စကော့မက်တိုမီနေးကို တာဝန်ပြောင်းလဲအသုံးပြုသွားရန် သရဲနီနည်းပြအဖွဲ့စီစဉ်နေ

မန်ချက်စတာယူနိုက်တက်နည်းပြအဖွဲ့ဝင်များဟာစကော့မက်တိုမီနေးကိုနေရာပြောင်းလဲအသုံးပြုသွားရန်စီစဉ်နေပါတယ်။ဆိုးလ်ရှားနှင့်မန်ယူနည်းပြအဖွဲ့ဝင်များဟာစကော့တလန်လက်ရွေးစင်ကွင်းလယ်ကစားသမားကို ကွင်းလယ်အဖျက်အဖြစ်သီးသန့်အသုံးပြုရန် စီစဉ်နေကြောင်းသိရပါတယ်။

လက်ရှိအချိန်တွင်စကော့မက်တိုမီနေးဟာဖရက်(သို့မဟုတ်)မာတစ်နှင့်အတူ မန်ယူတွင် ကွင်းလယ်အဖျက်နှစ်ဦးအတွဲအဖြစ်ကစားနေပါတယ်။

ဒါပေမယ့် The Athetic ရဲ့ဖော်ပြချက်အရ မန်ယူလက်ထောက်နည်းပြများဖြစ်ကြတဲ့မိုက်ကယ်ကာရစ်နှင့်ကီရန်မက်ကန်နာတို့ဟာမက်တိုမီနေးကိုကွင်းလယ်အဖျက်နှင့်ဘောလုံးပေးပို့ရေးတို့အတွက်သာအသုံးပြုရန်စီစဉ်နေပါတယ်။

မန်ယူဟာလက်ရှိအချိန်တွင် ၄-၂-၃-၁ ကစားကွက်ကိုအသုံးပြုနေရာတွင် ပေါလ်ပေါ့ဘာကိုဘယ်ခြမ်းတွင်ထားပြီးအသုံးပြုသော်လည်းပြင်သစ်ကွင်းလယ်လူမှာစိတ်ကြိုက်ကစားခွင့်မရမှုနဲ့အတူခြေစွမ်းပြဆက်တိုက်ပြနိုင်ရန်ရုန်းကန်နေရပါတယ်။

ဒါကြောင့်လည်းမန်ယူနည်းပြအဖွဲ့ဝင်များဟာစကော့မက်တိုမီနေးကိုမန်စီးတီးမှရိုဒရီ၊လီဗာပူးမှဖာဘင်ဟိုတို့ကဲ့သို့ကွင်းအဖျက်သီးသန့်တာဝန်ပေးကာရန်စီစဉ်နေပါတယ်။ယင်းစကော့မက်တိုမီနေးကို ကွင်းလယ်အဖျက်သီးသန့်တာဝန်ပေးလိုက်မှုကြောင့်ပေါလ်ပေါ့ဘာမှာကွင်းလယ်တွင်လွတ်လပ်စွာကစားခွင့်ရရှိလာပါမယ်။

ဆိုးလ်ရှားကစကော့မက်တိုမီနေးကို ကွင်းလယ်အဖျက်အဖြစ်သီးသန့်သုံးရန်လုပ်ဆောင်နေမှုနဲ့အတူ မန်ယူပရိသတ်များအကြားတွင်လည်းမေးခွန်းထုတ်စရာများလာပါတယ်။

ပရိသတ်များကစကော့မက်တိုမီနေးကိုလက်ရှိအချိန်တွင် ကွင်းလယ်အဖျက်အဖြစ်သာအသုံးပြုနေတယ်လို့ယုံကြည်နေပြီး လက်ရှိအခြေအနေအတိုင်း မာတစ်(သို့မဟုတ်)ဖရက်နှင့် တွဲကာကွင်းလယ်အဖျက်တွင်ဆက်သုံးလာမလား(သို့မဟုတ်) မာတစ်(သို့မဟုတ်)ဖရက်ကိုမသုံးတော့ဘဲ ကွင်းလယ်အဖျက်အဖြစ်မက်တိုမီနေးတစ်ဦးတည်းကိုသာသုံးလာမလားမေးခွန်းထုတ်နေပါတယ်။

တကယ်လို့များဆိုးလ်ရှားအနေဖြင့် စကော့မက်တိုမီနေးတစ်ဦးတည်းကိုသာကွင်းလယ်အဖျက်အဖြစ်အသုံးပြုလာမည်ဆိုပါက တိုက်စစ်အတွက်နေရာတစ်နေရာလစ်လပ်လာမှာဖြစ်ပါတယ်။

