ငွေခိုးမှု၊ငွေကြေးခဝါချမှုတို့နှင့် ပါဝင်ပတ်သက်မှုဖြင့် စွဲချက်တင်ခံထားရတဲ့ သရနီစတားဟောင်း

မန်ယူနှင့်ဘရာဇီးအလယ်တန်းကစားသမားဟောင်းအင်ဒါဆင်ဟာဘရာဇီးတွင်ဒီဂျစ်တယ်ငွေကြေးနှင့်ပတ်သက်ပြီးဒုစရိုက်မှုများပြုလုပ်မှုအတွက်စွဲချက်ပေါင်းများစွာတင်ခြင်းနှင့်ရင်ဆိုင်နေရပါတယ်။

ဘရာဇီးနိုင်ငံ၊ပေါ်တိုအယ်လီဂရီမှအာဏာပိုင်တို့ဟာငွေကြေးခဝါခမှု၊ခိုးယူမှု၊လိမ်လည်မှုတို့နှင့်ဆက်စပ်နေမှုကြောင့်လူ၈ဦးကိုစွဲချက်တင်ထားပါတယ်။

အင်ဒါဆင်ဟာ၂၀၂၀ခုနှစ်တုန်းကပေါ်တိုအယ်လီဂရီရှိနေအိမ်ကိုအာဏာပိုင်များရဲ့ဝင်ရောက်စီးနင်းခြင်းခံခဲ့ရပြီးသူ့ရဲ့ကွန်ပျူတာသိမ်းဆည်းခြင်းခံခဲ့ရပါတယ်။

အင်ဒါဆင်ရဲ့ကွန်ပျူတာတွင်ရှာဖွေတွေ့ရှိမှုအရသူဟာဒီဂျစ်ငွေကြေးကုန်သွယ်သူတစ်ဦးဖြစ်ကြောင်းတွေ့ရှိရပါတယ်။ဒါပေမယ့်အင်ဒါဆင်ကတော့သူဟာအမှားအယွင်းတစ်စုံတစ်ရာမပြုလုပ်ကြောင်းငြင်းဆိုထားပါတယ်။

ဒါပေမယ့်အာဏာပိုင်းများကအင်ဒါဆင်နှင့်သူ့အဖွဲ့ဟာဘရာဇီးစက်ရုံလုပ်ငန်းကြီးတစ်ခုထံမှယူရို၄သန်းခိုးယူတယ်လို့ယုံကြည်နေပါတယ်။၎င်းတို့ဟာခိုးယူထားတဲ့ငွေကြေးများကိုပြည်နယ်လေးခုမှဘဏ်များသို့လွဲပြီးယင်ငွေများကိုဒေသတွင်းနှင့်ပြည်ပတို့မှဒီဂျစ်တယ်ငွေကြေးများဝယ်ယူခဲ့ကြပါတယ်။

အင်ဒါဆင်ရဲ့ရှေ့နေဂျူလီယိုဆီဇာကွိုင်တင်ဟိုက အင်ဒါဆင်မှာအမှားအယွင်းတစ်စုံတစ်ရာပြုလုပ်ခြင်းမရှိကြောင်း၊ယင်းအတွက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်းပြောကြားထားပါတယ်။

ZawGyi

ေငြခိုးမႈ၊ေငြေၾကးခဝါခ်မႈတို႔ႏွင့္ ပါဝင္ပတ္သက္မႈျဖင့္ စြဲခ်က္တင္ခံထားရတဲ့ သရနီစတားေဟာင္း

မန္ယူႏွင့္ဘရာဇီးအလယ္တန္းကစားသမားေဟာင္းအင္ဒါဆင္ဟာဘရာဇီးတြင္ဒီဂ်စ္တယ္ေငြေၾကးႏွင့္ပတ္သက္ၿပီးဒုစ႐ိုက္မႈမ်ားျပဳလုပ္မႈအတြက္စြဲခ်က္ေပါင္းမ်ားစြာတင္ျခင္းႏွင့္ရင္ဆိုင္ေနရပါတယ္။

ဘရာဇီးႏိုင္ငံ၊ေပၚတိုအယ္လီဂရီမွအာဏာပိုင္တို႔ဟာေငြေၾကးခဝါခမႈ၊ခိုးယူမႈ၊လိမ္လည္မႈတို႔ႏွင့္ဆက္စပ္ေနမႈေၾကာင့္လူ၈ဦးကိုစြဲခ်က္တင္ထားပါတယ္။

အင္ဒါဆင္ဟာ၂၀၂၀ခုႏွစ္တုန္းကေပၚတိုအယ္လီဂရီရွိေနအိမ္ကိုအာဏာပိုင္မ်ားရဲ႕ဝင္ေရာက္စီးနင္းျခင္းခံခဲ့ရၿပီးသူ႔ရဲ႕ကြန္ပ်ဴတာသိမ္းဆည္းျခင္းခံခဲ့ရပါတယ္။

အင္ဒါဆင္ရဲ႕ကြန္ပ်ဴတာတြင္ရွာေဖြေတြ႕ရွိမႈအရသူဟာဒီဂ်စ္ေငြေၾကးကုန္သြယ္သူတစ္ဦးျဖစ္ေၾကာင္းေတြ႕ရွိရပါတယ္။ဒါေပမယ့္အင္ဒါဆင္ကေတာ့သူဟာအမွားအယြင္းတစ္စုံတစ္ရာမျပဳလုပ္ေၾကာင္းျငင္းဆိုထားပါတယ္။

ဒါေပမယ့္အာဏာပိုင္းမ်ားကအင္ဒါဆင္ႏွင့္သူ႔အဖြဲ႕ဟာဘရာဇီးစက္႐ုံလုပ္ငန္းႀကီးတစ္ခုထံမွယူ႐ို၄သန္းခိုးယူတယ္လို႔ယုံၾကည္ေနပါတယ္။၎တို႔ဟာခိုးယူထားတဲ့ေငြေၾကးမ်ားကိုျပည္နယ္ေလးခုမွဘဏ္မ်ားသို႔လြဲၿပီးယင္ေငြမ်ားကိုေဒသတြင္းႏွင့္ျပည္ပတို႔မွဒီဂ်စ္တယ္ေငြေၾကးမ်ားဝယ္ယူခဲ့ၾကပါတယ္။

အင္ဒါဆင္ရဲ႕ေရွ႕ေနဂ်ဴလီယိုဆီဇာကြိဳင္တင္ဟိုက အင္ဒါဆင္မွာအမွားအယြင္းတစ္စုံတစ္ရာျပဳလုပ္ျခင္းမရွိေၾကာင္း၊ယင္းအတြက္တိုက္ပြဲဝင္သြားမည္ျဖစ္ေၾကာင္းေျပာၾကားထားပါတယ္။