စကော့တလန်နိုင်ငံပေါ် ပျံသန်းနေစဉ် ဂျာမနီအသင်း ပါဝင်တဲ့ လေယာဉ် အရေးပေါ် ဆင်းသက်ခဲ့ရ

ဂျာမနီအသင်းလိုက်ပါစီးနင်းလိုက်ပါလာတဲ့လေယာဉ်ဟာစကော့တလန်နိုင်ငံပေါ်တွင်ပျံသန်းနေစဉ်အခက်အခဲပြဿနာတစ်ခုတက်မှုနဲ့အတူအရေးပေါ်ဆင်းသက်မှုပြုလုပ်ခဲ့ရပါတယ်။

ဂျာမနီအသင်းဟာဗုဒ္ဓဟူးနေ့တုန်းကအိုက်စလန်ကို၄-၀ဂိုးဖြင့်အနိုင်ရရှိပြီးနောက်နံနက်၁နာရီအချိန်တွင်ကီဖလာဗစ်နိုင်ငံတကာလေဆိပ်မှဂျာမနီသို့ပြန်လာခဲ့ပါတယ်။

လေယာဉ်ဟာစကော့တလန်နိုင်ငံကိုဖြတ်သန်းပျံသန်းနေစဉ် Code 7700 Signal ကိုပေးပို့ခဲ့ပါတယ်။ယင်း Code မှာအရေးပေါ်ပြဿနာတစ်ခုကြုံနေ၍ အရေးပေါ်ဆင်းသက်ခွင့်ပေးရန်တောင်းခံခြင်းဖြစ်ပါတယ်။လက်ရှိအချိန်တွင် ဂျာမနီအသင်းကိုသယ်ဆောင်လာတဲ့လေယာဉ်တွင်မည်သည့်ပြဿနာဖြစ်သလဲဆိုတာကိုတော့မသိရသေးပါဘူး။

လေယာဉ်တွင်လိုက်ပါသူတစ်ဦးဦးကြောင့်သော်လည်းကောင်း၊လေယာဉ်ကြောင့်သော်လည်းအရေးပေါ်ဆင်းသက်ရသလားမသိသေးပါဘူး။

ဂျာမနီအသင်းကတော့လုံခြုံရေးဦးစားပေးလုပ်ဆောင်တဲ့အနေဖြင့်အရေးပေါ်ဆင်းသက်ရခြင်းဖြစ်ကြောင်းဆိုထားပါတယ်။

ZawGyi



ဂျာမနီအသင်းဟာဗုဒ္ဓဟူးနေ့တုန်းကအိုက်စလန်ကို၎-၀ဂိုးဖြင့်အနိုင်ရရှိပြီးနောက်နံနက်၁နာရီအချိန်တွင်ကီဖလာဗစ်နိုင်ငံတကာလေဆိပ်မှဂျာမနီသို့ပြန်လာခဲ့ပါတယ်။


