ချဲလ်ဆီးနှင့်နယူးကာဆယ်စတားဟောင်းခရစ္စတီယန်အက်ဆူးကိုတူရကီငလျင်လှုပ်ပြီး၁၂ရက်အကြာမှာသေဆုံးလျက်တွေ့ရှိရပါတယ်။
အသက်၃၁နှစ်ရှိအတ်ဆူးဟာဖေဖော်ဝါရီလ၆ရက်နေ့တုန်းကငလျင်နှစ်ကြိမ်လှုပ်မှုမတိုင်မီနာရီအနည်းငယ်ခန့်အလိုတွင်တူရကီမှထွက်ခွာရန်လေယာဉ်ခရီးစီစဉ်ထားခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့သူဟာလေယာဉ်ခရီးစဉ်ကိုဖျက်ခဲ့ပါတယ်။သူဟာယင်းမတိုင်မီHataysport အတွက်နောက်ဆုံးကစားတဲ့ပွဲတွင်အနိုင်ဂိုးသွင်းခဲ့သူလည်းဖြစ်ပါတယ်။
သူဟာငလျင်မလှုပ်မီည၁၁နာရီတွင်တူရကီမှထွက်ခွာရမှာဖြစ်ပေမဲ့ခရီးစဉ်ကိုဖျက်ခဲ့ပါတယ်။ယင်းနောက်ဒေသစံတော်ချိန်နံနက်၄နာရီမှာငလျင်လှုပ်မှုဖြစ်ခဲ့ပါတယ်။
အန်ဆူရဲ့ရုပ်အလောင်းကိုငလျင်လှုပ်ပြီးနောက်၁၂ရက်အကြာတွင်တွေ့ရှိပါတယ်။
သူ့ကိုသူနေထိုင်ရာ၁၂ထပ်တိုက်အပြိုအပျက်ကြားထဲမှာဘဲတွေ့ရှိတာဖြစ်ပါတယ်။
ZawGyi
ငလျင်ကြောင့် မသေဆုံးမီ တူရကီမှ ထွက်ခွာရန် စီစဉ်ခဲ့တဲ့ ပရီးမီးယားလိဂ်စတားဟောင်း