ငွေညှစ်မှုကြောင့် ထောင်မှပြန်လွတ်လာပေမဲ့ ပေါ့ဘာနှင့် ဆက်သွယ်နိုင်တော့မှာမဟုတ်တော့တဲ့ အစ်ကို

ပေါလ်ပေါ့ဘာရဲ့အစ်ကိုမားသီးယပ်စ်ဟာညီဖြစ်သူမန်ချက်စတာယူနိုက်တက်စတားဟောင်းကိုငွေညှစ်အကြပ်ကိုင်မှုကြောင့်ဖမ်းဆီးထောင်ချခြင်းခံခဲ့ရပြီးနောက်ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။

အသက်၃၂နှစ်ရှိဘောလုံးသမားဟာစက်တင်ဘာလတုန်းကဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပါတယ်။

ပြင်သစ်သတင်းစာ Le Parisien ကမားသီးယပ်စ်မှာယခုအခါပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်းဖော်ပြသွားပါတယ်။

သူဟာပြန်လည်လွတ်မြောက်လာခဲ့ပေမဲ့လည်းပေါလ်ပေါ့ဘာ၊မိခင်တို့နှင့်ဆက်သွယ်ခြင်းပိတ်ပင်ခြင်းခံထားရပါတယ်။

ဒါ့အပြင်သူဟာပြင်သစ်မှထွက်ခွာခွင့်ပိတ်ပင်ခံထားရသလိုဆိုရှယ်မီဒီယာအသုံးပြုမှုလည်းပိတ်ပင်ခံထားရပါတယ်။

ဩဂုတ်လတုန်းကပေါလ်ပေါ့ဘာကပေါင်၁၁သန်းငွေညှစ်ခြင်းခံခဲ့ရကြောင်းဖွင့်ဟခဲ့ပါတယ်။ဒါပေမဲ့မားသီးယပ်စ်က၎င်းမှာအပြစ်မရှိကြောင်းဆိုထားပါတယ်။သူဟာရဲစခန်းသို့သွာရောက်အဖမ်းခံခဲ့တာလည်းဖြစ်ပါတယ်။သူဟာပဲရစ်ရှိကိုယ်ပိုင်နေအိမ်တွင်နေထိုင်နေကြောင်းသိရပါတယ်။

Zawgyi

ေငြညႇစ္မႈေၾကာင့္ ေထာင္မွျပန္လြတ္လာေပမဲ့ ေပါ့ဘာႏွင့္ ဆက္သြယ္ႏိုင္ေတာ့မွာမဟုတ္ေတာ့တဲ့ အစ္ကို

ေပါလ္ေပါ့ဘာရဲ႕အစ္ကိုမားသီးယပ္စ္ဟာညီျဖစ္သူမန္ခ်က္စတာယူႏိုက္တက္စတားေဟာင္းကိုေငြညႇစ္အၾကပ္ကိုင္မႈေၾကာင့္ဖမ္းဆီးေထာင္ခ်ျခင္းခံခဲ့ရၿပီးေနာက္ျပန္လည္လြတ္ေျမာက္လာခဲ့ၿပီျဖစ္ပါတယ္။

အသက္၃၂ႏွစ္ရွိေဘာလုံးသမားဟာစက္တင္ဘာလတုန္းကဖမ္းဆီးျခင္းခံခဲ့ရတာျဖစ္ပါတယ္။

ျပင္သစ္သတင္းစာ Le Parisien ကမားသီးယပ္စ္မွာယခုအခါျပန္လည္လြတ္ေျမာက္လာၿပီျဖစ္ေၾကာင္းေဖာ္ျပသြားပါတယ္။

သူဟာျပန္လည္လြတ္ေျမာက္လာခဲ့ေပမဲ့လည္းေပါလ္ေပါ့ဘာ၊မိခင္တို႔ႏွင့္ဆက္သြယ္ျခင္းပိတ္ပင္ျခင္းခံထားရပါတယ္။

ဒါ့အျပင္သူဟာျပင္သစ္မွထြက္ခြာခြင့္ပိတ္ပင္ခံထားရသလိုဆိုရွယ္မီဒီယာအသုံးျပဳမႈလည္းပိတ္ပင္ခံထားရပါတယ္။

ဩဂုတ္လတုန္းကေပါလ္ေပါ့ဘာကေပါင္၁၁သန္းေငြညႇစ္ျခင္းခံခဲ့ရေၾကာင္းဖြင့္ဟခဲ့ပါတယ္။ဒါေပမဲ့မားသီးယပ္စ္က၎မွာအျပစ္မရွိေၾကာင္းဆိုထားပါတယ္။သူဟာရဲစခန္းသို႔သြာေရာက္အဖမ္းခံခဲ့တာလည္းျဖစ္ပါတယ္။သူဟာပဲရစ္ရွိကိုယ္ပိုင္ေနအိမ္တြင္ေနထိုင္ေနေၾကာင္းသိရပါတယ္။