စကူဒက်တိုဖလားဆွတ်ခူးပေးပြီးနောက် ဥက္ကဌနှင့်ပြဿနာတက်ကာ အင်တာနည်းပြရာထူးမှ ကွန်တီနုတ်ထွက်

အန်တိုနီယိုကွန်တီဟာအင်တာမီလန်ကိုစကူဒက်တိုဖလားဆွတ်ခူးနိုင်အောင်ဦးဆောင်ပေးခဲ့ပြီးရက်အနည်းငယ်အကြာတွင်ပင်နည်းပြရာထူးမှနုတ်ထွက်လိုက်ပါတယ်။

ချဲလ်ဆီးနည်းပြဟောင်းဟာအနာဂတ်အစီအစဉ်များနှင့်ပတ်သက်ပြီးအင်တာမီလန်ဥက္ကဌစတီဗင်ကျောင်နှင့်အကြီးအကျယ်ပြဿနာတက်ကာရာထူးမှနုတ်ထွက်လိုက်တာဖြစ်ပါတယ်။

ငွေကြေးပြဿနာနှင့်ရင်ဆိုင်နေရတဲ့အင်တာမီလန်ဟာယခုနွေရာသီတွင်ကစားသမားရောင်းချမှုမှပေါင်သန်း၈၀ရရှိရန်လိုအပ်နေပြီးတစ်သင်းလုံးကိုလည်းလုပ်ခ၂၀ရာခိုင်နှုန်းလျှော့ချရန်စီစဉ်နေပါတယ်။

တရုတ်အသင်းပိုင်ရှင်တို့ဟာငွေကြေးအခက်အခဲကြောင့်၎င်းတို့ပိုင်တရုတ်ကလပ် Jiangsu ကိုယခုနှစ်အစောပိုင်းတုန်းကဖျက်သိမ်းလိုက်ပြီးလည်းဖြစ်ပါတယ်။

ကွန်တီကအောင်မြင်မှုကိုဆက်လက်ထိန်းသိမ်းရေးအတွက်နွေရာသီတွင်ကစားသမားကောင်းများ ဆက်လက်ခေါ်ယူလိုနေသလိုအဓိကကစားသမားအချို့တို့ကိုလည်းစာချုပ်သစ်ချုပ်ဆိုလိုနေပါတယ်။

ဒါပေမယ့်ကလပ်ဘက်ကငွေကြေးမထုတ်ပေးတဲ့အပြင်အရေးပါတဲ့ကစားသမားအချို့တို့ကိုပါရောင်းရန်စီစဉ်နေမှုကြောင့်ကွန်တီနုတ်ထွက်လိုက်တာပါ။

အင်တာမီလန်နှင့်တစ်နှစ်စာချုပ်ကျန်နေသေးတဲ့ကွန်တီဟာစာချုပ်အတွက်နစ်နာကြေးပေါင်၆သန်းခန့်ရရှိဖို့ရှိပါတယ်။

ZawGyi

စကူဒက္တိုဖလားဆြတ္ခူးေပးၿပီးေနာက္ ဥကၠဌႏွင့္ျပႆနာတက္ကာ အင္တာနည္းျပရာထူးမွ ကြန္တီႏုတ္ထြက္

အန္တိုနီယိုကြန္တီဟာအင္တာမီလန္ကိုစကူဒက္တိုဖလားဆြတ္ခူးႏိုင္ေအာင္ဦးေဆာင္ေပးခဲ့ၿပီးရက္အနည္းငယ္အၾကာတြင္ပင္နည္းျပရာထူးမွႏုတ္ထြက္လိုက္ပါတယ္။

ခ်ဲလ္ဆီးနည္းျပေဟာင္းဟာအနာဂတ္အစီအစဥ္မ်ားႏွင့္ပတ္သက္ၿပီးအင္တာမီလန္ဥကၠဌစတီဗင္ေက်ာင္ႏွင့္အႀကီးအက်ယ္ျပႆနာတက္ကာရာထူးမွႏုတ္ထြက္လိုက္တာျဖစ္ပါတယ္။

ေငြေၾကးျပႆနာႏွင့္ရင္ဆိုင္ေနရတဲ့အင္တာမီလန္ဟာယခုေႏြရာသီတြင္ကစားသမားေရာင္းခ်မႈမွေပါင္သန္း၈၀ရရွိရန္လိုအပ္ေနၿပီးတစ္သင္းလုံးကိုလည္းလုပ္ခ၂၀ရာခိုင္ႏႈန္းေလွ်ာ့ခ်ရန္စီစဥ္ေနပါတယ္။

တ႐ုတ္အသင္းပိုင္ရွင္တို႔ဟာေငြေၾကးအခက္အခဲေၾကာင့္၎တို႔ပိုင္တ႐ုတ္ကလပ္ Jiangsu ကိုယခုႏွစ္အေစာပိုင္းတုန္းကဖ်က္သိမ္းလိုက္ၿပီးလည္းျဖစ္ပါတယ္။

ကြန္တီကေအာင္ျမင္မႈကိုဆက္လက္ထိန္းသိမ္းေရးအတြက္ေႏြရာသီတြင္ကစားသမားေကာင္းမ်ား ဆက္လက္ေခၚယူလိုေနသလိုအဓိကကစားသမားအခ်ိဳ႕တို႔ကိုလည္းစာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုေနပါတယ္။

ဒါေပမယ့္ကလပ္ဘက္ကေငြေၾကးမထုတ္ေပးတဲ့အျပင္အေရးပါတဲ့ကစားသမားအခ်ိဳ႕တို႔ကိုပါေရာင္းရန္စီစဥ္ေနမႈေၾကာင့္ကြန္တီႏုတ္ထြက္လိုက္တာပါ။

အင္တာမီလန္ႏွင့္တစ္ႏွစ္စာခ်ဳပ္က်န္ေနေသးတဲ့ကြန္တီဟာစာခ်ဳပ္အတြက္နစ္နာေၾကးေပါင္၆သန္းခန႔္ရရွိဖို႔ရွိပါတယ္။