ငွေကြပ်နေတဲ့ ဘာကာရဲ့နစ်နာကြေးလျှော့ယူရန် သနားခံမှုကို ငြင်းပယ်ပြီး ယူရို ၁၂ သန်းအပြည့်အဝလိုချင်နေတဲ့ ကိုးမန်း

ရော်နယ်ကိုးမန်းဟာဘာစီလိုနာနည်းပြရာထူးမှထုတ်ပယ်ခြင်းခံလိုက်ရပြီးတဲ့နောက် အခြေအနေကဆိုးသထက်ဆိုးရွားလာနေပါတယ်။ဒတ်ချ်လူမျိုးနည်းပြဟာဘဏ္ဍာရေးအကြပ်အတည်းတွေ့နေတဲ့ဘာစီလိုနာထံမှနစ်နာကြေးငွေတစ်ပြားမှမလျှော့မခံဘဲအပြည့်အဝရရှိလိုနေပါတယ်။

SPORT ရဲ့ဖော်ပြချက်အရဘာစီလိုနာအသင်းဟာဘဏ္ဍာရေးအခက်အခဲရှိနေမှုကြောင့်ရော်နယ်ကိုးမန်းအားရာထူးမှထုတ်ပယ်လိုက်မှုအတွက်နစ်နာကြေးလျှော့ပေါ့ယူပေးရန်တောင်းဆိုမှုပြုလုပ်ခဲ့သော်လည်းဒတ်ချ်လူမျိုးနည်းပြကချက်ချင်းငြင်းပယ်ကာနစ်နာကြေးယူရို၁၂သန်းကိုတစ်ပြားမှမလျှော့ဘဲရယူလိုကြောင်းသိရပါတယ်။

ဘာစီလိုနာဟာဂန္ထဝင်ကစားသမားဟောင်းကိုနစ်နာကြေးယူရို၇သန်းမှယူရို၈သန်းအတွင်းသာရယူပေးရန်တောင်းဆိုမှုပြုလုပ်ခဲ့တာလည်းဖြစ်ပါတယ်။ရော်နယ်ကိုးမန်းဟာဘာစီလိုနာဘက်ကနစ်နာကြေးလျှော့ယူရေးပြောဆိုလာမှုအတွက်ဆွေးနွေးမှုပြုလုပ်ရန်ပင်ငြင်းဆိုမှုပြုလုပ်ခဲ့ပါတယ်။

ဘာစီလိုနာဟာပြီးခဲ့တဲ့အပတ်ဗုဒ္ဓဟူးနေ့တုန်းကရာယိုဗယ်လီကာနိုအား၁-ဝဂိုးဖြင့်ရှုံးနိမ့်ပြီးနောက်နာရီအနည်းငယ်အကြာတွင်ပင်ရော်နယ်ကိုးမန်းကိုထုတ်ပယ်ခဲ့ပါတယ်။

ဘာစီလိုနာဟာယာယီနည်းပြအဖြစ်လူငယ်အသင်းနည်းပြဆာဂျီဘာဟွမ်ကိုယာယီနည်းပြအဖြစ်ခန့်အပ်ထားပါတယ်။ဘာစီလိုနာဟာယာယီနည်းပြကိုင်တွယ်တဲ့ပထမဆုံးပွဲမှာလည်းနူးကမ့်မှာအလာဗတ်စ်နှင့်တစ်ဂိုးစီသရေကျခဲ့ပါတယ်။

ZawGyi

ေငြၾကပ္ေနတဲ့ ဘာကာရဲ႕နစ္နာေၾကးေလွ်ာ့ယူရန္ သနားခံမႈကို ျငင္းပယ္ၿပီး ယူ႐ို ၁၂ သန္းအျပည့္အဝလိုခ်င္ေနတဲ့ ကိုးမန္း

ေရာ္နယ္ကိုးမန္းဟာဘာစီလိုနာနည္းျပရာထူးမွထုတ္ပယ္ျခင္းခံလိုက္ရၿပီးတဲ့ေနာက္ အေျခအေနကဆိုးသထက္ဆိုး႐ြားလာေနပါတယ္။ဒတ္ခ်္လူမ်ိဳးနည္းျပဟာဘ႑ာေရးအၾကပ္အတည္းေတြ႕ေနတဲ့ဘာစီလိုနာထံမွနစ္နာေၾကးေငြတစ္ျပားမွမေလွ်ာ့မခံဘဲအျပည့္အဝရရွိလိုေနပါတယ္။

SPORT ရဲ႕ေဖာ္ျပခ်က္အရဘာစီလိုနာအသင္းဟာဘ႑ာေရးအခက္အခဲရွိေနမႈေၾကာင့္ေရာ္နယ္ကိုးမန္းအားရာထူးမွထုတ္ပယ္လိုက္မႈအတြက္နစ္နာေၾကးေလွ်ာ့ေပါ့ယူေပးရန္ေတာင္းဆိုမႈျပဳလုပ္ခဲ့ေသာ္လည္းဒတ္ခ်္လူမ်ိဳးနည္းျပကခ်က္ခ်င္းျငင္းပယ္ကာနစ္နာေၾကးယူ႐ို၁၂သန္းကိုတစ္ျပားမွမေလွ်ာ့ဘဲရယူလိုေၾကာင္းသိရပါတယ္။

ဘာစီလိုနာဟာဂႏၴဝင္ကစားသမားေဟာင္းကိုနစ္နာေၾကးယူ႐ို၇သန္းမွယူ႐ို၈သန္းအတြင္းသာရယူေပးရန္ေတာင္းဆိုမႈျပဳလုပ္ခဲ့တာလည္းျဖစ္ပါတယ္။ေရာ္နယ္ကိုးမန္းဟာဘာစီလိုနာဘက္ကနစ္နာေၾကးေလွ်ာ့ယူေရးေျပာဆိုလာမႈအတြက္ေဆြးေႏြးမႈျပဳလုပ္ရန္ပင္ျငင္းဆိုမႈျပဳလုပ္ခဲ့ပါတယ္။

ဘာစီလိုနာဟာၿပီးခဲ့တဲ့အပတ္ဗုဒၶဟူးေန႔တုန္းကရာယိုဗယ္လီကာႏိုအား၁-ဝဂိုးျဖင့္ရႈံးနိမ့္ၿပီးေနာက္နာရီအနည္းငယ္အၾကာတြင္ပင္ေရာ္နယ္ကိုးမန္းကိုထုတ္ပယ္ခဲ့ပါတယ္။

ဘာစီလိုနာဟာယာယီနည္းျပအျဖစ္လူငယ္အသင္းနည္းျပဆာဂ်ီဘာဟြမ္ကိုယာယီနည္းျပအျဖစ္ခန႔္အပ္ထားပါတယ္။ဘာစီလိုနာဟာယာယီနည္းျပကိုင္တြယ္တဲ့ပထမဆုံးပြဲမွာလည္းႏူးကမ့္မွာအလာဗတ္စ္ႏွင့္တစ္ဂိုးစီသေရက်ခဲ့ပါတယ္။