
ကာတာဟာရာပေါင်းများစွာသောပရိသတ်အတုများကွဲပြားနိုင်ငံများမှပရိသတ်များအဖြစ်ဟန်ဆောင်သရုပ်ဆောင်စေပြီးကမ္ဘာ့ဖလားချီတက်ပွဲပြုလုပ်ခဲ့ပါတယ်။
အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်အရကွဲပြားတဲ့နိုင်ငံများမှရာပေါင်းများစွာသောပရိသတ်များဟာစုဝေးချီတက်မှုပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။
The Sun သတင်းစာကအဆိုပါပရိသတ်တုများဟာအလံများ၊နဖူးစည်းများကိုင်ဆောင်ထားသလိုမျက်နှာတွင်ဆေးများခြယ်ထားပြီးကမ္ဘာ့ဖလားပြိုင်ပွဲစမတင်မီရက်ပိုင်းမျှအလိုတွင်ဒိုဟာရှိလမ်းမများတွင်လှည့်လည်သွားခဲ့ကြောင်းဖော်ပြသွားပါတယ်။
အဆိုပါဗီဒီယိုများတွင်အာဂျင်တီးနား၊ဘရာဇီး၊အင်္ဂလန်၊ပေါ်တူဂီနှင့်အခြားနိုင်ငံများမှပရိသတ်များလည်းပါဝင်ကြပါတယ်။
ဒါပေမဲ့ပရိသတ်များရဲ့အပြုအမူရဲ့အပြုအမူကတကယ့်ပရိသတ်အစစ်အမှန်နဲ့မတူဘဲသရုပ်ဆောင်နေပုံနှင့်တူနေရာအတူငွေပေးခေါ်ထားတဲ့ပရိသတ်များအတုများလို့ရေးသားခြင်းခံနေရပါတယ်။
ZawGyi
ပရိသတ်အတုများဖြင့် ကမ္ဘာ့ဖလားချီတက်ပွဲပြုလုပ်ခဲ့တဲ့ ကမ္ဘာ့ဖလားအိမ်ရှင်ကာတာ