ငါးရက်ပွဲပယ်ခံ တောင်အမေရိကစတားများကို ပရီးမီးယားလိဂ်ကလပ်များ အသုံးပြုသွားမည်

ပရီးမီးယားလိဂ်ကလပ်များဟာကမ္ဘာ့ဖလားခြေစစ်ပွဲသွားရောက်မကစားမှုကြောင့် ငါးရက်ကြာကလပ်ပွဲကစားခွင့်ပိတ်ပင်ခြင်းခံထားရတဲ့တောင်အမေရိကစတားများအားယခုအပတ်ပရီးမီးယားလိဂ်ပွဲစဉ်များတွင် အသုံးပြုသွားမည်ဖြစ်ကြောင်းသိရပါတယ်။

ပရီးမီးယားလိဂ်ကလပ်များဟာကိုဗစ်ကန့်သတ်ချက်အနီရောင်အဆင့်ရှိနိုင်ငံများသို့ကစားသမားစေလွှတ်ခြင်းမပြုရန်ဆုံးဖြတ်ခဲ့ကြပါတယ်။ဒါကြောင့်လည်းဖီဖာကနိုင်ငံတကာပွဲသွားရောက်မကစားတဲ့ကစားသမားများအားငါးရက်ကြာကလပ်ပွဲကစားခွင့်ပိတ်ပင်ခဲ့ပါတယ်။

ဒါပေမယ့်လည်းပရီးမီးယားလိဂ်အသင်း၂၀မှအမှုဆောင်ချုပ်များဟာဖီဖာရဲ့ငါးရက်ကြာပိတ်ပင်မှုကိုဂရုမစိုက်ဘဲယခုအပတ်ပရီးမီးယားလိဂ်ပွစဉ်များတွင်အသုံးပြုရန်သဘောတူဆုံးဖြတ်ခဲ့ကြပါတယ်။

၎င်းတို့ဟာဘရာဇီး၊မက္ကဆီကို၊ချီလီနှင့်ဥရုဂွေးကစားသမားများကိုအသုံးပြုရန်သဘောတူညီခဲ့ကြတာလည်းဖြစ်ပါတယ်။

ဒါ့အပြင်ပရီးမီးယားလိဂ်ကလပ်များဟာဖီဖာပိတ်ပင်ထားတဲ့ကစားသမားများကိုအသုံးပြုမှုကြောင့်အရေးယူမှုမပြုလုပ်ရန်လည်းကလပ်များအကြားနှုတ်အားဖြင့်သဘောတူညီမှုရယူခဲ့ကြပါသေးတယ်။

ဒါကြောင့်လည်းမန်စီးတီးဟာယခုအပတ်လက်စတာနှင့်ပွဲတွင်ဘရာဇီးလက်ရွေးစင်အီဒါဆင်၊ဂါဘရီရယ်ဂျီးဆပ်စ်တို့ကိုသုံးလာမှာဖြစ်ပြီးတီယာဂိုဆေးလ်ဗားမှာလည်းချဲလ်ဆီးရဲ့ဗီလာနှင့်ပွဲမှာပါဝင်မှာဖြစ်သလိုဖရက်မှာလည်းမန်ယူရဲ့နယူးကာဆယ်ပွဲမှာပါဝင်လာပါမယ်။လီဗာပူးမှာလည်းဖာဘင်ဟိုနှင့်အလစ်ဆင်တို့ကိုလိဒ်နှင့်ပွဲမှာသုံးလာမှာဖြစ်သလိုလိဒ်ကလည်းရာဖင်ဟာကိုသုံးလာပါမယ်။လီဗာပူးရဲ့ဖာမီနိုကတော့ဒဏ်ရာကြောင့်လိဒ်နှင့်ပွဲမှာပါဝင်မှာမဟုတ်ပါဘူး။

