ငါးမျှားစဉ် ဇင်ယော်ဖမ်းမိခဲ့တဲ့ အာဆင်နယ်ဂန္ထဝင်ဆီးမင်းရဲ့ထူးဆန်းတဲ့ဖြစ်ရပ်

အာဆင်နယ်နှင့်အင်္ဂလန်ဂန္ထဝင်ဂိုးသမားဒေးဗစ်ဆီးမင်းကငါးမျှားစဉ်မှားယွင်းကာဇင်ယော်ဖမ်းမိခဲ့တဲ့ထူးဆန်းတဲ့ဖြစ်ရပ်အကြောင်းဖွင့်ဟပြောကြားလာပါတယ်။

အင်္ဂလန်ဂိုးသမားဟောင်းဟာငါးမျှားစဉ် ငါးမျှားချိတ်ကိုရေထဲသို့ ပစ်ချလိုက်ချိန်မှာငှက်ကငါးမျှားချိတ်ကိုအတင်းလုယူဆွဲရာမှာဇင်ယော်မိခဲ့တာလည်းဖြစ်ပါတယ်။

အသက်၅၇နှစ်ရှိဆီးမင်းက “ငါးမျှားချိတ်ပစ်လိုက်တော့ချက်ချင်းဆိုသလိုဇင်ယော်တစ်ကောင်ရောက်လာပြီးငါးမျှားချိတ်ကိုဖမ်းဟပ်ပါတယ်။ပြီးတော့အတင်းဆွဲတယ်။ကျွန်တော်လည်းကြိုးရစ်ပြီးပြန်ယူဖို့ကြိုးစားတယ်။နောက်တော့ချိတ်ကနေဖြုတ်ပြီးငှက်ကိုပြန်လွှတ်ပေးလိုက်ပါတယ်။အဲဒီတုန်းကတစ်နာရီလောက်အတွင်းမှာငါးလေးကောင်ရခဲ့ပါတယ်။ဒါပေမယ့်ဇင်ယော်တစ်ကောင်လည်းမိခဲ့တယ်”လို့ပြောကြားသွားခဲ့ပါတယ်။

MBE ဘွဲ့ချီးမြှင့်ခံထားရတဲ့ဒေးဗစ်ဆီးမင်းဟာ၁၉၈၁ခုနှစ်မှ၂၀၀၄ခုနှစ်အတွင်းတွင်အင်္ဂလန်အသင်းအတွက်၇၅ပွဲကစားပေးခဲ့သူဖြစ်ပြီးသူဟာကန်နက်မြစ်ကမ်းဘေးမှာနေထိုင်သူလည်းဖြစ်ပါတယ်။

ZawGyi

ငါးမွ်ားစဥ္ ဇင္ေယာ္ဖမ္းမိခဲ့တဲ့ အာဆင္နယ္ဂႏၴဝင္ဆီးမင္းရဲ႕ထူးဆန္းတဲ့ျဖစ္ရပ္

အာဆင္နယ္ႏွင့္အဂၤလန္ဂႏၴဝင္ဂိုးသမားေဒးဗစ္ဆီးမင္းကငါးမွ်ားစဥ္မွားယြင္းကာဇင္ေယာ္ဖမ္းမိခဲ့တဲ့ထူးဆန္းတဲ့ျဖစ္ရပ္အေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

အဂၤလန္ဂိုးသမားေဟာင္းဟာငါးမွ်ားစဥ္ ငါးမွ်ားခ်ိတ္ကိုေရထဲသို႔ ပစ္ခ်လိုက္ခ်ိန္မွာငွက္ကငါးမွ်ားခ်ိတ္ကိုအတင္းလုယူဆြဲရာမွာဇင္ေယာ္မိခဲ့တာလည္းျဖစ္ပါတယ္။

အသက္၅၇ႏွစ္ရွိဆီးမင္းက “ငါးမွ်ားခ်ိတ္ပစ္လိုက္ေတာ့ခ်က္ခ်င္းဆိုသလိုဇင္ေယာ္တစ္ေကာင္ေရာက္လာၿပီးငါးမွ်ားခ်ိတ္ကိုဖမ္းဟပ္ပါတယ္။ၿပီးေတာ့အတင္းဆြဲတယ္။ကြၽန္ေတာ္လည္းႀကိဳးရစ္ၿပီးျပန္ယူဖို႔ႀကိဳးစားတယ္။ေနာက္ေတာ့ခ်ိတ္ကေနျဖဳတ္ၿပီးငွက္ကိုျပန္လႊတ္ေပးလိုက္ပါတယ္။အဲဒီတုန္းကတစ္နာရီေလာက္အတြင္းမွာငါးေလးေကာင္ရခဲ့ပါတယ္။ဒါေပမယ့္ဇင္ေယာ္တစ္ေကာင္လည္းမိခဲ့တယ္”လို႔ေျပာၾကားသြားခဲ့ပါတယ္။

MBE ဘြဲ႕ခ်ီးျမႇင့္ခံထားရတဲ့ေဒးဗစ္ဆီးမင္းဟာ၁၉၈၁ခုႏွစ္မွ၂၀၀၄ခုႏွစ္အတြင္းတြင္အဂၤလန္အသင္းအတြက္၇၅ပြဲကစားေပးခဲ့သူျဖစ္ၿပီးသူဟာကန္နက္ျမစ္ကမ္းေဘးမွာေနထိုင္သူလည္းျဖစ္ပါတယ္။