စစ်မှန်တဲ့စံပြကစားသမားဖြစ်တာနဲ့အညီ ရော်နယ်ဒိုရောက်လာပြီးနောက် မန်ယူကစားသမားများရဲ့စားသောက်ပုံစံပြောင်းလဲလာ

မန်ချက်စတာယူနိုက်တက်သို့ ခရစ္စတီယာနိုရော်နယ်ဒိုရောက်လာမှုမှာကစားသမားများအပေါ်ကွင်းတွင်းတွင်သာရိုက်ခတ်စေရုံသာမကကွင်းပြင်ပမှာလည်းများစွာရိုက်ခတ်လျက်ရှိနေပါတယ်။

မန်ယူကစားသမားများဟာခရစ္စတီယာနိုရော်နယ်ဒိုရောက်လာပြီးနောက်ပိုင်းတွင်အသင်းတွင်စားသောက်ရာမှာအဟာရမဖြစ်တဲ့အလွယ်တကူအစားအသောက်များကိုစားသောက်ခြင်းရှောင်ကျဉ်လာကြကြောင်းသိရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ဂျူဗင်တပ်မှမန်ယူသို့တကျော့ပြန်ရောက်လာသူဖြစ်ပြီးပထမဆုံးကစားတဲ့နယူးကာဆယ်နှင့်ပွဲတွင်၂ဂိုးအထိသွင်းယူနိုင်ခဲ့ပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာထိပ်တန်းခြေစွမ်းအားကာလရှည်ကြာထိန်းထားနိုင်ရေးအတွက်အစားအသောက်အနေအထိုင်အလွန်ဂရုစိုက်သူတစ်ဦးအဖြစ်လည်းနာမည်ကြီးသူဖြစ်ပါတယ်။

မန်ယူဂိုးသမားလီဂရန့်က “ရော်နယ်ဒိုရောက်လာမှုကြောင့်အသင်းကကစားသမားတွေအပေါ်အများကြီးလွှမ်းမိုးတစ်ခုကိုပြောရမယ်ဆိုရင်သောကြာညတုန်းကအသင်းဟိုတယ်မှာပေါ့။ခင်ဗျားတို့လည်းသတိပြုမိမှာပါ။သောကြာညစာစားပြီးရင်အချိုလေးဘာလေးတည်းကြတာပေါ့။ပန်းသီးလေးတစ်ဖဲ့တော့ကောက်စားကြတာပဲ။ချောကလက်ကိတ်လေးဖြစ်ဖြစ်၊ခရိမ်လေးဖြစ်ဖြစ်တစ်ခုခုတော့စားကြတာပဲ။ဒါပေမယ့်အခုကျတော့မတူတော့ဘူး။ဘယ်ကစားသမားမှပန်းသီး၊ကြက်ဥနို့ပေါင်းကိုကောက်မစားကြတော့ဘူး။ဘယ်သူမှချောကလက်ကိတ်ဆီမသွားတော့ဘူး။ထိုင်နေတဲ့သူတွေအားလုံးခရစ္စတီယာနိုရော်နယ်ဒိုပန်းကန်ထဲမှာဘာရှိလဲကြည့်နေကြတာ။သူဘာလုပ်နေလဲကြည့်နေကြတာ။သူ့ပန်းကန်ကရှင်းလင်းနေတာပါ။အားလုံးကကျန်းမာရေးနဲ့ကိုက်ညီတဲ့အစားအစာတွေပဲ။ကျွန်တော်တောင် ဘာလို့ဘယ်ကစားသမားမှအဆီအဆိမ့်တွေမစားကြတော့ပါလားလို့တွေးမိသေးတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

စစ္မွန္တဲ့စံျပကစားသမားျဖစ္တာနဲ႔အညီ ေရာ္နယ္ဒိုေရာက္လာၿပီးေနာက္ မန္ယူကစားသမားမ်ားရဲ႕စားေသာက္ပုံစံေျပာင္းလဲလာ

မန္ခ်က္စတာယူႏိုက္တက္သို႔ ခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာမႈမွာကစားသမားမ်ားအေပၚကြင္းတြင္းတြင္သာ႐ိုက္ခတ္ေစ႐ုံသာမကကြင္းျပင္ပမွာလည္းမ်ားစြာ႐ိုက္ခတ္လ်က္ရွိေနပါတယ္။

မန္ယူကစားသမားမ်ားဟာခရစၥတီယာႏိုေရာ္နယ္ဒိုေရာက္လာၿပီးေနာက္ပိုင္းတြင္အသင္းတြင္စားေသာက္ရာမွာအဟာရမျဖစ္တဲ့အလြယ္တကူအစားအေသာက္မ်ားကိုစားေသာက္ျခင္းေရွာင္က်ဥ္လာၾကေၾကာင္းသိရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဂ်ဴဗင္တပ္မွမန္ယူသို႔တေက်ာ့ျပန္ေရာက္လာသူျဖစ္ၿပီးပထမဆုံးကစားတဲ့နယူးကာဆယ္ႏွင့္ပြဲတြင္၂ဂိုးအထိသြင္းယူႏိုင္ခဲ့ပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာထိပ္တန္းေျခစြမ္းအားကာလရွည္ၾကာထိန္းထားႏိုင္ေရးအတြက္အစားအေသာက္အေနအထိုင္အလြန္ဂ႐ုစိုက္သူတစ္ဦးအျဖစ္လည္းနာမည္ႀကီးသူျဖစ္ပါတယ္။

မန္ယူဂိုးသမားလီဂရန႔္က “ေရာ္နယ္ဒိုေရာက္လာမႈေၾကာင့္အသင္းကကစားသမားေတြအေပၚအမ်ားႀကီးလႊမ္းမိုးတစ္ခုကိုေျပာရမယ္ဆိုရင္ေသာၾကာညတုန္းကအသင္းဟိုတယ္မွာေပါ့။ခင္ဗ်ားတို႔လည္းသတိျပဳမိမွာပါ။ေသာၾကာညစာစားၿပီးရင္အခ်ိဳေလးဘာေလးတည္းၾကတာေပါ့။ပန္းသီးေလးတစ္ဖဲ့ေတာ့ေကာက္စားၾကတာပဲ။ေခ်ာကလက္ကိတ္ေလးျဖစ္ျဖစ္၊ခရိမ္ေလးျဖစ္ျဖစ္တစ္ခုခုေတာ့စားၾကတာပဲ။ဒါေပမယ့္အခုက်ေတာ့မတူေတာ့ဘူး။ဘယ္ကစားသမားမွပန္းသီး၊ၾကက္ဥႏို႔ေပါင္းကိုေကာက္မစားၾကေတာ့ဘူး။ဘယ္သူမွေခ်ာကလက္ကိတ္ဆီမသြားေတာ့ဘူး။ထိုင္ေနတဲ့သူေတြအားလုံးခရစၥတီယာႏိုေရာ္နယ္ဒိုပန္းကန္ထဲမွာဘာရွိလဲၾကည့္ေနၾကတာ။သူဘာလုပ္ေနလဲၾကည့္ေနၾကတာ။သူ႔ပန္းကန္ကရွင္းလင္းေနတာပါ။အားလုံးကက်န္းမာေရးနဲ႔ကိုက္ညီတဲ့အစားအစာေတြပဲ။ကြၽန္ေတာ္ေတာင္ ဘာလို႔ဘယ္ကစားသမားမွအဆီအဆိမ့္ေတြမစားၾကေတာ့ပါလားလို႔ေတြးမိေသးတယ္”လို႔ေျပာၾကားသြားပါတယ္။