စကော့တလန်နှင့်ပွဲတွင် သွင်းယူခဲ့တဲ့ ပါထရစ်ရှက်ခ်ရဲ့ အံ့ဩဖွယ်ဂိုးက ယူရို အကောင်းဆုံးဂိုးဆုဆွတ်ခူး

စကော့တလန်နှင့်ပွဲစဉ်တွင် သွင်းယူခဲ့တဲ့ ချက်တိုက်စစ်မှူးပါထရစ်ရှက်ခ်ရဲ့အံ့ဩဖွယ်သွင်းဂိုးမှာ ယူရို၂၀၂၀ပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးဆုကိုဆွတ်ခူးသွားခဲ့ပါတယ်။

ချက်တိိုက်စစ်မှူးဟာပြီးခဲ့တဲ့လတုန်းကစကော့တလန်နှင့်ကစားရတဲ့အုပ်စုပွဲစဉ်တွင်ကွင်းလယ်တစ်ဝက်လောက်ကနေသွင်းယူခဲ့တာပါ။

ချက်ကစကော့တလန်ကို၁-၀ဂိုးဖြင့်ဦးဆောင်နေတဲ့အချိန်မှာလေဗာကူဆင်တိုက်စစ်မှူးဟာကိုက်၅၀အကွာကနေသွင်းယူခဲ့တာပါ။

သူဟာစကော့တလန်ရဲ့တိုက်စစ်ဆင် ဂိုးပေါက်သို့ကန်တဲ့ဘောလုံးပြန်အံထွက်လာမှုကနေ ရှေ့တက်နေတဲ့စကော့တလန်ဂိုးသမားမာရှဲလ်ကိုကျော်ကာကွင်းလယ်တစ်ဝက်မှမနားတမ်းကန်သွင်းခဲ့တာပါ။

ပါထရစ်ရှက်ခ်ဟာဆွစ်ဇာလန်နှင့်ပွဲစဉ်မှပေါလ်ပေါ့ဘာရဲ့ဂိုး၊စကော့တလန်နှင့်ပွဲစဉ်မှလူကာမိုဒရစ်ရဲ့ဂိုးတို့ကိုကျော်ဖြတ်ကာယူရို၂၀၂၀ပြိုင်ပွဲရဲ့အကောင်းဆုံးဂိုးဆုကိုဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

ယူရို၂၀၂၀ပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆုကိုအီတလီဂိုးသမားဒွန်နာရမ်မာကလည်းကောင်း၊အကောင်းဆုံးဂိုးသမားဆုကိုအင်္ဂလန်ဂိုးသမားပစ်ဖို့ဒ်ကလည်းကောင်း၊ရွှေဖိနပ်ဆုကိုပေါ်တူဂီစတားခရစ္စတီယာနိုရော်နယ်ဒိုကလည်းကောင်း၊အကောင်းဆုံးလူငယ်ကစားသမားဆုကိုစပိန်မှပီဒရီကလည်းကောင်းဆွတ်ခူးခဲ့ပါတယ်။

ZawGyi

စေကာ့တလန္ႏွင့္ပြဲတြင္ သြင္းယူခဲ့တဲ့ ပါထရစ္ရွက္ခ္ရဲ႕ အံ့ဩဖြယ္ဂိုးက ယူ႐ို အေကာင္းဆုံးဂိုးဆုဆြတ္ခူး

စေကာ့တလန္ႏွင့္ပြဲစဥ္တြင္ သြင္းယူခဲ့တဲ့ ခ်က္တိုက္စစ္မႉးပါထရစ္ရွက္ခ္ရဲ႕အံ့ဩဖြယ္သြင္းဂိုးမွာ ယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးဂိုးဆုကိုဆြတ္ခူးသြားခဲ့ပါတယ္။

ခ်က္တိိုက္စစ္မႉးဟာၿပီးခဲ့တဲ့လတုန္းကစေကာ့တလန္ႏွင့္ကစားရတဲ့အုပ္စုပြဲစဥ္တြင္ကြင္းလယ္တစ္ဝက္ေလာက္ကေနသြင္းယူခဲ့တာပါ။

ခ်က္ကစေကာ့တလန္ကို၁-၀ဂိုးျဖင့္ဦးေဆာင္ေနတဲ့အခ်ိန္မွာေလဗာကူဆင္တိုက္စစ္မႉးဟာကိုက္၅၀အကြာကေနသြင္းယူခဲ့တာပါ။

သူဟာစေကာ့တလန္ရဲ႕တိုက္စစ္ဆင္ ဂိုးေပါက္သို႔ကန္တဲ့ေဘာလုံးျပန္အံထြက္လာမႈကေန ေရွ႕တက္ေနတဲ့စေကာ့တလန္ဂိုးသမားမာရွဲလ္ကိုေက်ာ္ကာကြင္းလယ္တစ္ဝက္မွမနားတမ္းကန္သြင္းခဲ့တာပါ။

ပါထရစ္ရွက္ခ္ဟာဆြစ္ဇာလန္ႏွင့္ပြဲစဥ္မွေပါလ္ေပါ့ဘာရဲ႕ဂိုး၊စေကာ့တလန္ႏွင့္ပြဲစဥ္မွလူကာမိုဒရစ္ရဲ႕ဂိုးတို႔ကိုေက်ာ္ျဖတ္ကာယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးဂိုးဆုကိုဆြတ္ခူးခဲ့တာျဖစ္ပါတယ္။

ယူ႐ို၂၀၂၀ၿပိဳင္ပြဲရဲ႕အေကာင္းဆုံးကစားသမားဆုကိုအီတလီဂိုးသမားဒြန္နာရမ္မာကလည္းေကာင္း၊အေကာင္းဆုံးဂိုးသမားဆုကိုအဂၤလန္ဂိုးသမားပစ္ဖို႔ဒ္ကလည္းေကာင္း၊ေ႐ႊဖိနပ္ဆုကိုေပၚတူဂီစတားခရစၥတီယာႏိုေရာ္နယ္ဒိုကလည္းေကာင္း၊အေကာင္းဆုံးလူငယ္ကစားသမားဆုကိုစပိန္မွပီဒရီကလည္းေကာင္းဆြတ္ခူးခဲ့ပါတယ္။