ZawGyi

စေကာ့မက္တိုမီေနးကို တာဝန္ေျပာင္းလဲအသုံးျပဳသြားရန္ သရဲနီနည္းျပအဖြဲ႕စီစဥ္ေန

မန္ခ်က္စတာယူႏိုက္တက္နည္းျပအဖြဲ႕ဝင္မ်ားဟာစေကာ့မက္တိုမီေနးကိုေနရာေျပာင္းလဲအသုံးျပဳသြားရန္စီစဥ္ေနပါတယ္။ဆိုးလ္ရွားႏွင့္မန္ယူနည္းျပအဖြဲ႕ဝင္မ်ားဟာစေကာ့တလန္လက္ေ႐ြးစင္ကြင္းလယ္ကစားသမားကို ကြင္းလယ္အဖ်က္အျဖစ္သီးသန႔္အသုံးျပဳရန္ စီစဥ္ေနေၾကာင္းသိရပါတယ္။

လက္ရွိအခ်ိန္တြင္စေကာ့မက္တိုမီေနးဟာဖရက္(သို႔မဟုတ္)မာတစ္ႏွင့္အတူ မန္ယူတြင္ ကြင္းလယ္အဖ်က္ႏွစ္ဦးအတြဲအျဖစ္ကစားေနပါတယ္။

ဒါေပမယ့္ The Athetic ရဲ႕ေဖာ္ျပခ်က္အရ မန္ယူလက္ေထာက္နည္းျပမ်ားျဖစ္ၾကတဲ့မိုက္ကယ္ကာရစ္ႏွင့္ကီရန္မက္ကန္နာတို႔ဟာမက္တိုမီေနးကိုကြင္းလယ္အဖ်က္ႏွင့္ေဘာလုံးေပးပို႔ေရးတို႔အတြက္သာအသုံးျပဳရန္စီစဥ္ေနပါတယ္။

မန္ယူဟာလက္ရွိအခ်ိန္တြင္ ၄-၂-၃-၁ ကစားကြက္ကိုအသုံးျပဳေနရာတြင္ ေပါလ္ေပါ့ဘာကိုဘယ္ျခမ္းတြင္ထားၿပီးအသုံးျပဳေသာ္လည္းျပင္သစ္ကြင္းလယ္လူမွာစိတ္ႀကိဳက္ကစားခြင့္မရမႈနဲ႔အတူေျခစြမ္းျပဆက္တိုက္ျပႏိုင္ရန္႐ုန္းကန္ေနရပါတယ္။

ဒါေၾကာင့္လည္းမန္ယူနည္းျပအဖြဲ႕ဝင္မ်ားဟာစေကာ့မက္တိုမီေနးကိုမန္စီးတီးမွ႐ိုဒရီ၊လီဗာပူးမွဖာဘင္ဟိုတို႔ကဲ့သို႔ကြင္းအဖ်က္သီးသန႔္တာဝန္ေပးကာရန္စီစဥ္ေနပါတယ္။ယင္းစေကာ့မက္တိုမီေနးကို ကြင္းလယ္အဖ်က္သီးသန႔္တာဝန္ေပးလိုက္မႈေၾကာင့္ေပါလ္ေပါ့ဘာမွာကြင္းလယ္တြင္လြတ္လပ္စြာကစားခြင့္ရရွိလာပါမယ္။

ဆိုးလ္ရွားကစေကာ့မက္တိုမီေနးကို ကြင္းလယ္အဖ်က္အျဖစ္သီးသန႔္သုံးရန္လုပ္ေဆာင္ေနမႈနဲ႔အတူ မန္ယူပရိသတ္မ်ားအၾကားတြင္လည္းေမးခြန္းထုတ္စရာမ်ားလာပါတယ္။

MANCHESTER, ENGLAND – AUGUST 07: Scott McTominay of Manchester United in action during the pre-season friendly match between Manchester United and Everton at Old Trafford on August 7, 2021 in Manchester, England. (Photo by Ash Donelon/Manchester United via Getty Images)

ပရိသတ္မ်ားကစေကာ့မက္တိုမီေနးကိုလက္ရွိအခ်ိန္တြင္ ကြင္းလယ္အဖ်က္အျဖစ္သာအသုံးျပဳေနတယ္လို႔ယုံၾကည္ေနၿပီး လက္ရွိအေျခအေနအတိုင္း မာတစ္(သို႔မဟုတ္)ဖရက္ႏွင့္ တြဲကာကြင္းလယ္အဖ်က္တြင္ဆက္သုံးလာမလား(သို႔မဟုတ္) မာတစ္(သို႔မဟုတ္)ဖရက္ကိုမသုံးေတာ့ဘဲ ကြင္းလယ္အဖ်က္အျဖစ္မက္တိုမီေနးတစ္ဦးတည္းကိုသာသုံးလာမလားေမးခြန္းထုတ္ေနပါတယ္။

တကယ္လို႔မ်ားဆိုးလ္ရွားအေနျဖင့္ စေကာ့မက္တိုမီေနးတစ္ဦးတည္းကိုသာကြင္းလယ္အဖ်က္အျဖစ္အသုံးျပဳလာမည္ဆိုပါက တိုက္စစ္အတြက္ေနရာတစ္ေနရာလစ္လပ္လာမွာျဖစ္ပါတယ္။