ငါးနှစ်အတွင်းတွင် Ballon d’Or ဆုအား အာမက်ဒီရယ်လိုဆွာခူးလာမည်

အာမက်ဒီရယ်လိုဟာငါးနှစ်အတွင်းတွင် Ballon d’Or ဆုကိုဆွတ်ခူးလာနိုင်ပါတယ်။၂၀၁၅ခုနှစ်တုန်းကသူ့ကိုဘိုကာဘာကိုမှအတ္တလန္တာသို့ပြောင်းရွှေ့နိုင်အောင်ကူညီပေးခဲ့တဲ့လူကဖွင့်ဟပြောကြားလာခဲ့တာဖြစ်ပါတယ်။

အသက်၁၈နှစ်ရှိအိုင်ဗရီကို့စ်လက်ရွေးစင်ဟာဇန်နဝါရီလတုန်းကအတ္တလန္တာမှမန်ယူသို့ပြောင်းရွေ့ကြေးပေါင်၃၇သန်းဖြင့်ရောက်လာသူဖြစ်ပါတယ်။သူဟာမန်ယူယူ-၂၃အသင်းတွင်ခြေစွမ်းပြကစားနိုင်ပြီးနောက်ပထမအသင်းသို့ရောက်လာခဲ့ပါတယ်။သူဟာမန်ယူအတွက်အရန်အဖြစ်လေးပွဲတိုင်တိုင်ကစားထားပြီးလည်းဖြစ်ပါတယ်။

သူဟာအိုးထရက်ဖို့ဒ်မှာကစားခဲ့တဲ့အေစီမီလန်နှင့်ယူရိုပါလိဂ်၁၆သင်းအဆင့်ပထမအကျော့ပွဲစဉ်တုန်းကမန်ယူအတွက်ဦးဆောင်ဂိုးကိုနောက်လှန်ခေါင်းတိုက်ချက်ဖြင့်သွင်းယူနိုင်ခဲ့သူလည်းဖြစ်ပါတယ်။

သူဟာပရီးမီးယားလိဂ်တွင်ခြေစွမ်းပြကစားနိုင်ရေးအတွက်ကြံ့ခိုင်မှုပိုင်းလိုအပ်ချက်ရှိနေသေးသော်လည်းအတ္တလန္တာမှာစမ်းသပ်မှုခံယူနိုင်ရန်လုပ်ဆောင်ခဲ့တဲ့ဂျီယိုဗန်နီဂယ်လီကအိုင်ဗရီကို့စ် လက်ရွေးစင်မှာထိပ်တန်းအဆင့်သို့လာမယ့်နှစ်အနည်းငယ်အတွင်းရောက်လာလိမ့်မယ်လို့ဆိုသွားပါတယ်။

အေစီမီလန်နှင့်အီတလီဂိုးသမားဟောင်းဂယ်လီက “အာမက်ကပြိုင်ဘက်ကင်းကစားသမားတစ်ဦး ဖြစ်ပါတယ်။ဒါပေမယ့်သူ့အနေနဲ့ပိုပြီးတော့တောင့်တင်းသန်မာလာအောင်လုပ်ရပါမယ်။တစ်ချိန်တည်းမှာဘဲသူ့ရဲ့မြန်နှုန်းကိုလည်းမဆုံးရှုံးရအောင်လုပ်ရပါမယ်။မြန်နှုန်းကသူ့အတွက်အခြားသူတွေထက်သာလွန်တဲ့အရာဖြစ်ပါတယ်။သူ့မှာလာမယ့်ငါးနှစ်အတွင်းမှာBallon d’Or ဆုကိုစိန်ခေါ်လာနိုင်တဲ့သူဖြစ်လာဖို့အရည်အချင်းအားလုံးရှိပါတယ်။သူကအရမ်းငယ်ပါသေးတယ်။အင်္ဂလန်သို့ရောက်ပြီးနှစ်လအကြာမှာဘဲပထမဆုံးယူရိုပါလိဂ်ပွဲကစားခွင့်ရခဲ့တယ်။လာမယ့်ရာသီမှာသူဟာမန်ယူပထမအသင်းရဲ့အရေးပါတဲ့သူဖြစ်လာပါလိမ့်မယ်”လို့ပြောကြားသွားပါတယ်။

မကြာသေးမီတုန်းကမေဆင်ဂရင်းဝုဒ်ကလည်းဒီရယ်လိုမှာနည်းစနစ်ပိုင်းအလွန်အံ့ဩစရာကောင်းတဲ့ကစားသမားတစ်ဦးဖြစ်ကြောင်းချီးကျူးပြောကြားဖူးပါတယ်။