ZawGyi

ငါးရက္ပြဲပယ္ခံ ေတာင္အေမရိကစတားမ်ားကို ပရီးမီးယားလိဂ္ကလပ္မ်ား အသုံးျပဳသြားမည္

ပရီးမီးယားလိဂ္ကလပ္မ်ားဟာကမာၻ႔ဖလားေျခစစ္ပြဲသြားေရာက္မကစားမႈေၾကာင့္ ငါးရက္ၾကာကလပ္ပြဲကစားခြင့္ပိတ္ပင္ျခင္းခံထားရတဲ့ေတာင္အေမရိကစတားမ်ားအားယခုအပတ္ပရီးမီးယားလိဂ္ပြဲစဥ္မ်ားတြင္ အသုံးျပဳသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

ပရီးမီးယားလိဂ္ကလပ္မ်ားဟာကိုဗစ္ကန႔္သတ္ခ်က္အနီေရာင္အဆင့္ရွိႏိုင္ငံမ်ားသို႔ကစားသမားေစလႊတ္ျခင္းမျပဳရန္ဆုံးျဖတ္ခဲ့ၾကပါတယ္။ဒါေၾကာင့္လည္းဖီဖာကႏိုင္ငံတကာပြဲသြားေရာက္မကစားတဲ့ကစားသမားမ်ားအားငါးရက္ၾကာကလပ္ပြဲကစားခြင့္ပိတ္ပင္ခဲ့ပါတယ္။

ဒါေပမယ့္လည္းပရီးမီးယားလိဂ္အသင္း၂၀မွအမႈေဆာင္ခ်ဳပ္မ်ားဟာဖီဖာရဲ႕ငါးရက္ၾကာပိတ္ပင္မႈကိုဂ႐ုမစိုက္ဘဲယခုအပတ္ပရီးမီးယားလိဂ္ပြစဥ္မ်ားတြင္အသုံးျပဳရန္သေဘာတူဆုံးျဖတ္ခဲ့ၾကပါတယ္။

၎တို႔ဟာဘရာဇီး၊မကၠဆီကို၊ခ်ီလီႏွင့္ဥ႐ုေဂြးကစားသမားမ်ားကိုအသုံးျပဳရန္သေဘာတူညီခဲ့ၾကတာလည္းျဖစ္ပါတယ္။

ဒါ့အျပင္ပရီးမီးယားလိဂ္ကလပ္မ်ားဟာဖီဖာပိတ္ပင္ထားတဲ့ကစားသမားမ်ားကိုအသုံးျပဳမႈေၾကာင့္အေရးယူမႈမျပဳလုပ္ရန္လည္းကလပ္မ်ားအၾကားႏႈတ္အားျဖင့္သေဘာတူညီမႈရယူခဲ့ၾကပါေသးတယ္။

ဒါေၾကာင့္လည္းမန္စီးတီးဟာယခုအပတ္လက္စတာႏွင့္ပြဲတြင္ဘရာဇီးလက္ေ႐ြးစင္အီဒါဆင္၊ဂါဘရီရယ္ဂ်ီးဆပ္စ္တို႔ကိုသုံးလာမွာျဖစ္ၿပီးတီယာဂိုေဆးလ္ဗားမွာလည္းခ်ဲလ္ဆီးရဲ႕ဗီလာႏွင့္ပြဲမွာပါဝင္မွာျဖစ္သလိုဖရက္မွာလည္းမန္ယူရဲ႕နယူးကာဆယ္ပြဲမွာပါဝင္လာပါမယ္။လီဗာပူးမွာလည္းဖာဘင္ဟိုႏွင့္အလစ္ဆင္တို႔ကိုလိဒ္ႏွင့္ပြဲမွာသုံးလာမွာျဖစ္သလိုလိဒ္ကလည္းရာဖင္ဟာကိုသုံးလာပါမယ္။လီဗာပူးရဲ႕ဖာမီႏိုကေတာ့ဒဏ္ရာေၾကာင့္လိဒ္ႏွင့္ပြဲမွာပါဝင္မွာမဟုတ္ပါဘူး။