ငွေလိုနေတဲ့ အက်သလက်တီကိုမှထရစ်ပီယာအပြင် ဆန်ချိုနှင့်ဗာရိန်းကို အိုးထရက်ဖို့ဒ်သို့ ခေါ်ဆောင်မယ့် သရဲနီ

မန်ယူဟာအက်သလက်တီကိုမက်ဒရစ်မှကီရန်ထရစ်ပီယာကိုခေါ်ယူရန်စိတ်ဝင်စားနေတုန်းဖြစ်ပါတယ်။အင်္ဂလန်လက်ရွေးစင်ညာနောက်ခံလူကိုအဲဗာတန်ကလည်းစိတ်ဝင်စားနေပါတယ်။

သူဟာစာချုပ်သက်တမ်း၂နှစ်ကျန်ရှိနေသေးပေမယ့်လည်းအက်သလက်တီကိုဟာငွေကြေးလိုအပ်ချက်များရှိနေမှုနှင့်အတူကမ်းလှမ်းမှုများအားတံခါးဖွင့်ပေးထားပါတယ်။

မန်ယူဟာညာနောက်ခံလူအေရွန်ဝန်ဘီဆစ်ကာရဲ့ခြေစွမ်းအပေါ်နှစ်သက်သော်လည်းနေရာအတွက်တိုက်ပွဲပြင်းထန်လာစေရန်အတွက်ထရစ်ပီယာကိုခေါ်ယူလိုနေခြင်းလည်းဖြစ်ပါတယ်။

အခြားတစ်ဖက်တွင်မန်ယူဟာရီးရဲလ်မက်ဒရစ်ရဲ့ရာဖေးလ်ဗာရိန်းနှင့်ဒေါ့မွန်မှဂျာဒွန်ဆန်ချိုတို့ကိုခေါ်ယူရေးကိုလည်းဆက်လက်လုပ်ဆောင်နေပါတယ်။ဒါပေမယ့်မန်ယူနည်းပြဆိုးလ်ရှားအတွက်ငွေကြေးအသုံးစရိတ်ကအကန့်သတ်ရှိပါတယ်။

မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားဟာချန်ပီယံမန်စီးတီးနှင့်အင်အားကွာဟစေရန်မှုကျဉ်းမြောင်းလာစေရန်နှင့်ချန်ပီယလိဂ်တွင်အောင်မြင်မှုရရှိနိုင်ရန်နွေရာသီမှာထိပ်တန်းကစားသမားခေါ်ယူလိုနေပါတယ်။

ဆိုးလ်ရှားဟာဗီလာရီးရဲလ်အားယူရိုပါလိဂ်ဗိုလ်လုပွဲတွင်ရှုံးနိမ့်တုန်းကအရန်ကစားသမားများအပေါ်တွင်ယုံကြည်မှုမရှိခြင်းကြောင့်ပွဲချိန်မိနစ်၁၀၀ရောက်တဲ့အထိလူစားလဲလှယ်မှုပြုလုပ်ခဲ့ခြင်းမရှိခဲ့ပါဘူး။

ထရစ်ပီယာဟာယခုရာသီတွင်လောင်းကစားဥပဒေချိုးဖောက်မှုကြောင့်ပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသော်လည်းအက်သလက်တီကိုအားလာလီဂါချန်ပီယံဖြစ်အောင်အဓိကနေရာမှစွမ်းဆောင်ပေးထားနိုင်မှုကြောင့်ဆိုးလ်ရှားနှင့်အင်္ဂလန်နည်းပြဆောက်ဂိတ်တို့ရဲ့ယုံကြည်မှုခံနေရသူလည်းဖြစ်ပါတယ်။

အခြားတစ်ဖက်တွင်မန်ယူဟာဆန်ချိုအားခေါ်ယူနိုင်ရေးထိပ်ဆုံးမှအခြေအနေကောင်းနေပါတယ်။ဒေါ့မွန်ဟာပြီးခဲ့တဲ့နွေတုန်းကဆန်ချိုအတွက်ပြောင်းရွှေ့ကြေးပေါင်၁၀၈သန်းတောင်းခဲ့သော်လည်းယခုနွေမှာဈေးနှုန်းအနည်းငယ်လျှော့ချရောင်းချဖို့ရှိပါတယ်။

ဒါ့အပြင်ဗာရိန်းမှာလည်းရီးရဲလ်မက်ဒရစ်နှင့်တစ်နှစ်စာချုပ်သက်တမ်းသာကျန်တော့ကာမန်ယူအပြင်မန်စီးတီးရဲ့ပစ်မှတ်ထားခြင်းခံနေရပါတယ်။

မန်ယူဟာဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဒက်လန်းရိုက်စ်နှင့်ဗီလာရီးရဲလ်ဗဟိုနောက်ခံလူပေါလ်တောရက်စ်တို့ကိုလည်းခေါ်ယူရန်စိတ်ဝင်စားနေပါတယ်။

မန်ယူဟာဝါရင့်တိုက်စစ်မှူးအက်ဒီဆင်ကာဗာနီကိုတစ်နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုထားမှုကြောင့်တိုက်စစ်မှူးသစ်ခေါ်ယူဖို့အလားအလာတော့မရှိပါဘူး။ဒါပေမယ့်မန်ယူဟာဟယ်ရီကိန်း(သို့မဟုတ်)အာလင်းဟာလန်းကိုခေါ်ယူနိုင်မယ့်အခွင့်အရေးရှိလာမယ်ဆိုရင်တော့ကြိုးပမ်းလာဖို့ရှိပါတယ်။

