ငှားခဈေးကြီးလို့ အိပ်မက်ရဲတိုက်နှင့် လွဲချော်သွားခဲ့တဲ့ လီယွန်နယ်မက်ဆီ

လီယွန်နယ်မက်ဆီဟာပိုင်ရှင်ဖြစ်သူကငှားရမ်းခတစ်လပေါင်၈၅၀၀အထိတိုးမြှင့်တောင်းဆိုလာမှုနဲ့အတူအိပ်မက်ထဲကရဲတိုက်နှင့်လွဲချော်သွားခဲ့ပါတယ်။

အသက်၃၄နှစ်ရှိမက်ဆီနှင့်ဇနီးသည်အန်တိုနဲလာရိုကူဇာတို့ဟာပဲရစ်ရှိ Palais Rose (သို့မဟုတ်) Pink Palace လို့ခေါ်ဝေါ်တဲ့ ရဲတိုက်ကိုငှားရမ်းနေထိုင်ဖို့မျက်စိကျခဲ့ကြပါတယ်။

အဆိုပါရဲတိုက်မှာရုပ်ရှင်ရုံ၊ရေကူးကန်၊တင်းနစ်ကွင်း၊အားကစားခန်းမနှင့်ဂိမ်းအခန်းတို့ပါဝင်တဲ့အပြင်ဝန်ထမ်းများအတွက်အိမ်ယာလည်းပါဝင်ပါတယ်။

ဒါပေမယ့်ရဲတိုက်ပိုင်ရှင်ဟာသူ့ရဲတိုက်ကိုလီယွန်နယ်မက်ဆီကငှားရမ်းရန်စိတ်ဝင်စားကြောင်းသိရှိသွားပြီးနောက်ငှားရမ်းခမြှင့်တင်မှုပြုလုပ်လာမှုနဲ့အတူပီအက်စ်ဂျီစူပါစတားကနောက်ဆုတ်သွားခဲ့တာဖြစ်ပါတယ်။

မက်ဆီနှင့်မိသားစုဟာပီအက်စ်ဂျီသို့ပြောင်းလာပြီးနောက် တစ်ညလျှင် ပေါင်၁၇၀၀၀ ပေးရတဲ့ Le Royal Monceau ဟိုတယ်တွင်နေထိုင်လာခဲ့ကြတာဖြစ်ပြီး ပဲရစ်တွင် အိမ်ငှားရန်ရှာဖွေနေခဲ့ကြပါတယ်။

မက်ဆီရဲ့ဇနီးသည်ဟာ ပီအက်စ်ဂျီလေ့ကျင့်ရေးကွင်းနှင့်၁၅မိနစ်ခရီးအကွာအဝေးတွင်သာရှိတဲ့အိပ်ခန်း၃၀ပါ ရဲတိုက်ကိုငှားရမ်းရန်မျက်စိကျခဲ့ပါတယ်။ယခုအခါမှာတော့ပိုင်ရှင်ကငှားရမ်းခမြှင့်လိုက်မှုနဲ့အတူနောက်ဆုတ်လိုက်ပြီဖြစ်ပါတယ်။

မက်ဆီရဲ့ဇနီးသည်ဟာပဲရစ်မှာအတည်တကျနေထိုင်ဖို့အတွက်အိမ်ကောင်းတစ်လုံးရှာဖွေရဦးမှာဖြစ်ပါတယ်။

ZawGyi

ငွားခေဈးႀကီးလို႔ အိပ္မက္ရဲတိုက္ႏွင့္ လြဲေခ်ာ္သြားခဲ့တဲ့ လီယြန္နယ္မက္ဆီ

လီယြန္နယ္မက္ဆီဟာပိုင္ရွင္ျဖစ္သူကငွားရမ္းခတစ္လေပါင္၈၅၀၀အထိတိုးျမႇင့္ေတာင္းဆိုလာမႈနဲ႔အတူအိပ္မက္ထဲကရဲတိုက္ႏွင့္လြဲေခ်ာ္သြားခဲ့ပါတယ္။

အသက္၃၄ႏွစ္ရွိမက္ဆီႏွင့္ဇနီးသည္အန္တိုနဲလာ႐ိုကူဇာတို႔ဟာပဲရစ္ရွိ Palais Rose (သို႔မဟုတ္) Pink Palace လို႔ေခၚေဝၚတဲ့ ရဲတိုက္ကိုငွားရမ္းေနထိုင္ဖို႔မ်က္စိက်ခဲ့ၾကပါတယ္။

အဆိုပါရဲတိုက္မွာ႐ုပ္ရွင္႐ုံ၊ေရကူးကန္၊တင္းနစ္ကြင္း၊အားကစားခန္းမႏွင့္ဂိမ္းအခန္းတို႔ပါဝင္တဲ့အျပင္ဝန္ထမ္းမ်ားအတြက္အိမ္ယာလည္းပါဝင္ပါတယ္။

ဒါေပမယ့္ရဲတိုက္ပိုင္ရွင္ဟာသူ႔ရဲတိုက္ကိုလီယြန္နယ္မက္ဆီကငွားရမ္းရန္စိတ္ဝင္စားေၾကာင္းသိရွိသြားၿပီးေနာက္ငွားရမ္းချမႇင့္တင္မႈျပဳလုပ္လာမႈနဲ႔အတူပီအက္စ္ဂ်ီစူပါစတားကေနာက္ဆုတ္သြားခဲ့တာျဖစ္ပါတယ္။

မက္ဆီႏွင့္မိသားစုဟာပီအက္စ္ဂ်ီသို႔ေျပာင္းလာၿပီးေနာက္ တစ္ညလွ်င္ ေပါင္၁၇၀၀၀ ေပးရတဲ့ Le Royal Monceau ဟိုတယ္တြင္ေနထိုင္လာခဲ့ၾကတာျဖစ္ၿပီး ပဲရစ္တြင္ အိမ္ငွားရန္ရွာေဖြေနခဲ့ၾကပါတယ္။

မက္ဆီရဲ႕ဇနီးသည္ဟာ ပီအက္စ္ဂ်ီေလ့က်င့္ေရးကြင္းႏွင့္၁၅မိနစ္ခရီးအကြာအေဝးတြင္သာရွိတဲ့အိပ္ခန္း၃၀ပါ ရဲတိုက္ကိုငွားရမ္းရန္မ်က္စိက်ခဲ့ပါတယ္။ယခုအခါမွာေတာ့ပိုင္ရွင္ကငွားရမ္းချမႇင့္လိုက္မႈနဲ႔အတူေနာက္ဆုတ္လိုက္ၿပီျဖစ္ပါတယ္။

မက္ဆီရဲ႕ဇနီးသည္ဟာပဲရစ္မွာအတည္တက်ေနထိုင္ဖို႔အတြက္အိမ္ေကာင္းတစ္လုံးရွာေဖြရဦးမွာျဖစ္ပါတယ္။