စက်တင်ဘာလကမ္ဘာ့ဖလားခြေစစ်ပွဲများအတွက် အင်္ဂလန်အသင်းတွင် ဘမ်းဖို့ဒ် ပထမဆုံး ရွေးချယ်ခံရ

ပက်ထရစ်ဘမ်းဖို့ဒ်ဟာစက်တင်ဘာလတွင်ကစားမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွက်အင်္ဂလန်အသင်းတွင်ပထမဆုံးအကြိမ်အဖြစ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။

လိဒ်စတားဟာကလပ်အသင်းတွင်ခြေစွမ်းပြကစားလာခဲ့သူဖြစ်သော်လည်းအင်္ဂလန်အသင်းတွင်အစဉ်သဖြင့်ချန်လှပ်ခြင်းခံလာခဲ့ရသူလည်းဖြစ်ပါတယ်။

ဒါပေမယ့်လက်ရှိအင်္ဂလန်ရဲ့အမာခံကစားသမားများဖြစ်ကြတဲ့ရပ်ရှ်ဖို့ဒ်နှင့်အိုလ်လီဝတ်ကင်တို့မှာဒဏ်ရာကြောင့်အနားယူနေရရာလိဒ်တိုက်စစ်မှူးဘမ်းဖို့ဒ်မှာအင်္ဂလန်တွင်အခွင့်အရေးရရှိလာခဲ့ပြဖြစ်ပါတယ်။

အင်္ဂလန်ဟာလာမယ့်စက်တင်ဘာလမှာဟန်ဂေရီ၊အင်ဒိုရာ၊ပိုလန်တို့နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကစားရပါမယ်။

ဘမ်းဖို့ဒ်အားရွေးချယ်မှုနဲ့ပတ်သက်ပြီးအင်္ဂလန်နည်းပြဆောက်ဂိတ်က “ဒါကခြေလှမ်းသစ်တစ်ခုဖြစ်ပါတယ်။ကျွန်တော်တို့ကအကောင်းဆုံးတွေကိုဘဲရွေးချယ်လာခဲ့တာပါ။ပြီးတော့အပြောင်းအလဲကြီးကြီးမားမားလုပ်လေ့မရှိပါဘူး။ဘင်ဝှိုက်မှာကိုဗစ်အခြေအနေရှိတယ်။ဘင်ချဲလ်ဝဲလ်ကလည်းချန်ပီယံလိဂ်ဗိုလ်လုပွဲပြီးကတည်းကတစ်ပွဲမှမကစားရသေးဘူး။အခြားသူတွေလည်းပွဲသိပ်မကစားရဘူး။ဖီးလ်ဖိုဒန်နဲ့ရပ်ရှ်ဖို့ဒ်ကဒဏ်ရာရနေတယ်။ဒီတော့ပက်ထရစ်မှာကျောနံပါတ်ကိုးအတွက်အခွင့်အရေးရရှိလာပါတယ်။လိဒ်မှာသူ့တိုးတက်မှုကစိတ်လှုပ်ရှားဖို့ကောင်းပါတယ်။အင်္ဂလန်မှာပြန်ပါဝင်လာဖို့အခွင့်ကောင်းကြီးဖြစ်ပါတယ်။ယူ-၂၁မှာကတည်းကသူ့ကိုသိလာတာပါ”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်နည်းပြဆောက်ဂိတ်ဟာလာမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များအတွက်လူစာရင်းမှာဒဏ်ရာကြောင့်ယူရို၂၀၂၀ပြိုင်ပွဲကိုလွဲချော်ခဲ့တဲ့အလက်ဇန္ဒားအာနိုးအပြင်မန်ယူတွင်အနာဂတ်မရေမရာဖြစ်နေတဲ့ဂျက်စီလင်ဂတ်ကိုလည်းရွေးချယ်ခဲ့ပါတယ်။

ဒါပေမယ့်ဆောက်ဂိတ်ဟာမန်ယူတွင်ခြေစွမ်းပြကစားနေတဲ့မေဆင်ဂရင်းဝုဒ်ကိုတော့ချန်လှပ်ထားဆဲဖြစ်ပါတယ်။မေဆင်ဂရင်းဝုဒ်ဟာယခုရာသီမှာမန်ယူအတွက်ပရီးမီးယားလိဂ်ပွဲနှစ်ပွဲကစားထားရာမှာနှစ်ဂိုးသွင်းထားနိုင်ပါတယ်။

သူဟာပြီးခဲ့တဲ့နှစ်တုန်းကအိုက်စလန်နှင့်နိုင်ငံတကာပွဲကစားစဉ်အင်္ဂလန်အသင်းတည်းခိုရာဟိုတယ်ရှိသူ့အခန်းထဲမှာအိုက်စလန်သူလေးများကိုခေါ်သွင်းခဲ့မှုကြောင့်အိမ်ပြန်ပို့ခံခဲ့ရပြီးကတည်းကအင်္ဂလန်အသင်းနှင့်ဝေးကွာလာခဲ့သူလည်းဖြစ်ပါတယ်။