ZawGyi

ငါးႏွစ္အတြင္းတြင္ Ballon d’Or ဆုအား အာမက္ဒီရယ္လိုဆြာခူးလာမည္

အာမက္ဒီရယ္လိုဟာငါးႏွစ္အတြင္းတြင္ Ballon d’Or ဆုကိုဆြတ္ခူးလာႏိုင္ပါတယ္။၂၀၁၅ခုႏွစ္တုန္းကသူ႔ကိုဘိုကာဘာကိုမွအတၱလႏၲာသို႔ေျပာင္းေ႐ႊ႕ႏိုင္ေအာင္ကူညီေပးခဲ့တဲ့လူကဖြင့္ဟေျပာၾကားလာခဲ့တာျဖစ္ပါတယ္။

အသက္၁၈ႏွစ္ရွိအိုင္ဗရီကို႔စ္လက္ေ႐ြးစင္ဟာဇန္နဝါရီလတုန္းကအတၱလႏၲာမွမန္ယူသို႔ေျပာင္းေ႐ြ႕ေၾကးေပါင္၃၇သန္းျဖင့္ေရာက္လာသူျဖစ္ပါတယ္။သူဟာမန္ယူယူ-၂၃အသင္းတြင္ေျခစြမ္းျပကစားႏိုင္ၿပီးေနာက္ပထမအသင္းသို႔ေရာက္လာခဲ့ပါတယ္။သူဟာမန္ယူအတြက္အရန္အျဖစ္ေလးပြဲတိုင္တိုင္ကစားထားၿပီးလည္းျဖစ္ပါတယ္။

သူဟာအိုးထရက္ဖို႔ဒ္မွာကစားခဲ့တဲ့ေအစီမီလန္ႏွင့္ယူ႐ိုပါလိဂ္၁၆သင္းအဆင့္ပထမအေက်ာ့ပြဲစဥ္တုန္းကမန္ယူအတြက္ဦးေဆာင္ဂိုးကိုေနာက္လွန္ေခါင္းတိုက္ခ်က္ျဖင့္သြင္းယူႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။

သူဟာပရီးမီးယားလိဂ္တြင္ေျခစြမ္းျပကစားႏိုင္ေရးအတြက္ႀကံ့ခိုင္မႈပိုင္းလိုအပ္ခ်က္ရွိေနေသးေသာ္လည္းအတၱလႏၲာမွာစမ္းသပ္မႈခံယူႏိုင္ရန္လုပ္ေဆာင္ခဲ့တဲ့ဂ်ီယိုဗန္နီဂယ္လီကအိုင္ဗရီကို႔စ္ လက္ေ႐ြးစင္မွာထိပ္တန္းအဆင့္သို႔လာမယ့္ႏွစ္အနည္းငယ္အတြင္းေရာက္လာလိမ့္မယ္လို႔ဆိုသြားပါတယ္။

ေအစီမီလန္ႏွင့္အီတလီဂိုးသမားေဟာင္းဂယ္လီက “အာမက္ကၿပိဳင္ဘက္ကင္းကစားသမားတစ္ဦး ျဖစ္ပါတယ္။ဒါေပမယ့္သူ႔အေနနဲ႔ပိုၿပီးေတာ့ေတာင့္တင္းသန္မာလာေအာင္လုပ္ရပါမယ္။တစ္ခ်ိန္တည္းမွာဘဲသူ႔ရဲ႕ျမန္ႏႈန္းကိုလည္းမဆုံးရႈံးရေအာင္လုပ္ရပါမယ္။ျမန္ႏႈန္းကသူ႔အတြက္အျခားသူေတြထက္သာလြန္တဲ့အရာျဖစ္ပါတယ္။သူ႔မွာလာမယ့္ငါးႏွစ္အတြင္းမွာBallon d’Or ဆုကိုစိန္ေခၚလာႏိုင္တဲ့သူျဖစ္လာဖို႔အရည္အခ်င္းအားလုံးရွိပါတယ္။သူကအရမ္းငယ္ပါေသးတယ္။အဂၤလန္သို႔ေရာက္ၿပီးႏွစ္လအၾကာမွာဘဲပထမဆုံးယူ႐ိုပါလိဂ္ပြဲကစားခြင့္ရခဲ့တယ္။လာမယ့္ရာသီမွာသူဟာမန္ယူပထမအသင္းရဲ႕အေရးပါတဲ့သူျဖစ္လာပါလိမ့္မယ္”လို႔ေျပာၾကားသြားပါတယ္။

မၾကာေသးမီတုန္းကေမဆင္ဂရင္းဝုဒ္ကလည္းဒီရယ္လိုမွာနည္းစနစ္ပိုင္းအလြန္အံ့ဩစရာေကာင္းတဲ့ကစားသမားတစ္ဦးျဖစ္ေၾကာင္းခ်ီးက်ဴးေျပာၾကားဖူးပါတယ္။