စက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုကို အာတီတာဆွတ်ခူး

အာဆင်နယ်နည်းပြမီခေးလ်အာတီတာဟာရာသီအစတုန်းကရလဒ်ဆိုးရွားခဲ့သော်လည်းနောက်ပိုင်းတွင်ရလဒ်ကောင်းများဆက်တိုက်ရယူနိုင်မှုနဲ့အတူစက်တင်ဘာလအတွက်တစ်လတာအကောင်းဆုံးနည်းပြဆုကိုဆွတ်ခူးသွားနိုင်ခဲ့ပါတယ်။

အာတီတာဟာစက်တင်ဘာလအတွက် ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးနည်းပြဆုအားမန်စီးတီးနည်းပြဂွါဒီယိုလာ၊လီဗာပူးနည်းပြကလော့ပ်တို့အားကျော်ဖြတ်ကာဆွတ်ခူးသွားခဲ့တာလည်းဖြစ်ပါတယ်။

စပိန်လူမျိုးနည်းပြဦးဆောင်အာဆင်နယ်ဟာရာသီအစဩဂုတ်လတုန်းကဘရန့်ဖို့ဒ်၊ချဲလ်ဆီး၊မန်စီးတီးတို့အားဆက်တိုက်ရှုံးနိမ့်ခဲ့သော်လည်းစက်တင်ဘာလအတွင်းတွင်နော့ဝှစ်ချ်၊ဘန်လေ၊စပါးစ်တို့အားပရီးမီးယားလိဂ်မှာသုံးပွဲဆက်အနိုင်ရခဲ့တဲ့အပြင်ခါရာဘောင်ဖလားတတိယအဆင့်တွင်လည်းဝင်ဘာလေအက်ဖ်စီအားအနိုင်ရယူနိုင်ခဲ့ပါတယ်။

အာဆင်နယ်ဟာယခုအောက်တိုဘာလအတွင်းတွင်ဘရိုက်တန်(အဝေး)၊ခရစ္စတယ်ပဲလေ့စ်(အိမ်)၊ဗီလာ(အိမ်)၊လိဒ်(အိမ်/ခါရာဘောင်စတုတ္ထအဆင့်)၊လက်စတာ(အဝေး)တို့အားရင်ဆိုင်ကစားရပါမယ်။

စက်တင်ဘာလအတွက်ပရီးမီးယားလိဂ်တစ်လတာအကောင်းဆုံးကစားသမားဆုကို မန်ယူစူပါစတားခရစ္စတီယာနိုရော်နယ်ဒိုကဆွတ်ခူးသွားပါတယ်။

ZawGyi

စက္တင္ဘာလအတြက္ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးနည္းျပဆုကို အာတီတာဆြတ္ခူး

အာဆင္နယ္နည္းျပမီေခးလ္အာတီတာဟာရာသီအစတုန္းကရလဒ္ဆိုး႐ြားခဲ့ေသာ္လည္းေနာက္ပိုင္းတြင္ရလဒ္ေကာင္းမ်ားဆက္တိုက္ရယူႏိုင္မႈနဲ႔အတူစက္တင္ဘာလအတြက္တစ္လတာအေကာင္းဆုံးနည္းျပဆုကိုဆြတ္ခူးသြားႏိုင္ခဲ့ပါတယ္။

အာတီတာဟာစက္တင္ဘာလအတြက္ ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးနည္းျပဆုအားမန္စီးတီးနည္းျပဂြါဒီယိုလာ၊လီဗာပူးနည္းျပကေလာ့ပ္တို႔အားေက်ာ္ျဖတ္ကာဆြတ္ခူးသြားခဲ့တာလည္းျဖစ္ပါတယ္။

စပိန္လူမ်ိဳးနည္းျပဦးေဆာင္အာဆင္နယ္ဟာရာသီအစဩဂုတ္လတုန္းကဘရန႔္ဖို႔ဒ္၊ခ်ဲလ္ဆီး၊မန္စီးတီးတို႔အားဆက္တိုက္ရႈံးနိမ့္ခဲ့ေသာ္လည္းစက္တင္ဘာလအတြင္းတြင္ေနာ့ဝွစ္ခ်္၊ဘန္ေလ၊စပါးစ္တို႔အားပရီးမီးယားလိဂ္မွာသုံးပြဲဆက္အႏိုင္ရခဲ့တဲ့အျပင္ခါရာေဘာင္ဖလားတတိယအဆင့္တြင္လည္းဝင္ဘာေလအက္ဖ္စီအားအႏိုင္ရယူႏိုင္ခဲ့ပါတယ္။

အာဆင္နယ္ဟာယခုေအာက္တိုဘာလအတြင္းတြင္ဘ႐ိုက္တန္(အေဝး)၊ခရစၥတယ္ပဲေလ့စ္(အိမ္)၊ဗီလာ(အိမ္)၊လိဒ္(အိမ္/ခါရာေဘာင္စတုတၳအဆင့္)၊လက္စတာ(အေဝး)တို႔အားရင္ဆိုင္ကစားရပါမယ္။

စက္တင္ဘာလအတြက္ပရီးမီးယားလိဂ္တစ္လတာအေကာင္းဆုံးကစားသမားဆုကို မန္ယူစူပါစတားခရစၥတီယာႏိုေရာ္နယ္ဒိုကဆြတ္ခူးသြားပါတယ္။