းဟာအသက်၁၈နှစ်အရွယ်ရှိနော်ဝေအမျိုးသမီးဘောလုံးမယ်နှင့်ချစ်ကြိုက်နေကြောင်း သူငယ်ချင်းများကအတည်ပြုလာပါတယ်။

၎င်းတို့နှစ်ဦးဟာကမ္ဘာ့ဖလားပြိုင်ပွဲကြောင့်လိဂ်ပြိုင်ပွဲနားထားစဉ်အတွင်းစပိန်နိုင်ငံ၊မာဘယ်လာမှာအပန်းဖြေအနားယူလျက်ရှိကြပါတယ်။

၎င်းတို့နှစ်ဦးဟာဘရိုင်နီတွင်အတူကြီးပြင်းလာကြတဲ့သူငယ်ချင်းများဖြစ်ခဲ့သလိုဒေသခံအသင်းမှာကစားခဲ့ကြသူတွေဖြစ်ပါတယ်။

ယခုရာသီတွင်မန်စီးတီးအတွက်ပရီးမီးယားလိဂ်ပွဲ၁၃ပွဲတွင်၁၈ဂိုးသွင်းထားတဲ့အာလင်းဟာလန်းကသူ့ဘောလုံးကသူ့ချစ်သူဖြစ်ကြောင်းဆိုထားသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့ယခုအခါမှာတော့အာလင်းဟာလန်းဟာငယ်သူငယ်ချင်းကိုချစ်သူအဖြစ်ရွေးချယ်လာခဲ့ပြီလည်းဖြစ်ပါတယ်။

ZawGyi