ZawGyi

ေငြလိုေနတဲ့ အက္သလက္တီကိုမွထရစ္ပီယာအျပင္ ဆန္ခ်ိဳႏွင့္ဗာရိန္းကို အိုးထရက္ဖို႔ဒ္သို႔ ေခၚေဆာင္မယ့္ သရဲနီ

မန္ယူဟာအက္သလက္တီကိုမက္ဒရစ္မွကီရန္ထရစ္ပီယာကိုေခၚယူရန္စိတ္ဝင္စားေနတုန္းျဖစ္ပါတယ္။အဂၤလန္လက္ေ႐ြးစင္ညာေနာက္ခံလူကိုအဲဗာတန္ကလည္းစိတ္ဝင္စားေနပါတယ္။

သူဟာစာခ်ဳပ္သက္တမ္း၂ႏွစ္က်န္ရွိေနေသးေပမယ့္လည္းအက္သလက္တီကိုဟာေငြေၾကးလိုအပ္ခ်က္မ်ားရွိေနမႈႏွင့္အတူကမ္းလွမ္းမႈမ်ားအားတံခါးဖြင့္ေပးထားပါတယ္။

မန္ယူဟာညာေနာက္ခံလူေအ႐ြန္ဝန္ဘီဆစ္ကာရဲ႕ေျခစြမ္းအေပၚႏွစ္သက္ေသာ္လည္းေနရာအတြက္တိုက္ပြဲျပင္းထန္လာေစရန္အတြက္ထရစ္ပီယာကိုေခၚယူလိုေနျခင္းလည္းျဖစ္ပါတယ္။

အျခားတစ္ဖက္တြင္မန္ယူဟာရီးရဲလ္မက္ဒရစ္ရဲ႕ရာေဖးလ္ဗာရိန္းႏွင့္ေဒါ့မြန္မွဂ်ာဒြန္ဆန္ခ်ိဳတို႔ကိုေခၚယူေရးကိုလည္းဆက္လက္လုပ္ေဆာင္ေနပါတယ္။ဒါေပမယ့္မန္ယူနည္းျပဆိုးလ္ရွားအတြက္ေငြေၾကးအသုံးစရိတ္ကအကန႔္သတ္ရွိပါတယ္။

မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားဟာခ်န္ပီယံမန္စီးတီးႏွင့္အင္အားကြာဟေစရန္မႈက်ဥ္းေျမာင္းလာေစရန္ႏွင့္ခ်န္ပီယလိဂ္တြင္ေအာင္ျမင္မႈရရွိႏိုင္ရန္ေႏြရာသီမွာထိပ္တန္းကစားသမားေခၚယူလိုေနပါတယ္။

ဆိုးလ္ရွားဟာဗီလာရီးရဲလ္အားယူ႐ိုပါလိဂ္ဗိုလ္လုပြဲတြင္ရႈံးနိမ့္တုန္းကအရန္ကစားသမားမ်ားအေပၚတြင္ယုံၾကည္မႈမရွိျခင္းေၾကာင့္ပြဲခ်ိန္မိနစ္၁၀၀ေရာက္တဲ့အထိလူစားလဲလွယ္မႈျပဳလုပ္ခဲ့ျခင္းမရွိခဲ့ပါဘူး။

ထရစ္ပီယာဟာယခုရာသီတြင္ေလာင္းကစားဥပေဒခ်ိဳးေဖာက္မႈေၾကာင့္ပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရေသာ္လည္းအက္သလက္တီကိုအားလာလီဂါခ်န္ပီယံျဖစ္ေအာင္အဓိကေနရာမွစြမ္းေဆာင္ေပးထားႏိုင္မႈေၾကာင့္ဆိုးလ္ရွားႏွင့္အဂၤလန္နည္းျပေဆာက္ဂိတ္တို႔ရဲ႕ယုံၾကည္မႈခံေနရသူလည္းျဖစ္ပါတယ္။

အျခားတစ္ဖက္တြင္မန္ယူဟာဆန္ခ်ိဳအားေခၚယူႏိုင္ေရးထိပ္ဆုံးမွအေျခအေနေကာင္းေနပါတယ္။ေဒါ့မြန္ဟာၿပီးခဲ့တဲ့ေႏြတုန္းကဆန္ခ်ိဳအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၀၈သန္းေတာင္းခဲ့ေသာ္လည္းယခုေႏြမွာေဈးႏႈန္းအနည္းငယ္ေလွ်ာ့ခ်ေရာင္းခ်ဖို႔ရွိပါတယ္။

ဒါ့အျပင္ဗာရိန္းမွာလည္းရီးရဲလ္မက္ဒရစ္ႏွင့္တစ္ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့ကာမန္ယူအျပင္မန္စီးတီးရဲ႕ပစ္မွတ္ထားျခင္းခံေနရပါတယ္။

မန္ယူဟာဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ဒက္လန္း႐ိုက္စ္ႏွင့္ဗီလာရီးရဲလ္ဗဟိုေနာက္ခံလူေပါလ္ေတာရက္စ္တို႔ကိုလည္းေခၚယူရန္စိတ္ဝင္စားေနပါတယ္။

မန္ယူဟာဝါရင့္တိုက္စစ္မႉးအက္ဒီဆင္ကာဗာနီကိုတစ္ႏွစ္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုထားမႈေၾကာင့္တိုက္စစ္မႉးသစ္ေခၚယူဖို႔အလားအလာေတာ့မရွိပါဘူး။ဒါေပမယ့္မန္ယူဟာဟယ္ရီကိန္း(သို႔မဟုတ္)အာလင္းဟာလန္းကိုေခၚယူႏိုင္မယ့္အခြင့္အေရးရွိလာမယ္ဆိုရင္ေတာ့ႀကိဳးပမ္းလာဖို႔ရွိပါတယ္။