ငလျင်ဒဏ်ခံခဲ့တဲ့ တူရကီနှင့်ဆီးရီးယားအတွက် ပေါင်၁သန်းလှူဒါန်းလာတဲ့ ပရီးမီးယားလိဂ်

ပရီးမီးယားလိဂ်ဟာငလျင်ဒဏ်အကြီးအကျယ်ခံခဲ့ရတဲ့တူရကီနှင့်ဆီးရီးယားအတွက်ပြန်လည်ထူထောင်နိုင်ရေးပေါင်၁သန်းလှူဒါန်းလာပါတယ်။

တူရကီနှင့်ဆီးရီးယားတို့တွင်အင်္ဂါနေ့တုန်းကကြီးကျယ်တဲ့ငလျင်လှုပ်မှုနှစ်ကြိမ်ဖြစ်ပျက်ခဲ့ပြီးလူပေါင်း၂သောင်းကျော်အသက်ဆုံးရှုံးခဲ့ရပါတယ်။

တစ်ကမ္ဘာလုံးမှသန်းပေါင်းများစွာသောလူများဟာတူရကီနှင့်ဆီးရီးယားအတွက်ငွေများလှူဒါန်းလျက်ရှိကြပါတယ်။

ပရီးမီးယားလိဂ်ဟာလည်းတူရကီနှင့်ဆီးရီးယားတို့အတွက်Disasters Emergency Committee သို့ပေါင်၁သန်းလှူဒါန်းမှုပြုလုပ်လာပါတယ်။

ပရီးမီးယားလိဂ်ရဲ့တူရကီနှင့်ဆီးရီးယားတို့အတွက်လူသားခြင်းစာနာထောက်ထားမှုအတွက်လုပ်ဆောင်လာမှုအားလက်စတာနှင့်တူရကီနောက်ခံလူဂါကလာဆိုယန်ကူကချီးကျူးမှုပြုလုပ်သွားပါတယ်။

ZawGyi





