
အက်စတွန်ဗီလာတိုက်စစ်မှူးဟောင်းဂျွန်ကာရူးဟာငွေကြေးခဝါချမှုအတွက်စွဲချက်တင်ခြင်းခံလာရပြီးနောက်ထောင်ဒဏ်၂နှစ်နှင့်ဒဏ်ငွေပေါင်၄၅၀၀၀ချမှတ်ခံရမယ့်အရေးနှင့်ရင်ဆိုင်ရပါမယ်။
အစိုးရစုံစမ်းစစ်ဆေးရေးမှူးကဂျွန်ကာရူးကိုအထက်ပါအတိုင်းအရေးယူမှုပြုလုပ်ရန် အိုစလိုပြည်နယ်တရားရုံးသို့ဦးတိုက်လျှောက်ထားပါတယ်။
စုံစမ်းစစ်ဆေးရေးမှူးကအသက်၄၃နှစ်ရှိဂျွန်ကာရူးမှာအချက်အလက်အမှားများကိုအမှန်ပြန်ရန်အခွင့်အရေးရရှိခဲ့ပေမဲ့လည်းမပြုပြင်ခဲ့ကြောင်းဆိုထားပါတယ်။
ဗလင်စီယာနှင့်နော်ဝေတိုက်စစ်မှူးဟောင်းကတော့သူ့ရဲ့အမှားများမှာကြောင့်သူ့ကြောင့်မဟုတ်ဘဲ သူ့ရဲ့အေးဂျင့်ဟောင်းဖြစ်တဲ့ သူငယ်ချင်း၊ ရှေ့နေ Per A. Flodကြောင့်ဖြစ်ကြောင်းအပြစ်ဖို့ထားပါတယ်။
နော်ဝေလက်ရွေးစင်တိုက်စစ်မှူးဟောင်းကသူ့ရဲ့နော်ဝေပြင်ပဝင်ငွေများနှင့်ပိုင်ဆိုင်မှုများကိုထိမ်ချန်ထားရန်အကြံပေးခြင်းခံခဲ့ရကြောင်းဆိုသွားပါတယ်။
သူဟာကစားသမားဘဝတုန်းကဗလင်စီယာ၊ရိုးမား၊လိုင်ယွန်၊ဘီဆစ်တပ်၊ဗီလာ၊ဝက်စ်ဟမ်းတို့တွင်ကစားခဲ့သူဖြစ်ပါတယ်။
သူဟာနော်ဝေအသင်းအတွက်၉၁ပွဲကစားကာ၂၄ဂိုးသွင်းယူပေးခဲ့သူဖြစ်ပြီး နော်ဝေတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကိုသုံးကြိမ်ဆွတ်ခူးခဲ့ဖူးပါတယ်။
ZawGyi
ငွေကြေးခဝါချမှုအတွက် မော်စကိုတွင် ၂ နှစ်နေရမယ့် အရေးနှင့်ကြုံနေရတဲ့ ဗီလာတိုက်စစ်မှူးဟောင်းကာရူး