စက္ကန့် ၂၀ အတွင်း အဝါကတ်နှစ်ကတ်ပြသခံရကာ အထုတ်ခံခဲ့ရတဲ့ အက်သလက်တီကိုစတားဖီးလစ်

ဂျိုအာဖီးလစ်ဟာမနေ့ညတုန်းကဘီလ်ဘာအိုနှင့်ပွဲစဉ်မှာစက္ကန့်၂၀အတွင်းအဝါကတ်နှစ်ကတ်ပြသခြင်းခံခဲ့ရပြီးအထုတ်ခံခဲ့ရပါတယ်။

အသက်၂၁နှစ်ရှိအက်သလက်တီကိုမက်ဒရစ်တိုက်စစ်သမားဟာဒုတိယပိုင်းတွင်မှ လူစားဝင်ရောက်ကစားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့်သူဟာကွင်းအတွင်းသို့ လူစားဝင်ရောက်ကစားပြီး၁၈မိနစ်အကြာမှာဘဲ နှစ်ဝါတစ်နီဖြင့်အထုတ်ခံခဲ့ရပါတယ်။

သူဟာပြိုင်ဘက်ကစားသမားအူနိုင်းဗန်စီဒေါ်ကိုတံတောင်ဖြင့်တွက်ခဲ့မှုကြောင့်အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။ပေါ်တူဂီစတားဟာချက်ချင်းပင်ယင်းအဝါကတ်အတွက်ဒိုင်လူကြီးကိုစောဒကတက်မှုပြုလုပ်ခဲ့ရာဒုတိယမြောက်အဝါကတ်ပြသခံခဲ့ရပြီးအနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။

ဂျိုအာဖီးလစ်ဟာဒိုင်လူကြီးကို ရိုင်းစိုင်းတဲ့အသုံးအနှုန်းဖြင့်ပြောဆိုခဲ့ကြောင်းမီဒီယာများကဖော်ပြခဲ့ကြပါတယ်။ဒါ့အပြင်သူဟာခေါင်းကိုလက်ညှိုးဖြင့်ထိုးဖြင့် ဦးနှောက်မရှိတဲ့ဒိုင်ဆိုပြီးတော့လည်းပြုမူခဲ့ပါသေးတယ်။

ဒီယေဂိုဆီမြွန်နီရဲ့အက်သလက်တီကိုဟာတစ်ယောက်အလျှော့နှင့်ရင်ဆိုင်ကစားရပေမယ့်ဂိုးမရှိသရေရလဒ်ရရှိအောင်ထိန်းကစားနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာအက်သလက်တီကိုဟာဇယားထိပ်ကိုဦးဆောင်နေပေမယ့်ယနေ့ညမှာ ရီးရဲလ်မက်ဒရစ်ကသာဗလင်စီယာကိုအနိုင်ရရှိပါကနေရာလွဲပေးရပါမယ်။ဒါပေမယ့်ဗလင်စီယာကလည်းရီးရဲလ်မက်ဒရစ်၊အက်သလက်တီကိုလိုဘဲရှုံးပွဲမရှိသေးပါဘူး။

ZawGyi

စကၠန႔္ ၂၀ အတြင္း အဝါကတ္ႏွစ္ကတ္ျပသခံရကာ အထုတ္ခံခဲ့ရတဲ့ အက္သလက္တီကိုစတားဖီးလစ္

ဂ်ိဳအာဖီးလစ္ဟာမေန႔ညတုန္းကဘီလ္ဘာအိုႏွင့္ပြဲစဥ္မွာစကၠန႔္၂၀အတြင္းအဝါကတ္ႏွစ္ကတ္ျပသျခင္းခံခဲ့ရၿပီးအထုတ္ခံခဲ့ရပါတယ္။

အသက္၂၁ႏွစ္ရွိအက္သလက္တီကိုမက္ဒရစ္တိုက္စစ္သမားဟာဒုတိယပိုင္းတြင္မွ လူစားဝင္ေရာက္ကစားခဲ့တာျဖစ္ပါတယ္။

ဒါေပမယ့္သူဟာကြင္းအတြင္းသို႔ လူစားဝင္ေရာက္ကစားၿပီး၁၈မိနစ္အၾကာမွာဘဲ ႏွစ္ဝါတစ္နီျဖင့္အထုတ္ခံခဲ့ရပါတယ္။

သူဟာၿပိဳင္ဘက္ကစားသမားအူႏိုင္းဗန္စီေဒၚကိုတံေတာင္ျဖင့္တြက္ခဲ့မႈေၾကာင့္အဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။ေပၚတူဂီစတားဟာခ်က္ခ်င္းပင္ယင္းအဝါကတ္အတြက္ဒိုင္လူႀကီးကိုေစာဒကတက္မႈျပဳလုပ္ခဲ့ရာဒုတိယေျမာက္အဝါကတ္ျပသခံခဲ့ရၿပီးအနီကတ္ျပထုတ္ပယ္ခံခဲ့ရပါတယ္။

ဂ်ိဳအာဖီးလစ္ဟာဒိုင္လူႀကီးကို ႐ိုင္းစိုင္းတဲ့အသုံးအႏႈန္းျဖင့္ေျပာဆိုခဲ့ေၾကာင္းမီဒီယာမ်ားကေဖာ္ျပခဲ့ၾကပါတယ္။ဒါ့အျပင္သူဟာေခါင္းကိုလက္ညႇိဳးျဖင့္ထိုးျဖင့္ ဦးေႏွာက္မရွိတဲ့ဒိုင္ဆိုၿပီးေတာ့လည္းျပဳမူခဲ့ပါေသးတယ္။

ဒီေယဂိုဆီႁမြန္နီရဲ႕အက္သလက္တီကိုဟာတစ္ေယာက္အေလွ်ာ့ႏွင့္ရင္ဆိုင္ကစားရေပမယ့္ဂိုးမရွိသေရရလဒ္ရရွိေအာင္ထိန္းကစားႏိုင္ခဲ့ပါတယ္။

လက္ရွိအခ်ိန္မွာအက္သလက္တီကိုဟာဇယားထိပ္ကိုဦးေဆာင္ေနေပမယ့္ယေန႔ညမွာ ရီးရဲလ္မက္ဒရစ္ကသာဗလင္စီယာကိုအႏိုင္ရရွိပါကေနရာလြဲေပးရပါမယ္။ဒါေပမယ့္ဗလင္စီယာကလည္းရီးရဲလ္မက္ဒရစ္၊အက္သလက္တီကိုလိုဘဲရႈံးပြဲမရွိေသးပါဘူး။