စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို ခရစ္စတီယာနိုရော်နယ်ဒိုဆွတ်ခူး

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူသို့တကျော့ပြန်ရောက်လာပြီးနောက်အကောင်းဆုံးခြေစွမ်းပြကစားနိုင်မှုနဲ့အတူပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာနယူးကာဆယ်နှင့်ကစားတဲ့မန်ယူအတွက်တကျော့ပြန်ပထမဆုံးပွဲတွင်နှစ်ဂိုးသွင်းယူနိုင်မှုအပါအဝင်စက်တင်ဘာလအတွင်းတွင်၃ပွဲကစားခဲ့ရာတွင်၃ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

အသက်၃၆နှစ်ရှိကစားသမားဟာစက်တင်ဘာလအစတုန်းကနယူးကာဆယ်အား၄-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်၂ဂိုးသွင်းယူနိုင်ခဲ့ပြီးဝက်စ်ဟမ်းအား၂-၁ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်အဖွင့်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာကွန်စီလို၊အန်တိုနီယိုရူဒီဂါ၊အယ်လန်စိန့်မာဆီမန်၊အစ္စမယ်လာဆား၊မိုဟာမက်ဆာလက်တို့အားကျော်ဖြတ်ကာဆွတ်ခူးသွားခဲ့တာပါ။

ပရီးမီးယားလိဂ်ဟာအထက်ပါဆုကိုပရိသတ်များရဲ့မဲဆန္ဒပေးမှုအပေါ်မူတည်ပြီး ဘောလုံးကျွမ်းကျင်သူများရဲ့အဆုံးအဖြတ်ဖြင့်ရွေးချယ်တာဖြစ်ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုအားပဥ္စမအကြိမ်မြောက်အဖြစ်ဆွတ်ခူးခဲ့တာဖြစ်ပါတယ်။

ZawGyi

စက္တင္ဘာလအတြက္ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုကို ခရစၥတီယာႏိုေရာ္နယ္ဒိုဆြတ္ခူး

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူသို႔တေက်ာ့ျပန္ေရာက္လာၿပီးေနာက္အေကာင္းဆုံးေျခစြမ္းျပကစားႏိုင္မႈနဲ႔အတူပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုကိုဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာနယူးကာဆယ္ႏွင့္ကစားတဲ့မန္ယူအတြက္တေက်ာ့ျပန္ပထမဆုံးပြဲတြင္ႏွစ္ဂိုးသြင္းယူႏိုင္မႈအပါအဝင္စက္တင္ဘာလအတြင္းတြင္၃ပြဲကစားခဲ့ရာတြင္၃ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

အသက္၃၆ႏွစ္ရွိကစားသမားဟာစက္တင္ဘာလအစတုန္းကနယူးကာဆယ္အား၄-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္၂ဂိုးသြင္းယူႏိုင္ခဲ့ၿပီးဝက္စ္ဟမ္းအား၂-၁ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာကြန္စီလို၊အန္တိုနီယို႐ူဒီဂါ၊အယ္လန္စိန႔္မာဆီမန္၊အစၥမယ္လာဆား၊မိုဟာမက္ဆာလက္တို႔အားေက်ာ္ျဖတ္ကာဆြတ္ခူးသြားခဲ့တာပါ။

ပရီးမီးယားလိဂ္ဟာအထက္ပါဆုကိုပရိသတ္မ်ားရဲ႕မဲဆႏၵေပးမႈအေပၚမူတည္ၿပီး ေဘာလုံးကြၽမ္းက်င္သူမ်ားရဲ႕အဆုံးအျဖတ္ျဖင့္ေ႐ြးခ်ယ္တာျဖစ္ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုအားပၪၥမအႀကိမ္ေျမာက္အျဖစ္ဆြတ္ခူးခဲ့တာျဖစ္ပါတယ္။