စက်တင်ဘာနောက်ပိုင်းတွင် အမှတ်အများရယူနိုင်တဲ့အသင်းအဖြစ် အာဆင်နယ်ရပ်တည်

အာဆင်နယ်ဟာပရီးမီးယားလိဂ်ရာသီအားစက်တင်ဘာလမှစတင်မည်ဆိုလျှင်ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နိုင်ပါလိမ့်မယ်။

ဩဂုတ်လရလဒ်ကိုပျက်လိုက်မယ်ဆိုရင်အာဆင်နယ်ဟာပရီးမီးယားလိဂ်မှာအမှတ်အများဆုံးရယူထားတဲ့အသင်းအဖြစ်ရပ်တည်နေပါတယ်။

အာဆင်နယ်ဟာမနေ့ညတုန်းကဝက်ဖို့ဒ်ကိုအငြင်းပွားဖွယ်အနိုင်ဂိုးဖြင့်အနိုင်ရရှိပြီးနောက်မန်ချက်စတာယူနိုက်တက်ကိုကျော်ကာပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၅နေရာတွင်ရပ်တည်လာပါတယ်။

အာဆင်နယ်ဟာနောက်ပိုင်းတွင်ခြေစွမ်းနှင့်ရလဒ်ပိုင်းတောက်လျှောက်ကောင်းမွန်လာမှုနဲ့အတူပရိသတ်များကယခုရာသီတွင်ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်ပါစိန်ခေါ်နိုင်ပြီလို့ယုံကြည်နေကြပါတယ်။

အာဆင်နယ်ဟာစက်တင်ဘာလနောက်ပိုင်းတွင်ပရီးမီးယားလိဂ်တွင်အမှတ်၂၀အထိရယူထားပါတယ်။

အာဆင်နယ်ဟာဘရန့်ဖို့ဒ်၊မန်စီးတီးနှင့်ချဲလ်ဆီးတို့အားဆက်တိုက်ရှုံးနိမ့်ကာရာသီသစ်အားဆိုးရွားစွာစတင်ခဲ့ရပါတယ်။ဒါပေမယ့်၎င်းတို့ဟာစပါးစ်နှင့်လန်ဒန်ဒါဘီပွဲတွင်အနိုင်ရရှိခဲ့တဲ့အပြင်လက်စတာကိုအနိုင်ရရှိခဲ့ပါတယ်။

အာဆင်နယ်ဟာဝက်ဖို့ဒ်အားအနိုင်ရယူနိုင်ခဲ့မှုနဲ့အတူချန်ပီယံလိဂ်ဝင်ခွင့်အတွက်လက်တစ်ကမ်းအလိုသို့ရောက်လာပြီဖြစ်ပါတယ်။

ZawGyi







