ငွေတစ်ပြားမှ ရရှိမှာ မဟုတ်ပေမဲ့ ချဲလ်ဆီးကို ရောင်းချသွားတော့မယ့် အေဘရာမိုဗစ်

ချဲလ်ဆီးအသင်းပိုင်ရှင်ရိုမန်အေဘရာမိုဗစ်ဟာဗြိတိန်အစိုးရကဆန်ရှင်လုပ်ထားပေမဲ့လည်း ချဲလ်ဆီးကိုရောင်းချရေးအတွက်ရှေ့ဆက်လုပ်ဆောင်လာနေပါတယ်။

ရိုမန်အေဘရာမိုဗစ်ဟာ ချဲလ်ဆီးကို ရောင်းချရေးလုပ်ဆောင်ရေးအကျိုးဆောင်အဖြစ်လုပ်ဆောင်နေတဲ့ Raine Group အား ဆက်လက်လုပ်ဆောင်ရန်ပြောကြားလာတာလည်းဖြစ်ပါတယ်။

ရိုမန်အေဘရာမိုဗစ်က ချဲလ်ဆီးကိုဝယ်ယူရေးစိတ်ဝင်စားသူများအနေဖြင့်လာမယ့်အပတ်သောကြာနေ့ နောက်ဆုံးထားပြီးကမ်းလှမ်းမှုပြုလုပ်ရေးလုပ်ဆောင်ရန် Raine Group ကိုပြောကြားထားပါတယ်။

Raine Group ဟာချဲလ်ဆီးကိုရောင်းချရေးခွင့်ပြုပေးရန်ဗြိတိန်အစိုးရနှင့်ဆွေးနွေးမှုပြုလုပ်ခဲ့ရာခွင့်ပြုချက်ရရှိခဲ့ပါတယ်။ဗြိတိန်အစိုးရဟာချဲလ်ဆီးကို ရောင်းချမှုမှရရှိတဲ့ငွေများရိုမန်အေဘရာမိုဗစ်ထံသို့ရောက်မသွားမှုနဲ့အတူ ရောင်းချရေးခွင့်ပြုချက်ပေးခဲ့တာလည်းဖြစ်ပါတယ်။

ချဲလ်ဆီးဟာရိုမန်အေဘရာမိုဗစ်ဆန်ရှင်အလုပ်ခံရပြီးနောက်လက်မှတ်ရောင်းချခြင်း၊ကစားသမားအရောင်းအဝယ်ပိတ်ပင်ခံရခြင်း၊စပွန်ဆာ Three ရဲ့စာချုပ်ရပ်ဆိုင်းခံရခြင်းတို့ကြုံရကာငွေကြေးအခက်အခဲများကြုံလာရဖို့ ရှိနေပါတယ်။

အစောပိုင်းသတင်းများအရတစ်လကစားသမားအသုံးစရိတ်ပေါင်၂၈သန်းအထိရှိနေတဲ့ချဲလ်ဆီးဟာလာမယ့်နှစ်ပတ်အတွင်းတွင်ပိုင်ရှင်သစ်ရှာဖွေမတွေ့ရှိပါက အာဏာပိုင်တို့ရဲ့စီမံခန့်ခွဲမှုအောက်ဝင်ရဖို့ရှိနေကြောင်းသိရပါတယ်။

ZawGyi

ေငြတစ္ျပားမွ ရရွိမွာ မဟုတ္ေပမဲ့ ခ်ဲလ္ဆီးကို ေရာင္းခ်သြားေတာ့မယ့္ ေအဘရာမိုဗစ္

ခ်ဲလ္ဆီးအသင္းပိုင္ရွင္႐ိုမန္ေအဘရာမိုဗစ္ဟာၿဗိတိန္အစိုးရကဆန္ရွင္လုပ္ထားေပမဲ့လည္း ခ်ဲလ္ဆီးကိုေရာင္းခ်ေရးအတြက္ေရွ႕ဆက္လုပ္ေဆာင္လာေနပါတယ္။

႐ိုမန္ေအဘရာမိုဗစ္ဟာ ခ်ဲလ္ဆီးကို ေရာင္းခ်ေရးလုပ္ေဆာင္ေရးအက်ိဳးေဆာင္အျဖစ္လုပ္ေဆာင္ေနတဲ့ Raine Group အား ဆက္လက္လုပ္ေဆာင္ရန္ေျပာၾကားလာတာလည္းျဖစ္ပါတယ္။

႐ိုမန္ေအဘရာမိုဗစ္က ခ်ဲလ္ဆီးကိုဝယ္ယူေရးစိတ္ဝင္စားသူမ်ားအေနျဖင့္လာမယ့္အပတ္ေသာၾကာေန႔ ေနာက္ဆုံးထားၿပီးကမ္းလွမ္းမႈျပဳလုပ္ေရးလုပ္ေဆာင္ရန္ Raine Group ကိုေျပာၾကားထားပါတယ္။

Raine Group ဟာခ်ဲလ္ဆီးကိုေရာင္းခ်ေရးခြင့္ျပဳေပးရန္ၿဗိတိန္အစိုးရႏွင့္ေဆြးေႏြးမႈျပဳလုပ္ခဲ့ရာခြင့္ျပဳခ်က္ရရွိခဲ့ပါတယ္။ၿဗိတိန္အစိုးရဟာခ်ဲလ္ဆီးကို ေရာင္းခ်မႈမွရရွိတဲ့ေငြမ်ား႐ိုမန္ေအဘရာမိုဗစ္ထံသို႔ေရာက္မသြားမႈနဲ႔အတူ ေရာင္းခ်ေရးခြင့္ျပဳခ်က္ေပးခဲ့တာလည္းျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာ႐ိုမန္ေအဘရာမိုဗစ္ဆန္ရွင္အလုပ္ခံရၿပီးေနာက္လက္မွတ္ေရာင္းခ်ျခင္း၊ကစားသမားအေရာင္းအဝယ္ပိတ္ပင္ခံရျခင္း၊စပြန္ဆာ Three ရဲ႕စာခ်ဳပ္ရပ္ဆိုင္းခံရျခင္းတို႔ႀကဳံရကာေငြေၾကးအခက္အခဲမ်ားႀကဳံလာရဖို႔ ရွိေနပါတယ္။

အေစာပိုင္းသတင္းမ်ားအရတစ္လကစားသမားအသုံးစရိတ္ေပါင္၂၈သန္းအထိရွိေနတဲ့ခ်ဲလ္ဆီးဟာလာမယ့္ႏွစ္ပတ္အတြင္းတြင္ပိုင္ရွင္သစ္ရွာေဖြမေတြ႕ရွိပါက အာဏာပိုင္တို႔ရဲ႕စီမံခန႔္ခြဲမႈေအာက္ဝင္ရဖို႔ရွိေနေၾကာင္းသိရပါတယ္။