ZawGyi

စက္တင္ဘာလကမာၻ႔ဖလားေျခစစ္ပြဲမ်ားအတြက္ အဂၤလန္အသင္းတြင္ ဘမ္းဖို႔ဒ္ ပထမဆုံး ေ႐ြးခ်ယ္ခံရ

ပက္ထရစ္ဘမ္းဖို႔ဒ္ဟာစက္တင္ဘာလတြင္ကစားမယ့္ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားအတြက္အဂၤလန္အသင္းတြင္ပထမဆုံးအႀကိမ္အျဖစ္ေ႐ြးခ်ယ္ျခင္းခံခဲ့ရပါတယ္။

လိဒ္စတားဟာကလပ္အသင္းတြင္ေျခစြမ္းျပကစားလာခဲ့သူျဖစ္ေသာ္လည္းအဂၤလန္အသင္းတြင္အစဥ္သျဖင့္ခ်န္လွပ္ျခင္းခံလာခဲ့ရသူလည္းျဖစ္ပါတယ္။

ဒါေပမယ့္လက္ရွိအဂၤလန္ရဲ႕အမာခံကစားသမားမ်ားျဖစ္ၾကတဲ့ရပ္ရွ္ဖို႔ဒ္ႏွင့္အိုလ္လီဝတ္ကင္တို႔မွာဒဏ္ရာေၾကာင့္အနားယူေနရရာလိဒ္တိုက္စစ္မႉးဘမ္းဖို႔ဒ္မွာအဂၤလန္တြင္အခြင့္အေရးရရွိလာခဲ့ျပျဖစ္ပါတယ္။

အဂၤလန္ဟာလာမယ့္စက္တင္ဘာလမွာဟန္ေဂရီ၊အင္ဒိုရာ၊ပိုလန္တို႔ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားကစားရပါမယ္။

ဘမ္းဖို႔ဒ္အားေ႐ြးခ်ယ္မႈနဲ႔ပတ္သက္ၿပီးအဂၤလန္နည္းျပေဆာက္ဂိတ္က “ဒါကေျခလွမ္းသစ္တစ္ခုျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ကအေကာင္းဆုံးေတြကိုဘဲေ႐ြးခ်ယ္လာခဲ့တာပါ။ၿပီးေတာ့အေျပာင္းအလဲႀကီးႀကီးမားမားလုပ္ေလ့မရွိပါဘူး။ဘင္ဝႈိက္မွာကိုဗစ္အေျခအေနရွိတယ္။ဘင္ခ်ဲလ္ဝဲလ္ကလည္းခ်န္ပီယံလိဂ္ဗိုလ္လုပြဲၿပီးကတည္းကတစ္ပြဲမွမကစားရေသးဘူး။အျခားသူေတြလည္းပြဲသိပ္မကစားရဘူး။ဖီးလ္ဖိုဒန္နဲ႔ရပ္ရွ္ဖို႔ဒ္ကဒဏ္ရာရေနတယ္။ဒီေတာ့ပက္ထရစ္မွာေက်ာနံပါတ္ကိုးအတြက္အခြင့္အေရးရရွိလာပါတယ္။လိဒ္မွာသူ႔တိုးတက္မႈကစိတ္လႈပ္ရွားဖို႔ေကာင္းပါတယ္။အဂၤလန္မွာျပန္ပါဝင္လာဖို႔အခြင့္ေကာင္းႀကီးျဖစ္ပါတယ္။ယူ-၂၁မွာကတည္းကသူ႔ကိုသိလာတာပါ”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္နည္းျပေဆာက္ဂိတ္ဟာလာမယ့္ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားအတြက္လူစာရင္းမွာဒဏ္ရာေၾကာင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုလြဲေခ်ာ္ခဲ့တဲ့အလက္ဇႏၵားအာႏိုးအျပင္မန္ယူတြင္အနာဂတ္မေရမရာျဖစ္ေနတဲ့ဂ်က္စီလင္ဂတ္ကိုလည္းေ႐ြးခ်ယ္ခဲ့ပါတယ္။

ဒါေပမယ့္ေဆာက္ဂိတ္ဟာမန္ယူတြင္ေျခစြမ္းျပကစားေနတဲ့ေမဆင္ဂရင္းဝုဒ္ကိုေတာ့ခ်န္လွပ္ထားဆဲျဖစ္ပါတယ္။ေမဆင္ဂရင္းဝုဒ္ဟာယခုရာသီမွာမန္ယူအတြက္ပရီးမီးယားလိဂ္ပြဲႏွစ္ပြဲကစားထားရာမွာႏွစ္ဂိုးသြင္းထားႏိုင္ပါတယ္။

 

သူဟာၿပီးခဲ့တဲ့ႏွစ္တုန္းကအိုက္စလန္ႏွင့္ႏိုင္ငံတကာပြဲကစားစဥ္အဂၤလန္အသင္းတည္းခိုရာဟိုတယ္ရွိသူ႔အခန္းထဲမွာအိုက္စလန္သူေလးမ်ားကိုေခၚသြင္းခဲ့မႈေၾကာင့္အိမ္ျပန္ပို႔ခံခဲ့ရၿပီးကတည္းကအဂၤလန္အသင္းႏွင့္ေဝးကြာလာခဲ့သူလည္းျဖစ္ပါတယ္။