စည်းကမ်းချိုးဖောက်မှုကြောင့် ရော့ဘ်ဆင်ကနူး၊မာတွန်ဒိုနှင့်တေလာရောဘတ်တို့ကို ဝေးလ်အိမ်ပြန်ပို့

ဝေးလ်အသင်းဟာစည်းကမ်းချိုးဖောက်မှုအတွက်ဟေးလ်ရော့ဘ်ဆင်ကနူး၊ရော့ဘ်ဘီမာတွန်ဒို၊တေလာရောဘတ်တို့အားအိမ်ပြန်ပို့လိုက်ကြောင်းသိရပါတယ်။ဝေးလ်ဘောလုံးအဖွဲ့ချုပ်ဟာအဆိုပါကစားသမားသုံးဦးတို့ဘယ်လိုစည်းမျဉ်းစည်းကမ်းကိုချိုးဖောက်သလဲဆိုတာကိုတော့ထုတ်ပြန်ကြေညာသွားခဲ့ခြင်းမရှိပါဘူး။

အဆိုပါကစားသမားသုံးဦးတို့ဟာယနေ့ညတွင်ကာဒစ်ဖ်တွင်ချက်အားဧည့်ခံကစားရမယ့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များကိုလွဲချော်ပါမယ်။

လိဒ်တိုက်စစ်မှူးရောဘတ်ကဟိုတယ်သို့သတ်မှတ်အချိန်တွင်ရောက်ခြင်းမရှိမှုအတွက်တောင်းပန်ကြောင်း၊သူ့အပေါ်အရေးယူမှုအပေါ်လက်ခံကြောင်းပြောကြားသွားပါတယ်။

အဆိုပါကစားသမားသုံးဦးလုံးဟာဝေးလ်ရဲ့ပွဲထွက်ကစားသမားများမဟုတ်ဘဲချက်နှင့်ပွဲတွင်အရန်ခုံတွင်ထိုင်ရမယ်လို့ယူဆခြင်းခံထားရသူများလည်းဖြစ်ပါတယ်။

ZawGyi

စည္းကမ္းခ်ိဳးေဖာက္မႈေၾကာင့္ ေရာ့ဘ္ဆင္ကႏူး၊မာတြန္ဒိုႏွင့္ေတလာေရာဘတ္တို႔ကို ေဝးလ္အိမ္ျပန္ပို႔

ေဝးလ္အသင္းဟာစည္းကမ္းခ်ိဳးေဖာက္မႈအတြက္ေဟးလ္ေရာ့ဘ္ဆင္ကႏူး၊ေရာ့ဘ္ဘီမာတြန္ဒို၊ေတလာေရာဘတ္တို႔အားအိမ္ျပန္ပို႔လိုက္ေၾကာင္းသိရပါတယ္။ေဝးလ္ေဘာလုံးအဖြဲ႕ခ်ဳပ္ဟာအဆိုပါကစားသမားသုံးဦးတို႔ဘယ္လိုစည္းမ်ဥ္းစည္းကမ္းကိုခ်ိဳးေဖာက္သလဲဆိုတာကိုေတာ့ထုတ္ျပန္ေၾကညာသြားခဲ့ျခင္းမရွိပါဘူး။

အဆိုပါကစားသမားသုံးဦးတို႔ဟာယေန႔ညတြင္ကာဒစ္ဖ္တြင္ခ်က္အားဧည့္ခံကစားရမယ့္ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားကိုလြဲေခ်ာ္ပါမယ္။

လိဒ္တိုက္စစ္မႉးေရာဘတ္ကဟိုတယ္သို႔သတ္မွတ္အခ်ိန္တြင္ေရာက္ျခင္းမရွိမႈအတြက္ေတာင္းပန္ေၾကာင္း၊သူ႔အေပၚအေရးယူမႈအေပၚလက္ခံေၾကာင္းေျပာၾကားသြားပါတယ္။

အဆိုပါကစားသမားသုံးဦးလုံးဟာေဝးလ္ရဲ႕ပြဲထြက္ကစားသမားမ်ားမဟုတ္ဘဲခ်က္ႏွင့္ပြဲတြင္အရန္ခုံတြင္ထိုင္ရမယ္လို႔ယူဆျခင္းခံထားရသူမ်ားလည္းျဖစ္ပါတယ္။