စကော့တလန်သူ ချစ်သူနှင့် စေ့စပ်လိုက်တဲ့ ရိန်းဂျားစတားဂျာမိန်းဒီဖိုး

ရိန်းဂျားစတားဂျာမိန်းဒီဖိုးဟာသူ့ရဲ့စကော့တလန်သူချစ်သူအားလက်ထပ်ခွင့်တောင်းလိုက်ပြီဖြစ်ပါတယ်။အသက်၃၈နှစ်ရှိအင်္ဂလန်တိုက်စစ်မှူးဟောင်းဟာစကော့တလန်သူ မျက်နှာအလှပြုပြင်ပေးသူဒွန်နာတီယာနေးအားအဖိုးတန်စိန်လက်စွပ်ဖြင့်လက်ထပ်ခွင့်တောင်းလိုက်တာလည်းဖြစ်ပါတယ်။

တီယာနေးဟာဂျာမိန်းဒီဖိုးထက်အသက်တစ်နှစ်ကြီးသူဖြစ်ပြီးသူမရဲ့အပျော်ကိုအင်စတာဂရမ်မှပရိသတ်များကိုဝေမျှသွားတာတွေ့ရပါတယ်။

ဒီဖိုးဟာ၂၀၁၈ခုနှစ်တုန်းကရိန်းဂျားသို့ရောက်လာခဲ့သူဖြစ်ပြီးမကြာသေးမီတုန်းကရိန်းဂျားနှင့်စာချုပ်သစ်ချုပ်ဆိုခဲ့သူလည်းဖြစ်ပါတယ်။

သူဟာစာချုပ်သစ်ကြောင့်ကစားသမား/နည်းပြဖြစ်လာသူဖြစ်ပြီးကစားသမားအဖြစ်သာမကစတီဗင်ဂျရတ်ရဲ့နည်းပြအဖွဲ့တွင်လည်းတာဝန်ထမ်းဆောင်သွားပါမယ်။

သူဟာပြီးခဲ့တဲ့ရာသီတုန်းကရိန်းဂျားနှင့်အတူစကော့တလန်ပရီးမီးယားလိဂ်ဆွတ်ခူးနိုင်ခဲ့ပေမယ့်တစ်ပွဲတည်းသာအရန်အဖြစ်ကစားခဲ့သူဖြစ်ပါတယ်။သူဟာအင်္ဂလန်အသင်းအတွက်၅၇ပွဲကစားကာဂိုး၂၀သွင်းပေးနိုင်ခဲ့သူဖြစ်ပါတယ်။

ZawGyi

စေကာ့တလန္သူ ခ်စ္သူႏွင့္ ေစ့စပ္လိုက္တဲ့ ရိန္းဂ်ားစတားဂ်ာမိန္းဒီဖိုး

ရိန္းဂ်ားစတားဂ်ာမိန္းဒီဖိုးဟာသူ႔ရဲ႕စေကာ့တလန္သူခ်စ္သူအားလက္ထပ္ခြင့္ေတာင္းလိုက္ၿပီျဖစ္ပါတယ္။အသက္၃၈ႏွစ္ရွိအဂၤလန္တိုက္စစ္မႉးေဟာင္းဟာစေကာ့တလန္သူ မ်က္ႏွာအလွျပဳျပင္ေပးသူဒြန္နာတီယာေနးအားအဖိုးတန္စိန္လက္စြပ္ျဖင့္လက္ထပ္ခြင့္ေတာင္းလိုက္တာလည္းျဖစ္ပါတယ္။

တီယာေနးဟာဂ်ာမိန္းဒီဖိုးထက္အသက္တစ္ႏွစ္ႀကီးသူျဖစ္ၿပီးသူမရဲ႕အေပ်ာ္ကိုအင္စတာဂရမ္မွပရိသတ္မ်ားကိုေဝမွ်သြားတာေတြ႕ရပါတယ္။

ဒီဖိုးဟာ၂၀၁၈ခုႏွစ္တုန္းကရိန္းဂ်ားသို႔ေရာက္လာခဲ့သူျဖစ္ၿပီးမၾကာေသးမီတုန္းကရိန္းဂ်ားႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့သူလည္းျဖစ္ပါတယ္။

သူဟာစာခ်ဳပ္သစ္ေၾကာင့္ကစားသမား/နည္းျပျဖစ္လာသူျဖစ္ၿပီးကစားသမားအျဖစ္သာမကစတီဗင္ဂ်ရတ္ရဲ႕နည္းျပအဖြဲ႕တြင္လည္းတာဝန္ထမ္းေဆာင္သြားပါမယ္။

သူဟာၿပီးခဲ့တဲ့ရာသီတုန္းကရိန္းဂ်ားႏွင့္အတူစေကာ့တလန္ပရီးမီးယားလိဂ္ဆြတ္ခူးႏိုင္ခဲ့ေပမယ့္တစ္ပြဲတည္းသာအရန္အျဖစ္ကစားခဲ့သူျဖစ္ပါတယ္။သူဟာအဂၤလန္အသင္းအတြက္၅၇ပြဲကစားကာဂိုး၂၀သြင္းေပးႏိုင္ခဲ့သူျဖစ္ပါတယ္။