ငွေညှစ်မှုကြောင့်ထောင်ချခံရတဲ့နေ့မှာ ဂိုးသွင်းပြီးနောက် လူငယ်ပရိသတ်အတွက် လက်မှတ်ရေးထိုးပေးခဲ့တဲ့ဘန်ဇီးမား

ကာရမ်ဘန်ဇီးမားဟာပြင်သစ်ကစားဖော်မက်သရူးဗယ်ဘူနာကိုကိုယ်တိုင်ရိုက်ဗီဒီယိုဖိုင်ဖြင့်ငွေညှစ်မှုတွင်ပါဝင်ပတ်သက်မှုကြောင့်တရားရုံးရဲ့စီရင်ချက်ချခံခဲ့ရပြီးနာရီအနည်းငယ်အကြာမှာကွင်းအတွင်းဝင်ရောက်လာတဲ့လူငယ်ပရိသတ်ကိုအမှတ်တရလက်မှတ်ရေးထိုးပေးမှုပြုလုပ်ခဲ့ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာဗုဒ္ဓဟူးနေ့တုန်းကဗယ်ဘူနာကိုငွေညှစ်ကြောင်းတွေ့ရှိရပြီးနောက်ဆိုင်းငံ့ထောင်ဒဏ်၁နှစ်နှင့်ယူရို၇၅၀၀၀ဒဏ်ရိုက်ခြင်းခံခဲ့ရပါတယ်။

တရားရုံးကအသက်၃၃နှစ်ရှိရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးကိုသူငယ်ချင်းဖြစ်သူကဗယ်ဘူနာကိုငွေညှစ်မှုတွင်ကြားဝင်လုပ်ဆောင်ပေးတယ်ဆိုပြီး စီရင်ချက်ချလိုက်တာပါ။

ဒါပေမယ့်လိုင်ယွန်တိုက်စစ်မှူးဟောင်းဟာရှရစ်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာရီးရဲလ်မက်ဒရစ်ပွဲထွက်လူစာရင်းမှာပါဝင်လာပါတယ်။ယင်းပွဲတွင်ဒေးဗစ်အလာဘာ၊တိုနီခရူးစ်နှင့်ဘန်ဇီးမားတို့ကဂိုးသွင်းခဲ့ကြပြီးအုပ်စု(ဃ)အုပ်စုပွဲကစားရန်တစ်ပွဲလိုတဲ့အချိန်တွင်၁၆သင်းအဆင့်သို့တက်ရောက်သွားနိုင်ခဲ့ပါတယ်။

ဘန်ဇီးမားကရီးရဲလ်မက်ဒရစ်ရဲ့တတိယဂိုးကိုပွဲချိန်၅၅မိနစ်မှာသွင်းယူပြီးနောက်လူငယ်ပရိသတ်တစ်ဦးဟာကွင်းအတွင်းဝင်ရောက်လာခဲ့ပြီး ပြင်သစ်တိုက်စစ်မှူးထံအမှတ်တရလက်မှတ်တောင်းဆိုခဲ့ပါတယ်။ဘန်ဇီးမားကလည်းကလေးငယ်အတွက်အမှတ်တရလက်မှတ်ပျော်ပျော်ကြီးထိုးပေးလိုက်တာတွေ့ရပါတယ်။

ZawGyi

ေငြညႇစ္မႈေၾကာင့္ေထာင္ခ်ခံရတဲ့ေန႔မွာ ဂိုးသြင္းၿပီးေနာက္ လူငယ္ပရိသတ္အတြက္ လက္မွတ္ေရးထိုးေပးခဲ့တဲ့ဘန္ဇီးမား

ကာရမ္ဘန္ဇီးမားဟာျပင္သစ္ကစားေဖာ္မက္သ႐ူးဗယ္ဘူနာကိုကိုယ္တိုင္႐ိုက္ဗီဒီယိုဖိုင္ျဖင့္ေငြညႇစ္မႈတြင္ပါဝင္ပတ္သက္မႈေၾကာင့္တရား႐ုံးရဲ႕စီရင္ခ်က္ခ်ခံခဲ့ရၿပီးနာရီအနည္းငယ္အၾကာမွာကြင္းအတြင္းဝင္ေရာက္လာတဲ့လူငယ္ပရိသတ္ကိုအမွတ္တရလက္မွတ္ေရးထိုးေပးမႈျပဳလုပ္ခဲ့ပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာဗုဒၶဟူးေန႔တုန္းကဗယ္ဘူနာကိုေငြညႇစ္ေၾကာင္းေတြ႕ရွိရၿပီးေနာက္ဆိုင္းငံ့ေထာင္ဒဏ္၁ႏွစ္ႏွင့္ယူ႐ို၇၅၀၀၀ဒဏ္႐ိုက္ျခင္းခံခဲ့ရပါတယ္။

တရား႐ုံးကအသက္၃၃ႏွစ္ရွိရီးရဲလ္မက္ဒရစ္တိုက္စစ္မႉးကိုသူငယ္ခ်င္းျဖစ္သူကဗယ္ဘူနာကိုေငြညႇစ္မႈတြင္ၾကားဝင္လုပ္ေဆာင္ေပးတယ္ဆိုၿပီး စီရင္ခ်က္ခ်လိုက္တာပါ။

ဒါေပမယ့္လိုင္ယြန္တိုက္စစ္မႉးေဟာင္းဟာရွရစ္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာရီးရဲလ္မက္ဒရစ္ပြဲထြက္လူစာရင္းမွာပါဝင္လာပါတယ္။ယင္းပြဲတြင္ေဒးဗစ္အလာဘာ၊တိုနီခ႐ူးစ္ႏွင့္ဘန္ဇီးမားတို႔ကဂိုးသြင္းခဲ့ၾကၿပီးအုပ္စု(ဃ)အုပ္စုပြဲကစားရန္တစ္ပြဲလိုတဲ့အခ်ိန္တြင္၁၆သင္းအဆင့္သို႔တက္ေရာက္သြားႏိုင္ခဲ့ပါတယ္။

ဘန္ဇီးမားကရီးရဲလ္မက္ဒရစ္ရဲ႕တတိယဂိုးကိုပြဲခ်ိန္၅၅မိနစ္မွာသြင္းယူၿပီးေနာက္လူငယ္ပရိသတ္တစ္ဦးဟာကြင္းအတြင္းဝင္ေရာက္လာခဲ့ၿပီး ျပင္သစ္တိုက္စစ္မႉးထံအမွတ္တရလက္မွတ္ေတာင္းဆိုခဲ့ပါတယ္။ဘန္ဇီးမားကလည္းကေလးငယ္အတြက္အမွတ္တရလက္မွတ္ေပ်ာ္ေပ်ာ္ႀကီးထိုးေပးလိုက္တာေတြ႕ရပါတယ္။